Innwa-Ads-Banner-1-1170X200

ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်နေတဲ့ FSG (သို့) လီဗာပူးဖန်တွေ မေ့မထားသင့်တဲ့အရာ

လီဗာပူးအသင်းရဲ့ အစောပိုင်း ပွဲစဉ် တရားဝင်ပွဲ ၃ ပွဲအတွင်း တိုက်စစ်ပိုင်းမှာ ဂိုးတွေသွင်းထားပေမယ့် ခံစစ်မှာတော့ အားနည်းချက်တွေ ထပ်ခါထပ်ခါ တွေ့မြင်ခဲ့ရပါတယ်။ ၃ ပွဲအတွင်း ပေးလိုက်တဲ့ ဂိုးအရေအတွက်က ၆ ဂိုး ရှိနေပြီး၊ ဒီတိုင်းဆက်သွားမယ်ဆိုရင် ချန်ပီယံမဖြစ်နိုင်ပါဘူး။ ဒါဟာ ချန်ပီယံအသင်းတွေမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာလဲ မဟုတ်ပါဘူး။ ပရိသတ်တွေ အားလုံးက တိုက်စစ်ကနေ ဂိုးတွေရနေတာကို ပျော်နေကြပေမယ့် အမှန်တကယ် ရှိနေတဲ့ ပြဿနာက နောက်တန်းမှာ တည်ငြိမ်မှုမရှိခြင်း ဖြစ်ပါတယ်။ ကန်ရမယ့်ပြိုင်ပွဲက ပရီးမီးယားလိဂ်တစ်ခုထဲမဟုတ်ပါဘူး။

စျေးကွက်ပိတ်ခါနီး ခံစစ်ကစားသမား သေချာမဖြည့်တင်းနိုင်ရင် လီဗာပူး ဒုက္ခနဲ့လှလှကြုံရမှာပါ။
လက်ရှိရှိနေတဲ့ ကစားသမားတွေ ပွဲပန်းလာတာနဲ့အမျှ ဒဏ်ရာတွေရလာမယ်၊ စွမ်းဆောင်ရည်ကျဆင်းလာမယ်၊ ဒိအချက်တွေကို လီဗာပူးအသင်း သိသိသာသာ လျစ်လျူရှုနေတာပါ။ FSG က Transfer Market ထဲမှာ တကယ်လိုအပ်နေတဲ့ အခြေခံပြဿနာကို ဖြေရှင်းဖို့ အရည်အသွေးမြင့် နောက်ခံလူ မဝယ်ပေးဘဲ၊ တစ်ဖက်က ကစားသမားတွေကို ရောင်းပြီးမှ အစားထိုး ပြန်ဝယ်တဲ့ နည်းလမ်း ကိုပဲ အမြဲအသုံးချနေပါတယ်။ ပြောချင်တာက ရင်းနှီးမြုပ်နှံမှုလုံးဝမလုပ်ပဲ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်နေတာပါ။ မနှစ်က ကစားသမားလစာကလွဲ တစ်ပြားသားမကုန်ပဲ ချန်ပီယံဖြစ်ခဲ့တာပါ။ ဆုကြေးငွေ၊ ရုပ်သံထုတ်လွှင့်ခတွေအကုန် FSG အိပ်ကပ်ထဲမှာပါ။ ခုစျေးကွက် Club Record Signing ဖြစ်တဲ့ Wirtz အပြင် Isakကိုပါ ခေါ်ပေးခဲ့မယ်ဆိုရင်တောင် ကျေးဇူးတင်စရာလိုမယ်မထင်ပါဘူး။ လီဗာပူးပရိသတ်အများစု မျက်လုံးမှိတ်ပြီး FSG ရိုက်သွင်းနေတဲ့ PsyWar မှာ ကောင်းကောင်းကြီးပျော်မွေ့နေကြပါတယ်။ အထူးသဖြင့် ကစားသမား အဝင်ထွက်ကြမ်းတဲ့ ဒီရာသီမှာပေါ့။ ပရိသတ်တွေရဲ့ အာရုံစိုက်မှုအားလုံးက Isak အပြောင်းရွှေ့ ရုပ်ရှင်ပေါ်မှာ သွားမိနေကြပါတယ်။ Newcastle က တိုက်စစ်မှူး Isak လီဗာပူးလာမှာလား မလာဘူးလား ဒါပဲစိတ်ဝင်စားနေကြတာပါ။ တကယ့်လိုအပ်နေတဲ့ တိုက်စစ်အားနည်းချက်ကို ပရိသတ်တွေ လုံးဝမထောက်ပြနေတာကတော့ အံဩစရာပါ။ Crystal Palace က ဂူဟီလို ကစားသမားကို ပေါင် ၅သန်း၊ ၁၀သန်းလောက်နဲ့စျေးကိုင်နေတာ မဖြစ်သင့်ပါဘူး။ အမှန်ဆို ဒီအပြောင်းရွှေ့ဟာ အရန်ခံစစ်မှူး Quansheg ထွက်သွားထဲက ဖြစ်သင့်တာပါ။။

