Innwa-Ads-Banner-1-1170X200

ဒီနှစ်မှာ ဘယ်သူတွေ ဖြတ်မျဉ်းဖြစ်လာမလဲ

ရာသီအဖွင့်ပွဲတစ်ချို့ ကစားပြီးသွားတဲ့အချိန်မှာ ဘယ်အသင်းတွေက ဒီရာသီ ချန်ပီယံလမ်းကြောင်းကို ဝင်စွက်ဖက်မယ့် ဖြတ်မျဉ်းတွေဖြစ်လာမလဲဆိုတာကို စဉ်းစားကြည့်ကြရအောင်။ ဖြတ်မျဉ်းနဲ့ ကော် ကောင်က မတူတာကိုတော့ သတိထားစေချင်ပါတယ်။ ကော်ကောင်ဆိုတာကတော့ လက်စတာလို မမျှော်လင့်ထားဘဲ အခွင့်အရေးပေးလာတဲ့ ရာသီမှာ ဖလားယူပြလိုက်တာမျိုး၊ ဘလက်ဘန်းလို့ တစ်ရာ သီ EPL ထယူပြလိုက်တာမျိုးပါ။ ဖြတ်မျဉ်းကတော့ သူကိုယ်တိုင် ဆုဖလားကို စိန်ခေါ်နိုင်စွမ်းမရှိပေမဲ့  ဖလားလမ်းကြောင်းပေါ်က အသင်းတွေကို အခက်အခဲတွေ့စေတဲ့ အသင်းမျိုးတွေပါ။

ဒီအသင်းတွေထဲမှာ ပုံမှန်ဆိုရင်တော့ နယူးကာဆယ်က မပါမဖြစ်ပါ။ သူတို့ လူစာရင်း၊ တောင့်တင်းမှု နဲ့ ပရိသတ်တွေရဲ့အိမ်ကွင်းအင်အားက သူတို့ကို ဒီလိုအသင်းမျိုးဖြစ်ဖို့ ပြည့်စုံစေပါတယ်။ ဒါပေမဲ့ ဒီရာသီ မှာတော့ အီဆက်ပြဿနာကြောင့် မတည်မငြိမ်ဖြစ်နေတဲ့ကိစ္စရှိပါတယ်။ လက်ကျန်အပြောင်းအရွှေ့ကာ လမှာလည်း သူတို့အနေနဲ့ အီဆက်နေရာကို အစားထိုးဖို့ ခေါ်ယူမှုလုပ်နိုင်ရေး ခက်ခဲနေပြီး အီဆက်ကို မရရအောင် ထိန်းသွားမယ့်ပုံရပါတယ်။ အဲဒီလို ထိန်းလိုက်လို့ အီဆက်က မကစားချင်ဘဲ ကစားရပြန်ရင် လည်း အသင်းကိုထိခိုက်လာနိုင်ပြန်ပါတယ်။ အီဆက်ရဲ့အခြေအနေပေါ် မူတည်ပြီး ကာဆယ်ရဲ့ စုစည်းမှု က အပြောင်းအလဲဖြစ်လာနိုင်ပါတယ်။

ဘရန့်ဖို့ဒ်တို့ကလည်း အရင်နှစ်လောက် အင်အားမရှိတော့တဲ့အချိန်မှာ နော်တင်ဟမ်ဖောရက်စ်တို့က လူ သစ်တွေနဲ့အဆိပ်အတောက်ရှိနေတုန်းပါ။ ဆိုတော့ ဒီနှစ်လည်း သူတို့ကို ထည့်တွက်ထားဖို့လိုအပ်ပါ မယ်။ ခက်တာက သူတို့မှာလည်း သူတို့ပြဿနာနဲ့ သူတို့ပါ။ သူတို့အသင်းရဲ့နည်းပြ နူနိုဆန်းတို့စ်နဲ့ ပိုင် ရှင်တို့အဆင်မပြေဖြစ်နေတယ်လို့ သတင်းတွေထွက်နေပြီး ထုတ်ပယ်ခံရနိုင်တယ်လို့တောင် သတင်းတွေ တွေ့ပါတယ်။ အမှန်တကယ်မထွက်ရရင်တောင် အကွဲအပြဲရှိနေက အသင်းရဲ့ရလဒ်ပိုင်းနဲ့စွမ်းဆောင်ရည် တွေကို အထိအခိုက်ရှိစေနိုင်ပါတယ်။ ဆန်းတို့စ်မရှိတော့ရင်တော့ သူတို့အပေါ် ပြန်ပြောင်း စဉ်းစားရနိုင် ပေမဲ့ အခုထိတော့ သူတို့က ဖြတ်မျဉ်း အဆင့်မှာ ကောင်းကောင်းရှိနေတုန်းပါ။

