Innwa-Ads-Banner-1-1170X200

ခရစ်စတီယာနို ရော်နော်လ်ဒို -အသက်ရွယ်အချိန်ကာလကို ဂရုမစိုက်သူ

မနေ့ညက အာမေးနီးယားနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပေါ်တူဂီဟာ အားလုံးမျှော်လင့်ထားတဲ့အတိုင်း ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးကစောင့်ကြည့်နေရတဲ့ အကြောင်းရင်းကတေတစ်ခုတည်းပါပဲ။ အသက် ၄၀ ရှိပြီဖြစ်တဲ့ ခရစ်စတီယာနို ရော်နော်လ်ဒိုပါ။

သူဟာ ကစားခဲ့တယ်ဆိုတာထက်ပိုခဲ့ပါတယ်။ ဘောလုံးသမိုင်းရဲ့ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်အဖြစ် သူဆက်ရှိနေသေးတယ်ဆိုတာကို သက်သေပြခဲ့တာပါ။ ဂိုးနှစ်ဂိုး။ ထူးချွန်ပြောင်မြောက်တဲ့ လက်ရာနှစ်ခု။ သူရဲ့ နှစ်ပေါင်းများစွာတောက်ပခဲ့တဲ့အချိန်တုန်းကလိုစွမ်းဆောင်မှုတစ်ရပ်ကို ပြန်လည်မြင်တွေ့ခဲ့ရတယ်။ အချိန်ဆိုတဲ့ နာရီလက်တံရဲ့ တစ်ချက်ချက်သံဟာ ကြီးမြတ်မှုကို မနှောင့်ယှက်နိုင်ဘူးဆိုတာရဲ့ အထောက်အထားပဲဖြစ်ပါတယ်။ပေါ်တူဂီအတွက်တော့ ဒီပွဲဟာ အုပ်စု Gအတွက် ခိုင်မာတဲ့ စတင်မှုတစ်ရပ်ဖြစ်ခဲ့တယ်။ ရော်နော်လ်ဒိုအတွက်ကတော့ သံသယတွေ၊ မေးခွန်းထုတ်စရာတွေကို ဖြေကြားလိုက်တာပါပဲ။ သူဆက်ပြီး လုပ်နိုင်သေးလားဆိုတဲ့ အမြဲတမ်းမေးနေကြတဲ့ မေးခွန်းကိုဖြေလိုက်တာပါ။ ဘောလုံးထိချက်တိုင်း၊ ပြေးလွှားကစားသမျှဟာ ဖြေကြားချက်တစ်ခုလို ဖြစ်နေခဲ့တယ်။ မနက်အာရုံအရောက်မှာတော့ ဘယ်လိုသံသယမှမကျန်ရစ်ခဲ့တော့ပါဘူး။

