Manchester City အတွက် တောက်လောင်ဖို့မီးစစ်တစ်ချက် လိုအပ်နေချိန်၊ Phil Foden ရဲ့စွမ်းရည် ကျဆင်းသွားပြီလားဆိုတဲ့ မေးခွန်းတွေဟာ ဒုနဲ့ဒေးပါ။ သူက ထူးချွန်တဲ့ကစားသမားတွေသာ ပြနိုင်တဲ့ နည်းလမ်းနဲ့ တုံ့ပြန်ခဲ့ပါတယ် – ဂိုးတွေ၊ဖန်တီးမှုတွေနဲ့၊ အကောင်းဆုံးကစားသမားတစ်ယောက်ရဲ့ ယုံကြည်မှုနဲ့ပါ။
Manchester derby ကို ပြန်ကြည့်လိုက်ပါ။ City နဲ့ United တို့ရင်ဆိုင်တဲ့ပွဲ။ Foden ဟာ Premier League ဂိုး မရတာလပေါင်းများစွာ ကြာနေခဲ့ပါပြီ။ ပွဲချိန်၁၈ မိနစ်မှာ၊ သူရဲ့တစ်ကိုယ်တော်စွမ်းဆောင်းည်နဲ့ ထိုးဖောက်ဝင်ရောက်လာခဲ့တယ်။ သေသပ်တဲ့ဂိုးသွင်းမှု၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ကန်ချက်တစ်ချက်နဲ့ပါ။ Etihad Stadium ဟာ ရုတ်တရက်ကြီး ပေါက်ကွဲတက်သွားခဲ့တယ်။ မိုးခေါင်ရေရှားမှုကြီး ပြီးဆုံးသွားခဲ့ပြီ။ Pep Guardiola ကိုယ်တိုင် ပြောခဲ့တယ် – “ကျွန်တော်တို့ သူ့ကို လွမ်းခဲ့တယ်” လို့။ ဒါဟာ ချီးမွမ်းမှုတစ်ခုတည်းမကပါဘူး… ကြယ်ပွင့်တွေနဲ့ ပြည့်နှက်နေတဲ့ အသင်းတစ်သင်းမှာတောင် Foden ရဲ့ မီးစတစ်ချက်ဟာ အစားထိုးလို့မရဘူးဆိုတဲ့ အသိအမှတ်ပြုမှုတစ်ရပ်လည်း ဖြစ်ပါတယ်။
Champions League၊ Etihad မှာ Napoli နဲ့ကစားတဲ့ပွဲကိုလည်း ကြည့်လိုက်ပါ။ အဲဒီမှာလည်း Foden ပါပဲ၊ ဒီတစ်ခါတော့ ဂိုးသွင်းသူအနေနဲ့မဟုတ်ဘဲ ဖန်တီးပေးသူအနေနဲ့ပါ။ ကွန်တီရဲ့ ခံစစ်ကို ကျော်ပြီး Erling Haaland ရဲ့ခြေထောက်ထဲကို ထိုးချပေးလိုက်တဲ့ ပါးနပ်တဲ့ (Lock back) တစ်ချက်။ ဂိုးရလိုက်ပြီ။ City အတွက် အသာစီးရလိုက်တယ်။ ဒီလိုအခိုက်တန့်ကို ထူးခြားစေတာက ဂိုးဖန်တီးမှု တစ်ခုတည်းမဟုတ်ဘူး။ ခံစစ်အစုအဖွဲ့ကောင်းတစ်ခုကို ချိုးဖောက်ဖို့ တိကျတဲ့ ဘောလုံးလမ်းကြောင်းကို ရွေးချယ်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေးပါပဲ။ Foden ဟာ အရည်အချင်းပြည့်ဝမှုတင်မကဘဲ ပွဲကြီးတွေမှာ ဆုံးဖြတ်ချက်ကောင်းချနိုင်မှုကိုပါ ထပ်မံပြသလိုက်တာပါ။
နံပါတ်တွေအကြောင်း ပြောကြည့်ရအောင်။ လက်ရှိ ဒီရာသီမှာ ကမ္ဘာ့ကလပ်ဖလားအပါဝင် Foden ဟာ ၇ပွဲမှာ ဂိုး ၄ဂိုးနဲ့ ဂိုးဖန်တီးမှု၂ ကြိမ် ရယူပေးနိုင်ခဲ့ပါပြီ။ ဒါဟာ ဟာလန်းနဲ့ယှဉ်ရင် ကြီးမားလှတဲ့ ဂဏန်းတွေတော့ မဟုတ်နိုင်ပေမယ့် တကယ်အသုံးဝင်နေကာ မိနစ်အလိုက် သူ့ရဲ့သက်ရောက်မှုပါ။ သူ့ရဲ့ မျှော်မှန်းဂိုးအလားအလာ (expected goals) နဲ့ အခွင့်အလမ်းဖန်တီးမှုနှုန်းတွေဟာ ဥရောပက တိုက်စစ်ကစားသမားတွေထဲမှာ အဆင့်ကောင်းတစ်နေရာမှာရှိနေပါတယ်။ ဒီရာသီရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲစဥ်၃ပွဲမှာ ဂွါဒီယိုလာအနေနဲ့ဖိုဒန်ကိုပွဲထွက်လူစာရင်းမှာ အသုံးမပြုခဲ့ပါဘူး။ အဲဒီထဲက ၂ပွဲကိုသူတို့ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် နံပါတ်တွေထက် ပိုပြီး အရေးကြီးတာက စိတ်ဓာတ်ပါ။ ဒီနှစ်အစောပိုင်းကတည်းက မေးခွန်းထုတ်စရာတွေ ရှိလာခဲ့တယ်- Foden ဟာ မျှော်လင့်ချက်ရဲ့ ဝန်ထုပ်အောက်မှာ ရုန်းကန်နေရသလားဆိုတာပါ။ အသင်းဖော် Jerémy Doku က Foden ဟာ တစ်ခါတစ်ရံ လိုတာထက်ပိုပြီး ဖိအားကို ခံစားရတယ်လို့ ဝန်ခံခဲ့ဖူးတယ်။ ဒါပေမယ့် မကြာသေးခင်က ရက်သတ္တပတ်တွေအတွင်းမှာ ကျွန်တော်တို့မြင်တွေ့နေရတာက ဝေဖန်မှုတွေကို လောင်စာအဖြစ် အသုံးချနေတဲ့ ကစားသမားတစ်ယောက်ပါ။ ကစားခွင့်ရတဲ့မိနစ်တိုင်းမှာ သူဟာ ပိုပြီးထက်မြက်လာတယ်၊၊ ဂိုးရှေ့မှာ ပိုပြီးဆာလောင်မွတ်သိပ်လာတယ်။
Foden ကို ဂွါဒီယိုလာတစ်ယောက် Haaland ရဲ့နောက်က နံပါတ် ၁၀ နေရာမှာ – ပိုပြီးယုံကြည်အပ်နှင်းလာပါတယ်။ ဒါဟာ သူ့ရဲ့ သဘာဝအရည်အချင်းတွေ ပေါ်ထွက်လာတဲ့ နေရာတစ်ခုပါပဲ။ Napoli နဲ့ပွဲမှာ၊ United နဲ့ပွဲမှာ၊ သူဟာ နေရာလွတ်တွေထဲကို ဝင်ရောက်ခဲ့တယ်၊ ကစားပုံကို ချိတ်ဆက်ပေးခဲ့တယ်၊ ရာသီအစောပိုင်းတုန်းက City မှာ ချို့တဲ့နေခဲ့တဲ့ ထိုးဖောက်နိုင်စွမ်းကို ပြန်လည်ဖြည့်တင်းပေးခဲ့တယ်။ Foden ရိုက်ခတ်သံတွေရဲ့ သက်ရောက်မှုက ဘာလဲ။ Haaland ကို ကြည့်လိုက်ပါ။ Foden ဟာ နေရာမှန်ပြန်ရောက်တဲ့အခါ၊ Haaland က အကျိုးခံစားရတယ်။ Haaland ရဲ့အလုပ်ကို ပိုမိုလွယ်ကူလာစေတယ်။ ရုတ်တရက်ဆိုသလို၊ City ရဲ့တိုက်စစ်ဟာ ပိုပြီးစီးဆင်းမှုရှိလာတယ်၊ ပိုပြီးအန္တရာယ်ရှိလာတယ်၊ ပိုပြီးခန့်မှန်းလို့မရနိုင်တော့ဘူး။
ဒါကြောင့် ၂၀၂၅ မှာ ကျွန်တော်တို့မြင်တွေ့နေရတာက Phil Foden ပုံစံအမှန်ပါ။ De Bruyne နဲ့ Silva တို့ရဲ့ အရိပ်ထဲမှာ နေထိုင်ခဲ့ရတဲ့ ထက်မြက်တဲ့လူငယ်လေးကနေ၊ City ရဲ့ ခေတ်သစ် ကွင်းလယ်တန်းမှခေါင်းဆောင်၊ အဆုံးအဖြတ်ပေးမယ့်ပွဲတွေမှာ အဓိကကစားနေတဲ့သူတစ်ယောက်အဖြစ်ကို ပြောင်းလဲလာတာပါ။ သူဟာ Guardiola မှန်ကန်ကြောင်း သက်သေပြနေတယ်။ “Phil Foden ဟာ ကျွန်တော်သင်ကြားခဲ့ဖူးသမျှ အရည်အချင်းအပြည့်ဆုံး ကစားသမား” လို့ တစ်ခါက ပြောခဲ့တဲ့ Guardiola ကြီးအတွက်ပါ။