ဗီလာ၊ အဲဗာတန်၊ ဝက်စ်ဟမ်းတို့ကတော့ စောင့်ကြည့်ရဦးမယ့်အခြေအနေမှာရှိနေပြီး မာကျောတဲ့ ဖြတ် မျဉ်းအသင်းတွေအဖြစ် အခုထိ မမြင်ရသေးပါဘူး။ အိမ်ကွင်းမှာဆိုရင်တော့ ကန်ရခက်ခဲတဲ့အသင်းတွေ ဖြစ်နေနိုင်သေးပေမဲ့ လက်ရှိသူတို့ ခြေစွမ်းက အရမ်းမကောင်းနေသေးပါဘူး။ သူတို့ထက်စာရင် ဆန်းဒါး လန်းက ပိုပြီး စောင့်ကြည့်ချင်စရာကောင်းပါတယ်။ ဒီကြောင်နက်တွေကလည်း အိမ်ကွင်းကို အားပြုက စားမယ့်အသင်းဖြစ်လာနိုင်ပြီး သူတို့အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေကိုတောင် မထင်မှတ်ထားတာ တွေလုပ်ပြနိုင်မယ်လို့ ယူဆရပါတယ်။

နောက်တစ်သင်းကတော့ လိဒ်ယူနိုက်တက်ပါ။ တန်းတက်လာတာဖြစ်ပေမဲ့ သူတို့ကစားပုံက မဆိုးပါ ဘူး။ သူတို့အိမ်ကွင်းမှာဆိုရင် တော်တော်ကစားရခက်ခဲလောက်ပါတယ်။ ဆိုတော့ အင်အားကောင်းတဲ့ ဖြတ်မျဉ်းအသင်းမဟုတ်ရင်တောင် အသင်းကြီးတွေကို စမ်းသပ်မယ့်အသင်းတစ်သင်းအဖြစ်ရှိနေမှာပါ။ အဝေးကွင်းမှာလည်း သူတို့က အသင်းကြီးတွေနဲ့ဆိုရင် အမှတ်တွေလျော့အောင်လုပ်ဖို့ ကြိုးစားလာနိုင် ပါတယ်။

သောမတ် ဖရန့်လက်အောက်က စပါးကိုလည်း လျှော့တွက်ထားလို့မရပါဘူး။ စပါးဖြစ်တာကြောင့် EPL စိန်ခေါ်သူစာရင်းထဲမှာတော့ ထည့်ဖို့ တော်တော်လက်တွန့်ကြမှာဖြစ်သလို သူ့ခြေစွမ်းကလည်း အဲဒီလို နာမည်စာရင်းသွင်းဖို့ဆိုရင် ခြေစွမ်းတစ်ခုကို တသမတ်တည်းထိန်းထားပြဖို့လိုပါသေးတယ်။ ဒါပေမဲ့ ဖြတ်မျဉ်းအသင်းအဖြစ်ကတော့ ကောင်းကောင်းကြီးကို အင်အားရှိနေတယ်လို့ဆိုနိုင်ပြီး သူတို့ကြောင့် ချန်ပီယံစိန်ခေါ်မှု လမ်းကြောင်းတွေ အပြောင်းအလဲဖြစ်တာ မြင်ရဦးမှာပါ။

နောက်ဆုံးအသင်းကတော့ မန်ယူနိုက်တက်ပါ။ ပြီးခဲ့တဲ့ရာသီက အရှက်တကွဲဖြစ်မှုကြီးကို ကျော်ဖြတ် နိုင်ဖို့ ပြင်ဆင်ကြိုးစားနေပြီး လက်ရှိမှာ အင်အားက ကွင်းလယ်ပိုင်းမလုံလောက်သေးဘူးဆိုရင်တောင် ရလဒ်ပိုင်းတစ်ခုကိုတော့ ရအောင်ယူနိုင်တဲ့ အသွင်အပြင်ရှိလာပါပြီ။ ချန်ပီယံစိန်ခေါ်ဖို့တော့ မလုံ လောက်သေးပေမဲ့ တစ်ပတ်တစ်ပွဲပဲ ကန်ရမယ့်အနေအထားမှာ လန်းလန်းဆန်းဆန်းရှိနေတဲ့ သရဲနီ တွေဟာ စိန်ခေါ်သူတွေကို မြင်းကောင်းခွါလိပ်ဖြစ်အောင် ဒုက္ခပေးဖို့ အသင့်ရှိနေမှာပါ။