သူ့ရဲ့ ပထမဂိုးဟာ သူ့သက်တမ်းတစ်လျှောက်လုံး ပြသနေကျလိုအပ်တဲ့နေရာကို မှန်မှန်ကန်ကန်ရောက်နေတဲ့ နေရာယူမှန်ကန်ရေးစွမ်းရည်နဲ့ရခဲ့တာပါ။ စံချိန်ပြည့်မီတိကျတဲ့ဂိုးသွင်းမှုတစ်ခုပါ။ ဒါပေမယ့် ဒီညကိုတကယ်လင်းစေခဲ့တာက ဒုတိယဂိုးပါပဲ။ ကြမ်းကြမ်းတမ်းတမ်း၊ ပြတ်သားစွာနဲ့ ဝေးဝေးကကစ်လိုက်တဲ့ဘောလုံးတစ်လုံးပါ။ အသက် ၄၀ အရွယ်မှာ အသက် ၃၀ အရွယ်လိုသွင်းပြလိုက်တာပါ။ ဒါဟာ ရိုးရိုးဂိုးတစ်ဂိုးထက် ပိုပါတယ်။ ကြေညာချက်တစ်ရပ်ပါပဲ။ဒီပွဲဟာ ယှဉ်ပြိုင်ပွဲတစ်ပွဲထက်ပိုပါတယ်။ ပေါ်တူဂီရဲ့ ကမ္ဘာ့ဖလားအုပ်စုပထမဆုံးပွဲဖြစ်ပြီး ဒီအိုဂိုဂျိုးတာ (Diogo Jota) ဆုံးပါးသွားတဲ့အဖြစ်ကြောင့် ဝမ်းနည်းစရာဖြစ်နေတဲ့အချိန်ပါ။ ပွဲမစခင်ဂုဏ်ပြုမှုတွေဟာ စိတ်လှုပ်ရှားစရာကောင်းပြီး လေထဲမှာလေးလံနေတာကို သိသိသာသာခံစားရပါတယ်။ ဒါပေမယ့် ဘောလုံးမှာစိတ်သက်သာရာရစေတဲ့ နည်းလမ်းရှိပါတယ်။ ရော်နော်လ်ဒိုရဲ့ စွမ်းဆောင်မှုဟာ သူ့နည်းနဲ့သူ၊ ဂုဏ်ပြုမှုတစ်ရပ်လိုခံစားရပါတယ်။ သူဟာ ပွဲကိုထူးချွန်စွာကိုင်တွယ်ခဲ့ပြီး စံနမူနာပြခေါင်းဆောင်မှုပေးကာ “ဒါကတော့ ငါတို့ရဲ့သူငယ်ချင်းကိုဂုဏ်ပြုနည်းပဲ” လိုဆိုနေသလိုပါပဲ။ ဂျိုအာ ဖီးလစ်(João Félix) က နှစ်ဂိုးအပါအဝင် ဂျိုအာ ကင်ဆီလို(João Cancelo) တစ်ဂိုးထပ်ပေါင်းထည့်ပြီး ပေါ်တူဂီဟာ အာမေးနီးယားမှာ ဂိုးပြတ်အနိုင်ရခဲ့တာပါ။ ဒါပေမယ့် ဂိုးတွေကိုရေတွက်လိုက်တဲ့အခါမှာတော့ နာမည်တစ်ခုက အားလုံးထက်ကြီးမားနေခဲ့ပါတယ် – ခရစ်စတီယာနို ရော်နော်လ်ဒိုပါပဲ။ဒါ့အပြင်ကိန်းဂဏန်းတွေက ရိုနယ်ဒိုမအိုသေးကြောင်းကို ပြောပြနိုင်တယ်။ ဒါဟာ သူ့ရဲ့ နိုင်ငံအသင်းတွက် ၁၄၀ မြောက်ဂိုး ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၃၈ ဂိုး ထိသွင်းထားနိုင်ပြီး ဂိုးအများဆုံးသွင်းထားတဲ့ ကင်းလော့စ် ရုအစ်(Carlos Ruiz) နောက်က တစ်ဂိုးတည်းသာ လိုနေတော့တာပါ။ ဒါပေမယ့် တိုင်းတာလိုမရနိုင်တာကတော့ သူရဲ့ စွမ်းအား၊ ရှိနေမှု၊ မြေပြင်ပေါ် ခြေချတိုင်း ယူဆောင်လာတဲ့ကြီးမားတဲ့ ဆွဲဆောင်မှုပါပဲ။

