ဒဲန်ယယ် လီဗိုင်းရဲ့ ရှော့ရစရာ စပါး အသင်းကနေ ထွက်ခွာလိုက်ရတဲ့သတင်းဟာ လူတိုင်းကို အံ့အားသင့်စေခဲ့ပေမယ့် သူရဲ့ ၂၅နှစ်ကြာ သက်တမ်းကို ပြန်ကြည့်မယ်ဆိုရင် အကြောင်းရင်းတွေက သဘောပေါက်လာစေပါတယ်။
တစ်ဖက်မှာကြည့်ရင် လီဗိုင်းဟာ စပါးအသင်းကို ကမ္ဘာ့ဘောလုံးလောကမှာ စီမံခန့်ခွဲမှု အကောင်းဆုံး လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲတည်ဆောက်နိုင်ခဲ့သူပါ။ အင်္ဂလန်မှာ အကောင်းဆုံးလို့ အများက အသိအမှတ်ပြုထားတဲ့ ခေတ်မီ အဆင့်မီ စပါး အားကစားကွင်း (Tottenham Hotspur Stadium) ကြီးကို ဆောက်လုပ်ခဲ့သူ၊ ဥရောပရဲ့ အကောင်းဆုံး လေ့ကျင့်ရေးစင်တာတွေထဲက တစ်ခုကို တည်ဆောက်ခဲ့သူဖြစ်ပါတယ်။ NFL ဘောလုံးပွဲတွေ၊ ရပ်ဘီပွဲတွေ၊ ဂီတပွဲတော်တွေ၊ တောရိုင်းကားပြိုင်ပွဲတွေကိုပါ ဆွဲဆောင်နိုင်ခဲ့ပြီး လုပ်ငန်းကို စုံလင်အောင် ချဲ့ထွင်နိုင်ခဲ့တယ်။ စီးပွားရေး ရှုထောင့်ကပဲ ကြည့်မယ်ဆိုရင် လက်ဗီဟာ ခေတ်မီဘောလုံး အမှုဆောင် တစ်ယောက်ရဲ့ အောင်မြင်မှုဇာတ်လမ်းပါပဲ။
ဒါပေမယ့် ဘောလုံးဆိုတာ စီးပွားရေးတစ်ခုတည်းမဟုတ်ပါဘူး။ စပါး ပရိသတ်တွေဟာ ငွေကြေးစာရင်းဇယားတွေထက် ချန်ပီယံဆုတွေကို ပိုဂရုစိုက်ကြတယ်။ ဒီနေရာမှာတော့ လက်ဗီရဲ့ အုပ်ချုပ်မှုဟာ အားနည်းခဲ့တယ်လို့ဆိုရမယ်။ နှစ်ပေါင်း ၂၄ အတွင်းမှာ (semi-final) ၁၆ ကြိမ်၊ ဗိုလ်လုပွဲ (final) ၇ ကြိမ်ကို ရောက်ရှိခဲ့ပေမယ့် ၂၀၀၈ ခုနှစ်က လိဂ်ဖလားနဲ့ မကြာသေးခင်ကမှ ယူရိုပါလိဂ် ဖလားလေးတွေကိုပဲ အနိုင်ရခဲ့တယ်။ ၂၀၁၉ ခုနှစ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ခဲ့ပြီ ဒါဟာ သူတို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုဖြစ်ခဲ့ပါတယ်။
ပရိသတ်တွေ အကြီးကျယ်စိတ်ပျက်ခဲ့ရတဲ့ ဖြစ်ရပ်နှစ်ကြိမ်ရှိခဲ့တယ်။ ပထမတစ်ကြိမ်က ဂရက်ဘေး (Gareth Bale) ရဲ့ အရောင်းအဝယ်ကြောင့် ရတဲ့ငွေကို ပေါင် ၈၅သန်းကို ထိထိရောက်ရောက် မသုံးစွဲနိုင်ခဲ့တဲ့ အခါဖြစ်ပြီး၊ ဒုတိယအကြိမ်ကတော့ ပိုဆိုးဝါးခဲ့တယ်။ အဲဒါက မော်ရီဆီယို ပိုချက်တီနို (Mauricio Pochettino) ရဲ့ အုပ်ချုပ်မှု ထိပ်ဆုံးရောက်ချိန်ကနေ နောက်ပိုင်း ရပ်တန့်သွားတဲ့ ကာလဖြစ်တယ်။ ၂၀၁၈ ခုနှစ်မှာ စပါးအသင်းဟာ ဘယ်ဘောလုံးသမားအသစ်ကိုမှ မဝယ်ယူခဲ့ဘဲ ပိုချက်တီနို ဖယ်ရှားချင်တဲ့ ကစားသမားတွေကိုလည်း မရောင်းနိုင်ခဲ့ဘူး။ အသစ်ဆောက်လုပ်ထားတဲ့ အားကစားကွင်းကြီး ဖွင့်လှစ်ချိန်မှာတော့ အသင်းဟာ ခေတ်နောက်ကျပြီး စွမ်းဆောင်ရည် မကောင်းတော့ဘူးလို့ ဆိုရမယ်။ ပိုချက်တီနိုကို အလုပ်ဖြုတ်လိုက်တာ၊ ဂျိုးဇက် မော်ရင်ညို (José Mourinho) ကို ခန့်အပ်တဲ့ စွန့်စားမှု မအောင်မြင်တာ၊ တန်ဖိုးနည်း ကစားသမား ဈေးကွက်ကို ဝင်ရောက်တဲ့ မူဝါဒတွေကြောင့် ပရိသတ်တွေ ဒေါသထွက်ခဲ့ကြတယ်။ အထူးသဖြင့် ကွင်ဝင်ကြေးတွေ မြင့်တက်လာချိန်မှာပေါ့။
