Innwa-Ads-Banner-1-1170X200

ဆော်ဒီလိဂ် – ဘောလုံးနှင့် အနာဂတ်တို့ ဆုံဆည်းရာမြေ

ဘောလုံးရဲ့ရှည်လျားတဲ့ သမိုင်းကြောင်းမှာ စွမ်းဆောင်ရည်တွေဟာ တိုက်ကြီးတွေအကြား မကြာခဏ ရွေ့လျားလေ့ရှိပါတယ်။ ဆယ်စုနှစ်တွေချီကြာအောင် ဥရောပရဲ့ ကြီးမြတ်တဲ့ လိဂ်တွေက အရှိန်အဟုန်ကို သတ်မှတ်ပေးခဲ့ပြီး ဘောလုံးကွင်းပေါ်ရော ဘောလုံးကွင်းပြင်ပမှာပါ စံချိန်မီ အတိုင်းအတာတွေကို သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်မှာတော့ ဆော်ဒီအာရေဗျရဲ့ ကန္တာရတွေထဲမှာ အသစ်တစ်ခုခုကို ဖန်တီးနေပါပြီ—ဒါဟာ ဘောလုံးကစားနည်းကို ထာဝရ ပြောင်းလဲသွားစေနိုင်တဲ့ အရာတစ်ခုပါပဲ။

ဒါဟာ ငွေကြေးနဲ့ စူပါစတားတွေ ခေါ်ယူမှုရဲ့ ရိုးရိုးရှင်းရှင်း ဇာတ်လမ်းတစ်ပုဒ်တော့ မဟုတ်ပါဘူး။ စွဲမက်ဖွယ် ခေါင်းကြီးပိုင်းခေါ်ယူမှုတွေရဲ့ နောက်ကွယ်မှာ ဘောလုံးနည်းပညာရဲ့ တိတ်ဆိတ်တဲ့ တော်လှန်ရေး(Revolution)တစ်ရပ်ပါဝင်နေပါတယ်။ ဒီတော်လှန်ရေး(Revolution)ဟာ ဆော်ဒီပရိုလိဂ် (Saudi Pro League) ကို နာမည်ကြီးကစားသမားတွေ စုရုံးရာနေရာအဖြစ်သာမက ခေတ်မီဘောလုံးကို ဘယ်လိုကစားရမယ်၊ ဘယ်လိုဆန်းစစ်ရမယ်၊ ဘယ်လိုအတွေ့အကြုံရရှိရမယ်ဆိုတဲ့ ပုံစံနမူနာအဖြစ် ခွဲထုတ်ပြသနိုင်မှာပါ။

ယနေ့ ဆော်ဒီဘောလုံးကွင်းတစ်ခုထဲကို ခြေလှမ်းလှမ်းလိုက်ပါ၊ နေရာတိုင်းမှာ ဒါကို မြင်ရမှာပါ။ AI မောင်းနှင်သော ခြေရာခံစနစ်များ (AI-powered tracking systems) က ပြေးလွှားမှုတိုင်း၊ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေပါတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ အာရုံခံကိရိယာအသေးလေးတွေက အချက်အလက်စီးကြောင်းတွေကို လက်တန်းပို့ပေးနေပါတယ်- အမြန်နှုန်း၊ နှလုံးခုန်နှုန်း အတက်အကျ၊ ပင်ပန်းနွမ်းနယ်မှု အဆင့်တွေပါသိရမှာပါ။ နည်းပြတွေကိုပဲ အားကိုးနေရတာ မဟုတ်တော့ပါဘူး။ သူတို့မှာ ကစားသမားတစ်ဦးရဲ့ အခြေအနေကို စက္ကန့်နဲ့အမျှ ကြည့်ရှုနိုင်တဲ့ ဒီဂျစ်တယ် ပလတ်ဖောင်း တစ်ခု ရှိနေပါပြီ။