ပေါ်တူဂီမန်နေဂျာ ရော်ဘာတို မာတီနက်ဇ်(Roberto Martínez) က ရှင်းရှင်းလင်းလင်းပြောထားပါတယ်- ရော်နော်လ်ဒိုဟာ မရှိမဖြစ်ဆက်လက်လိုအပ်နေဆဲပါ။ မနေ့ညကလည်း ဘာကြောင့်လဲဆိုတာပြသလိုက်တာပါ။ သူဟာ ဂိုးသွင်းဖိုရှိနေထက် ပိုပါတယ်- သူဟာ ဘောလုံးအဆင့်အတန်းကိုမြှင့်တင်ပေးတယ်၊ လူငယ်တွေအတွက် အားကျစရာပုဂ္ဂိုလ်တစ်ဦးဖြစ်စေတယ်။ သူနဲ့အတူကစားရတဲ့ ဂျိုအာ ဖီးလစ်(João Félix) ဟာ ပြန်လည်မွေးဖွားလာသူလိုဖြစ်နေခဲ့တယ်။ ရော်နော်လ်ဒိုရဲ့ ရှိနေမှုက အသင်းတစ်ခုလုံးကို ဘယ်လိုမြှင့်တင်ပေးခဲ့တယ်ဆိုတာမြင်တွေ့နိုင်ပါတယ်။ခေတ်သစ်နည်းစနစ်တွေက ပြင်းထန်မှု၊ ဖိအားပေးမှု၊ ဆက်တိုက်လှုပ်ရှားမှုတွေကို တောင်းဆိုပါတယ်။ ဒါပေမယ့်ဘယ်လိုနည်းနဲ့မဆို၊ ရော်နော်လ်ဒိုဟာ ဆက်လိုက်နေနိုင်တယ်။ သူဟာ မိနစ် ၉၀ လုံးလုံး အပြေးအလွှားကစားဖိုမလိုအပ်တော့ပါဘူး။ အဲဒီအစား စွမ်းအင်ကို ထိန်းသိမ်းပြီး သူ့အချိန်ကိုရွေးချယ်၊ အဲဒီအချိန်တွေရောက်လာတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းနဲ့ အတိအကျပွဲသိမ်းရုံပါပဲ။ ဒါဟာ ရေရှည်ခံနိုင်ရည်ရှိမှုရဲ့ ပုံစံပါပဲ။ ဆယ်စုနှစ်နှစ်ခုကျော်ကြာ ရိုနယ်ဒိုကြီးမြတ်မှုကိုထိန်းသိမ်းထားနိုင်တဲ့ပုံစံပါပဲ။

အသက် ၄၀ မှာ စကားစမြည်ပြောဆိုမှုတွေဟာ နှုတ်ဆက်ပွဲတွေ၊ ဂုဏ်ပြုပွဲတွေ၊ တဖြည်းဖြည်းမှေးမှိန်သွားတဲ့ ပါဝင်မှုလေးတွေအကြောင်းဖြစ်သင့်ပါတယ်။ အဲဒီအစား ကျွန်ုပ်တိုပြောနေကြတာက ဂိုးသွင်းစွမ်းဆောင်ရည်တွေ၊ ကမ္ဘာ့ဖလားသွင်းဂိုးတွေ၊ ဘယ်တော့မှ မကျိုးပဲ့နိုင်တဲ့စံချိန်တွေအကြောင်းပါ။ ရော်နော်လ်ဒိုအတွက်တော့ဘောလုံးဟာ သူအရင်က လုပ်ခဲ့ဖူးတဲ့အရာမဟုတ်သေးပါဘူး။ သူဆက်လုပ်နေဆဲအရာ၊ အမြင့်ဆုံးအဆင့်မှာရှိနေဆဲပဲဖြစ်ပါတယ်။
ပြီးတော့ သေချာတာတစ်ခုက-ရိုနယ်ဒိုဟာ မပြီးဆုံးသေးပါဘူး။ မနေ့ညက သက်သေပါပဲ။ အချိန်ဟာ ခန္ဓာကိုယ်ကို အိုမင်းစေနိုင်ပေမယ့် လက်တွေ့ပြိုင်ဆိုင်မှုရဲ့ မီးတောက်ကိုငြိမ်းသွားအောင် မလုပ်နိုင်ဘူးဆိုတဲ့သက်သေပါပဲ။ ခရစ်စတီယာနို ရော်နော်လ်ဒိုအတွက်တော့ ဘောလုံးဟာ အသက်အရွယ်အကြောင်းမဟုတ်ပါဘူး။ ဒါဟာ စိတ်ဆန္ဒ၊ ဆာလောင်မှု၊ အကောင်းဆုံးဖြစ်ဖိုစွဲလမ်းမှုအကြောင်းပါပဲ။