လက်ဗီရဲ့ သတိနဲ့ လုပ်ကိုင်ရတဲ့ သဘောထားဟာ အခြေအနေအရ ဖြစ်ခဲ့ရတာလည်း ပါတယ်။ ပေါင် တစ်ဘီလီယံတန် အားကစားကွင်းကြီးကို ဆောက်လုပ်ရတဲ့အတွက် ရေတိုငွေကြေး သုံးစွဲမှုကို ကန့်သတ်ထားခဲ့ရတယ်။ ဒါဟာ အာဆင်နယ်အသင်းဟာ အီမီရိတိစ် အားကစားကွင်း ဆောက်ချိန်ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လက်ဗီရဲ့ စီးပွားရေး တည်ငြိမ်အောင်လုပ်တဲ့ ဗီဇနဲ့ အမြတ်ထုတ်လိုမှုတွေဟာ ကစားကွင်းပေါ်က ရည်မှန်းချက်တွေထက် ပိုပြီး လွှမ်းမိုးလာတာကို သိသိသာသာ တွေ့လာရတယ်။ ပရိသတ်တွေက စပါးကို ကမ္ဘာ့အဆင့်မီ အဆောက်အအုံတွေရှိပေမယ့် ကမ္ဘာ့အဆင့်မီ အောင်မြင်ချင်စိတ်မရှိတဲ့ အသင်းတစ်သင်းအဖြစ် မြင်လာကြတယ်။
၂၀၂၅ ခုနှစ်ရောက်တဲ့အခါ ဖိအားတွေက မခံမရပ်နိုင်အောင် များပြားလာတယ်။ ပရိသတ်တွေရဲ့ ဆန္ဒပြမှုတွေ၊ သူ့ရာထူးကနေ နုတ်ထွက်ဖို့ မပြတ်တမ်း တောင်းဆိုမှုတွေ၊ ခေါင်းဆောင်မှုအသစ် လိုအပ်နေပြီဆိုတဲ့ ခံစားချက်တွေ ပိုမိုပြင်းထန်လာတယ်။ Vinai Venkatesham ကို CEO အဖြစ် ခန့်အပ်လာတာ၊ Lewis မိသားစုက Peter Charrington ကို ဘုတ်အဖွဲ့ထဲ ထည့်သွင်းလာတာတွေဟာ ခေါင်းဆောင်အပြောင်းအလဲ စီစဉ်နေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အသက် ၆၃ နှစ်ရှိပြီဖြစ်တဲ့ လက်ဗီဟာလည်း သူ့ချန်ရစ်ခဲ့မယ့် အမွေအနှစ်အကြောင်း စဉ်းစားတွေးတောလာခဲ့တယ်။ “ကျွန်တော် မရှိတော့တဲ့အခါမှာတော့ ကျွန်တော် အသိအမှတ်ပြုခံရမှာပါ” လို့ သူပြောခဲ့တဲ့ စကားက သူ့အတွက် အဆုံးသတ်ကာလ ရောက်နေပြီဆိုတာကို သူနားလည်နေကြောင်း ဖော်ပြနေခဲ့တယ်။
နောက်ဆုံးမှာတော့ လက်ဗီဟာ စီးပွားရေး အောင်မြင်မှုနဲ့ ဘောလုံး အောင်မြင်မှုကြားက ဟန်ချက်ညီအောင် မလုပ်နိုင်ခဲ့တဲ့အတွက် ထွက်ခွာလိုက်ရတာပါ။ ကစားကွင်းအပြင်ဘက်မှာတော့ စပါးကို ခေတ်မီစွမ်းအားပြည့် အသင်းတစ်သင်းအဖြစ် တည်ဆောက်နိုင်ခဲ့ပေမယ့်၊ ကစားကွင်းပေါ်မှာတော့ စပါးဟာ အနိုင်ရဖို့ နီးစပ်နေတဲ့ အသင်းတစ်သင်းအဖြစ်ပဲ ကျန်ရစ်ခဲ့တယ်။ ပရိသတ်တွေအတွက်တော့ အားကစားကွင်းကြီး၊ လေ့ကျင့်ရေးစင်တာ၊ ငွေကြေး တည်ငြိမ်မှုတွေကို မှတ်မိကြမှာပါ။ ဒါပေမယ့် ဆုတံဆိပ်တွေ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ အခွင့်အလမ်းတွေကိုလည်း သူတို့ ဘယ်တော့မှ မေ့လို့မရနိုင်ပါဘူး။