Stadium of Lightဟာ အမြဲတမ်းပဲ ကံကြမ္မာဆိုးတစ်ခုရဲ့ အရိပ်ကိုခံစားနေရတဲ့ ပုံစံမျိုးရှိခဲ့တယ်။ Wear မြစ်ကမ်းပါးပေါ်က ဒီအားကစားကွင်းတည်ရှိရာမြိုလေးဟာ ကွန်ကရစ်နဲ့ သံမဏိထုတ်လုပ်ရေးသာမက ဘောလုံးကိုမှီခိုစားသောက်နေထိုင်ကြတဲ့ အလုပ်သမားတန်းစားမြိုတော်ကြီးအတွက် အသက်ဝင်နေတဲ့ရုပ်ထုတစ်ခုပါပဲ။ နှစ်ပေါင်းများစွာ ဒီမြင်ကွင်းဟာကျရှူးမှုတွေကို မျက်မြင်ဒိဋ္ဌဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ဆယ်စုနှစ်တစ်ခုကျော်ကာလကြာပြီးနောက်မှာ Sunderland AFC ဟာ Premier League ကို ပြန်လည်ရောက်ရှိလာပါပြီ။
ဒါဟာ ရိုးရိုးတိုးတက်မှုတစ်ခုတင်မက… ပြန်လည်ရှင်သန်ထမြောက်လာမှုပါပဲ။ Accrington နဲ့ Burton Albion တိုလို League One ခရီးစဉ်တွေကိုကြိုးစားအားပေးခဲ့ရတဲ့ ပရိသတ်တွေအတွက်၊ပြိုင်ဘက်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရတဲ့ မြိုတစ်မြိုအတွက်… ဒီအခိုက်အတန့်ဟာ နှစ်ပေါင်းများစွာအမှောင်ထုထဲမှာနေပြီးနောက် နေရောင်ခြည်ထဲကို စတင်ခြေချလိုက်ပါပြီ။
Sunderland ဟာ၂၀၁၇မှာPremier League ကနေတန်းဆင်းခဲ့တယ်။၂၀၁၈မှာလဲ Championship ကနေ ထပ်ပြီး တန်းဆင်းခဲ့ရတယ်။ စဉ်းစားမရတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့တယ် – အင်္ဂလန်ရဲ့ ခြောက်ကြိမ်တိုင်တိုင်ချန်ပီယံဖြစ်ခဲ့တဲ့ Sunderland AFC ဟာ League One အထိ ကျဆင်းသွားခဲ့တယ်။ ဥရောပမှာ စိန်ခေါ်မှုတွေလုပ်ခဲ့တဲ့ ကလပ်တစ်ခုဟာ ရုတ်တရက်ဆိုသလို Fleetwood Town တိုနဲ့ ယှဉ်ပြိုင်နေရတယ်။ Top-flight တွေအတွက် တည်ဆောက်ထားတဲ့ Stadium of Light ဟာ နာကျင်ဖွယ်အမှန်တရားနဲ့ပဲ့တင်ထပ်နေခဲ့တယ် Sunderland ဟာ ကျရှုးခဲ့ရတယ်။ဒါပေမယ့်… အမှောင်ထုအတွင်းမှာတောင် ပရိသတ်တွေဟာ အသင်းကိုစွန့်ခွာဖို ငြင်းဆန်ခဲ့ကြတယ်။ တတိယတန်းပြိုင်ပွဲတွေမှာတောင် အပတ်တိုင်းအပတ်တိုင်း လူပေါင်း ၃၀,၀၀၀ ကျော်ဟာ လက်မှတ်ဌာနကိုဖြတ်ကျော်ဝင်ရောက်လာခဲ့ကြတယ်။ စိတ်အားထက်သန်မှုဟာ ဘယ်တော့မှ မသေဆုံးခဲ့ဘူး။ ဒါဟာနောက်ဆုံးမှာ ပြန်လည်တက်လှမ်းဖို လောင်စာဆီဖြစ်လာခဲ့တယ်။
ပြန်လည်တိုးတက်လာမှုလမ်းကြောင်း
