Innwa-Ads-Banner-1-1170X200

ကိုဘီမိုင်နူးက ဘယ်လိုကစားသမားမျိုးလဲ၊ သူ့နေရာက ဘယ်နေရာလဲ

နောက်ပိုင်းမှာ ဒီကိစ္စကိုပြောကြဆိုကြတာတွေ တော်တော်လေးများလာပါတယ်။ ကိုဘီမိုင်နူး ပွဲထွက်ခွင့်တွေ သိပ်မရတဲ့အခါ ပိုပြောကြဆိုကြတာပေါ့။ ဆိုတော့ ဒီအပိုင်းလေးမှာ သူ့ပုံစံနဲ့ စတိုင်ကိုတိုထိပြ ချင်ပါတယ်။ ပြောရမှာတွေများတော့ အသေးစိတ်တော့ဖြစ်ချင်မှဖြစ်ပါမယ်။ မိုင်နူးက ဘောလုံးကိုသေချာ နိုင်နိုင်နင်းနင်းကိုင်တွယ်နိုင်ပြီး ဘောလုံးနဲ့အတူဖိအားတွေကြားမှာ ကစားနိုင်တဲ့ ကစားသမားပါ။ အကယ်ဒမီမှာတုန်းက နံပါတ် 6 နေရာကစားခဲ့ဖူးပေမဲ့ နောက်ပိုင်းမှာတော့ သူကအဲဒီနေရာနဲ့ မလိုက်ဖက်ဘူးဆိုတာ တဖြည်းဖြည်း ပြောင်းလဲပေါ်လွင်လာပါတယ်။ အကြောင်းက ၂ ချက်ရှိပါတယ်။


၁ က တော့ သူ့ရဲ့ ခံစစ်သတိဉာဏ်ပါ။ အသိဉာဏ်ကို ဆိုလိုတာမဟုတ်ပါဘူး။ သတိဉာဏ်ပါ။ Awareness ကို ဆိုလိုတာဖြစ်ပါတယ်။ သူကခံစစ်ပိုင်းမှာ ဘယ်အချိန် ဘယ်လိုနေရာယူသင့်တယ်။ ဘယ်သူ့ကို ဘယ်လိုကပ်ထားသင့်တယ်၊ ဖိအားပေးထားသင့်တယ်ဆိုတာကို ကျွမ်းကျင်သူမဟုတ်ပါဘူး။ အသက် ၂၀ ဝန်းကျင်ပဲရှိသေးလိုတိုးတက်နိုင်ပါသေးတယ်။ ဒါပေမဲ့ တကယ့်ကျွမ်းကျင်သူတစ်ယောက်ဖြစ်လာဖိုတော့မလွယ်ပါဘူး။ ဘောလုံးကို ဖျက်ထုတ်ပုံတွေမှာလည်း ပြိုင်ဘက်ကစားသမားကို ဘယ်လိုနှေးအောင်လုပ်မယ်၊ သူ့ မူလလမ်းကြောင်းကို ဘယ်လိုပြောင်းအောင်လုပ်မယ်ဆိုတာမျိုးတွေ သိပ်မကျွမ်ကျင်ပါဘူး။ အမြင့်ဘောလည်းအားနည်းပါတယ်။

တကယ်တော့ နံပါတ် ၆ နေရာမှာ ကစားမယ်ဆိုရင် ဒါမျိုးတွေက လိုအပ်ပါတယ်။ ၂ ကတော့ သူ့ရဲ့ အဝေးဘောပေးပိုမှုပိုင်းပါ။ သူကပေးပိုမှုပုံစံ Style တော်တော်များများကိုလုပ်နိုင်ပါ တယ်။ Lofted pass လိုခေါ်တဲ့ ချပေးတဲ့ ဘောလုံးတွေ၊ Ping pass သိုမဟုတ် Laced pass လို ခေါ်တဲ့ အားပါတိကျပြီး မြန်မြန်ရောက်သွားမယ့် ပေးပိုမှုတွေ၊ Driven pass လိုခေါ်တဲ့ ပြိုင်ဘက်ကြားကနေ ပေးရတဲ့ အားပါတဲ့ မြေလှိမ့်ဘောတွေ၊ ဖြတ်တင်ဘောပုံစံ Whip pass တွေ၊ Run-in-behind ပြေးတဲ့ ဆီကိုလှမ်းချပေးတဲ့ Swerve pass တွေကို သေသေသပ်သပ်လုပ်နိုင်တဲ့ ကစားသမားပါ။ ဒါပေမဲ့ သူ့ရဲ့ နံပါတ် ၆ နေရာအတွက် အားနည်းနေတဲ့အချက်က Style မဟုတ်ဘဲ Range ဖြစ်ပါတယ်။