မန်နေဂျာတစ်ယောက်အတွက်တော့ ဒါဟာ နည်းဗျူဟာဆိုင်ရာ ကွပ်ကဲရေးစင်တာ (tactical command center) တစ်ခုရှိနေသလိုပါပဲ။ တိုက်စစ်ကစားသမား (striker) တစ်ယောက်ဟာ သာမန်ထက် လျော့နည်းပြေးနေမယ်ဆိုရင် စနစ်က ဒဏ်ရာရနိုင်ခြေရှိတယ်လို့ သတိပေးပါတယ်။ ကွင်းလယ်ကစားသမား(midfielder) တစ်ယောက်ဟာ နေရာတစ်ခုကနေ တစ်ခုရွေ့သွားမယ်ဆိုရင် ကွန်ပျူတာ အမြင်အာရုံ (computer vision) က ဒီပုံစံကို မီးမောင်းထိုးပြပါတယ်။

ဒါတင်မက သေးပါဘူး။ ဘောလုံးကို မနင်းရသေးခင်မှာတောင် ဆော်ဒီကလပ်တွေဟာ သူတို့ရဲ့ ပြိုင်ဘက်တွေကို လေ့လာဖို့ ခန့်မှန်းဆန်းစစ်မှု မော်ဒယ်များ (predictive analytics models) ကို အသုံးပြုနေကြပါပြီ။ ဒီ AI အင်ဂျင်တွေဟာ လူ့မျက်စိနဲ့ မမြင်နိုင်တဲ့ အားနည်းချက်တွေ—ကျိုးပဲ့လွယ်တဲ့ ပေးပို့မှုလမ်းကြောင်း (passing lanes)၊ ကာကွယ်ရေး ဟာကွက်တွေ (defensive gaps)၊ ဖိအားအောက်မှာ ဒွိဟဖြစ်နေမှုတွေ—ကို ရှာဖွေတွေ့ရှိဖို့ ခန့်မှန်းချက် (simulations) ထောင်ချီကို လည်ပတ်နေပါတယ်။ ဒီကနေတစ်ဆင့် သတ်မှတ်ထားတဲ့ (set-piece) တွေ မွေးဖွားလာပြီး၊ ဖိအားပေးကစားဟန်ရဲ့ထောင်ချောက် (pressing traps) တွေ ဒီဇိုင်းဆွဲကာ၊ အောင်ပွဲဆိုတာ အားထုတ်မှုတစ်ခုတည်းရဲ့ ကိစ္စသာမက သိပ္ပံနည်းကျတွက်ချက်မှုရဲ့ အရာတစ်ခု ဖြစ်လာပါတယ်။

ကစားသမားတွေကလည်း ဒီအဆင့်မြင့်နည်းပညာ ဂေဟစနစ်ထဲမှာ နေထိုင်ကြရပါတယ်။ သူတို့ရဲ့ ပြန်လည်နာလန်ထူမှုကို ဇီဝမက်ထရစ် စောင့်ကြည့်ကိရိယာတွေ (biometric monitors) ကနေ ခြေရာခံပြီး၊ သူတို့ရဲ့ အိပ်စက်မှုပုံစံတွေကို AI က ဆန်းစစ်သုံးသပ်ပါတယ်။ လေ့ကျင့်ရေးကွင်းတွေမှာ ခရိုင်ယိုကုထုံး အခန်း (cryotherapy chambers) တွေနဲ့ altitude simulation rooms) တွေပါဝင်ပြီး၊ ဒါတွေအားလုံးကို ဗဟိုထိန်းချူပ်ရေး (central dashboards) နဲ့ ချိတ်ဆက်ထားပါတယ်။ ကြွက်သားဆွဲဆန့်မှု (muscle strain) တစ်ခုခုဟာ အခုဆိုရင် ဘယ်သူ့ကိုမှ အံ့အားသင့်စေတော့မှာ မဟုတ်ပါဘူး—ဒါမျိုးဖြစ်မလာခင်မှာပဲ စနစ်က ထောက်လှမ်းသိရှိသွားပြီး၊ ကစားချိန် ရက်သတ္တပတ်ချီ ဆုံးရှုံးရမှာကို ကယ်တင်နိုင်ပါတယ်။