ချန်ပီယံဂုဏ်ပုဒ်ကို လီဗာပူးကာကွယ်ချင်တယ်ဆိုရင် တိုက်စစ်ကောင်းတယ်ဆိုတဲ့ အချက်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ တိုက်စစ်ကလဲ Isakသာရောက်မလာရင် ကောင်းတယ်လို့မဆိုနိုင်ပါဘူး။ တိုက်စစ်ကစားသမားအထွက် ၃ယောက်ထိရှိထားပါတယ်။ Eikitkie ၊ Gakpo နှစ်ယောက်ထဲနဲ့ No.9 role ဖြည့်နိုင်တယ်လို့တွေးရင် မဟာအမှားပါပဲ။ ပွဲကြီးတစ်ပွဲမှာ ဂိုးတစ်ဂိုးကြောင့် ဆုံးရှုံးလိုက်ရတဲ့ သာဓကတွေအများကြီးပါ။ အခုလို ၃ ပွဲအတွင်း ၆ ဂိုးပေးထားပြီးသား အခြေအနေက လီဗာပူးအတွက်စိုးရိမ်စရာပါ။ FSG က ပရိသတ်တွေရဲ့ အာရုံကို Isakအပေါ်ဖမ်းထားပြီး တကယ့်လိုအပ်ချက်ကို မဖြေရှင်းဘဲ trick လုပ်နေတယ်ဆိုတာကို မမေ့သင့်ပါဘူး။
လီဗာပူးအသင်းရဲ့ အရင်အောင်မြင်မှုတွေကို ပြန်ကြည့်လိုက်ရင်လည်း နောက်တန်းတည်ငြိမ်မှုရှိတဲ့အချိန်ကာလတွေဖြစ်ပါတယ်။ Van Dijk ရောက်တဲ့အချိန်၊ Alisson ရောက်လာတဲ့အချိန်တွေမှာ အသင်းတစ်ခုလုံး ဆွဲတင်နိုင်ခဲ့တာပါ။ ခုဆို Konate ဟာ ရီးရဲလ်နဲ့ ဘာလိုလိုညာလိုလို၊။ Van Dijk လဲ အသက်ရွယ်တစ်ခုရနေပြီဖြစ်ပြီး အသင်းခေါင်းဆောင်နေရာကို Major Signing လုပ်ပြီး သေချာပေါက်ဖြည့်တင်းရမှာပါ။ Isak ကိုဝယ်ပေးလို့ နောက်တန်းမခေါ်ဘူးဆိုရင် အဓိပ္ပာယ်မရှိပါဘူး။ ရထားတဲ့ ဝင်ငွေနဲ့ Isakရော၊ ခံစစ်ကစားသမားရော ခေါ်ပေးရမှာပါ။

နိဂုံးချုပ်ရရင် လီဗာပူးပရိသတ်အနေနဲ့ လုံးဝမေ့မထားသင့်တာက FSGအနေနဲ့ ငါးကြင်ဆီနဲ့ ငါကြင်းပြန်ကြော်နေတယ်ဆိုတဲ့အကြောင်းပါ။ ဒီနှစ်ချန်ပီယံဖြစ်ချင်တယ်ဆိုရင် စျေးကွက်ပိတ်ခါနီးနောက်တန်းတည်ငြိမ်မှု ကို ပထမဆုံးဖြေရှင်းဖို့ လိုပါတယ်။ မဟုတ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို အရာအာလုံးရေစုန်မျောမှာဖြစ်ကြောင်းပြောကြားးရင်းး…