သူ ပေးနိုင်တဲ့ အကွာအဝေးက နံပါတ် ၆ တစ်ယောက်အတွက် မလုံလောက်ပါဘူး။ နံပါတ် ၈ တစ်ယောက်လို ရွှေ့လျား ရင်းနဲ့ လုပ်မှပိုထိရောက်တာပါ။ သူက ခေါင်းတိုက်နိုင်စွမ်းရှိတဲ့ကစားသမားပါ။ ခေါင်းဘယ်လိုတိုက်ရမလဲဆိုတာကို သိပါတယ်။ ဒါပေမဲ့ အမြင့်ဘောစိုးမိုးမှုတော့မရှိပါဘူး။ ခုန်နေတဲ့ဘောလုံးတွေကို ဘယ်လိုထိန်းပြီး မြေပေါ်ချလှည့်ထွက်ရမယ်ဆိုတာ ပါးနပ်ပေမဲ့တိုက်ရိုက်လာတဲ့အမြင့်ဘောကို သူသေချာပေါက် အပိုင်ရဖိုဆိုတာ မသေချာတဲ့ သဘောပါ။ သူတော့ သူ့လိုကစားသမားဆီကနေ အရည်အသွေးအပြည့်လိုချင်ရင် သူ့နောက်မှာ ဒါမှမဟုတ် သူ့ဘေးမှာ လုပ်အားနှုန်းကောင်းပြီး ဖျက်အားကောင်းသလို ဘောလုံးလည်း ဖြန့်နိုင်တဲ့ နံပါတ် ၆ တစ်ယောက်လိုပါတယ်။ သူက နံပါတ် ၁၀ ကျတော့ စစ်စစ်မဟုတ်ပါဘူး။ သူ့ မြန်နှုန်းနဲ့ ပေါက်ကွဲအားက သူ့ကို နံပါတ် ၁၀ မဖြစ်နိုင်အောင်ကန့်သတ်ထားတာပါ။


မိုင်နူးဟာ တကယ်ကောင်းတဲ့ နံပါတ် ၈ တစ်ယောက်ဖြစ်လာနိုင်ပြီး မှန်ကန်တဲ့နေရာမှာ ပွဲများများ ကစားရဖို လိုပါတယ်။ တစ်ချိုက သူ နောက်တန်းဆီကနေ ဘောလုံး ဆင်းဆင်းလက်ခံတတ်တာကြောင့် သူ့ကို နံပါတ် ၆ ကစားနိုင်တယ်ထင်ကြပေမဲ့ တကယ်တော့ နံပါတ် ၈ တွေကလည်း နံပါတ် ၆ ကစားသမားတွေ ကစားပေါက်ကြပ်နေရင် အဲဒီလိုဆင်းဖွင့်ပေးတာ သဘာဝပါ။ ဆိုလိုချင်တာက သူ Cover လုပ်နိုင်တဲ့ ဧရိယာကကျယ်ပါတယ်။ ဒါပေမဲ့ သူ့ကို 6 အဖြစ်နဲ့ တည်ကစားလိုတော့မရပါဘူး။ သူက နံပါတ် ၈ စစ်စစ်တစ်ယောက်ဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားရတဲ့အချိန်တွေမှာ ပိုကောင်း၊ ပိုအရည်အသွေးပြနိုင်ပါတယ်။ သူ့အကောင်းဆုံး ဖြစ်လာနိုင်တဲ့အသင်းမျိုးက ဒေါင်ဒေါင်မြည် နံပါတ ၆ တစ်ယောက်နဲ့ သူ့ဘေးမှာတွဲ ပေးမယ့် Full-back တို အတူတူရှိနေမယ့်အသင်းမျိုးဖြစ်ပါတယ်။