ပရိသတ်တွေကိုတောင် ဒီကမ္ဘာထဲကို ဆွဲခေါ်လိုက်ပါသေးတယ်။ ဘောလုံးကွင်းတွေအတွင်းမှာ augmented reality overlaysနဲ့ အချိန်နှင့်အမျှပြနေတဲ့ စွမ်းဆောင်ရည်အချက်လက် (real-time stats) က ဘောလုံးကြည့်ရတာကို မြင့်မားတဲ့အတွေ့အကြုံ (new dimension) အဖြစ် ယူဆောင်လာပေးပါတယ်။ ပရိသတ်တွေဟာ သူတို့ရဲ့ ထိုင်ခုံပေါ်ကနေပဲ ကစားသမားတွေရဲ့ကွင်းတွင်းလှုပ်ရှားဟန်(heat maps)၊ ကစားသမားတစ်ယောက် ဘယ်နှစ်ခေါက်ပြေးထားလဲ (sprint counts)၊ ဂိုးဝင်နိုင်ခြေ (probabilities of a goal) တွေကို ကြည့်ရှုနိုင်ပြီး၊ ဒါတွေအားလုံးကို ပွဲစဉ်က သူတို့ရဲ့မျက်စိရှေ့မှာ ဖြတ်သန်းနေစဉ်မှာပဲ ကြည့်ရှုနိုင်ပါတယ်။ ဒါဟာ ပျော်ရွှင်ဖွယ်ရာ (entertainment) သက်သက်မဟုတ်တော့ဘဲ စီးမျောဖို့ (immersion) အတွက်ပါဖြစ်နေပါပြီ။

နှစ်ပေါင်းများစွာကြာအောင် လူတွေက ဆော်ဒီဘောလုံးဟာ ချမ်းသာကြွယ်ဝမှုအတွက်ပဲလို့ ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ချမ်းသာကြွယ်ဝမှုတစ်ခုတည်းက ဒီအရာကို ရှင်းပြနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မျက်မြင် သက်သေထူနေရတာက ရည်မှန်းချက်ကြီးမားမှုပါ—ဥရောပကတောင် သတိထားမိစေနိုင်တဲ့ စံချိန်တစ်ခုကို သတ်မှတ်ဖို့ ရည်မှန်းချက်ကြီးမားမှုပါပဲ။ ဆော်ဒီပရိုလိဂ် (Saudi Pro League) ဟာ ပြိုင်ပွဲတစ်ခုထက် ပိုတဲ့အရာကို တည်ဆောက်နေပါတယ်။ အားကစားရဲ့ အနာဂတ်အတွက် ဓာတ်ခွဲခန်း (laboratory) တစ်ခုကို တည်ဆောက်နေတာပါ။

မော်ဒန်ဘောလုံးဟာ ပါရမီ (talent) ဒါမှမဟုတ် ရိုးရာ (tradition) တစ်ခုတည်းအတွက်ပဲ မဟုတ်တော့ပါဘူး။ ဒါဟာ အနုတ်လက္ခဏာဆောင်တဲ့ ကွာဟမှုငယ်လေးတွေ (Margins) အတွက်ပါပဲ။ ဒီကွာဟမှုငယ်လေးတွေကို အချက်အလက်တွေနဲ့ တိုင်းတာပြီး၊ အာရုံခံကိရိယာတွေနဲ့ ခြေရာခံကာ၊ ဉာဏ်ရည်တု (artificial intelligence) နဲ့ ခန့်မှန်းပါတယ်။ ဒီကွာဟမှုငယ်လေးတွေကပဲ ချန်ပီယံဆုတွေကို ဆွတ်ခူးပေးပါတယ်။ ပြီးတော့ လက်ရှိအချိန်မှာ ဆော်ဒီဘောလုံးက ရှင်းရှင်းလင်းလင်း သက်သေပြနေတဲ့ အချက်တစ်ခုရှိပါတယ်- ဘောလုံးရဲ့အနာဂတ်ဟာ ဥရောပတစ်ခုတည်းအတွက်ပဲ ဖြစ်ချင်မှ ဖြစ်တော့မှာပါ။