၂၀၂၂ ခုနှစ်မတိုင်ခင် ဆက်တိုဆိုသလို League One play-off ပွဲစဉ်တွေမှာ ရှုးနိမ့်ပြီးခဲ့တယ်။ ၂၀၂၂မှာတော့ Sunderland ဟာ League One ကနေ နောက်ဆုံးတန်းတက်လာနိုင်ခဲ့ပြီ။ ဒါဟာ အလင်းရောင်တစ်ခုပါပဲ။ မီးတောက်ကြီးတစ်ခုတော့ မဟုတ်သေးဘူး။ ထက်မြက်တဲ့ ခေါင်းဆောင်မှု၊ လူငယ်တွေကို အာရုံစိုက်မှု၊ မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေနဲ့အတူ… ကလပ်ဟာ သူ့တည်ရှိရာနေရာအမှန်ကိုပြန်လည်ရှာဖွေနိုင်ခဲ့တယ်။၂၀၂၅ ခုနှစ် မေလရောက်လာခဲ့တယ်။ Wembley Stadium မှာSheffield United ကို အချိန်ပိုသွင်းဂိုးတစ်ဂိုးနဲ့ ဆယ်စုနှစ်တစ်ခုကျော်ရှိပြီဖြစ်တဲ့ ကျိန်စာတစ်ခုကို ချိုးဖျက်ပစ်လိုက်ပြီး ပရီးမီးယားလိဂ်က်ိပြန်လည်ရောက်ရှိလာတယ်။ Sunderland ပရိသတ်တွေအတွက်တော့… ဒီအခိုက်အတန့်ဟာ ဘောလုံးတင်မက… တရားမျှတမှုကိုပါ ခံစားရတဲ့အချိန်ပါပဲ။
ကစားသမားများရဲ့ အသံများ
Luke O’Nien ဟာ ဒီခရီးရဲ့ အဆင့်တိုင်းကို ကိုယ်တိုင်ရှင်သန်ရုန်းကန်ခဲ့ရသူပါ ။ “ကျွန်တော် ဒီမှာခုဆိုရင် ခုနှစ်နှစ်ရှိပါပြီ။ ဘောလုံးကို ခဏဖယ်ထားလိုက်ပါ… ကျွန်တော်က ဒီမှာပဲ ဘဝကိုတည်ဆောက်ခဲ့တာ။ ပြီးတော့ ဘောလုံးကိုပြန်ထည့်ပေါင်းရမယ်ဆိုရင်… ကျေးဇူးတင်စရာပဲ… ဒါဟာ ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးနှစ်တွေပါပဲ။ ကျွန်တော်တိုမှာ တန်းတက်ခွင့်ရခဲ့တာတွေ၊ ရှုးနိမ့်မှုတွေ၊ နောက်ဆုံးမိနစ်ဂိုးတွေ ရှိခဲ့တယ်… Ballard ရဲ့ဂိုး၊ Tommy ရဲ့ဂိုး.တွေနဲ့ ကျွန်တော်တို့အောင်မြင်မှုကို ဖန်တီးခဲ့တယ်။ ကျွန်တော်တို့ အောင်မြင်ရေးခြေလှမ်းတွေကို ထားရှိခဲ့တယ်။ ပြီးတော့… ထိပ်ဆုံးကို မျှော်မှန်းခြင်းမရှိဘူးဆိုရင်… ဘာအဓိပ္ပာယ်ရှိမှာလဲ”
Chris Rigg အတွက်တော့… နယ်ခံတစ်ဦးအနေနဲ့ ပြန်လာရတာက ခံစားချက်နက်ရှိင်းစေတယ် –
“Luke တို့လို လူတွေဆီကနေသင်ယူဖို၊ အခုဆို Granit ဆီကပါ… ကမ္ဘာ့အကြီးဆုံးလိဂ်အတွက် ကျွန်တော်အသင့်ဖြစ်နေပြီလို ခံစားရပါတယ်။ Play-off ဖိုင်နယ်မှာ ကျွန်တော်အချိန်နည်းနည်းလေးပါဝင်ခွင့်ရခဲ့တယ်။ ဒါဟာကျွန်တော့်ဘဝမှာ ဂုဏ်ယူစရာအကောင်းဆုံးအခိုက်အတန့်လိုခံစားရတယ်။ ဒါပေမယ့်ကျွန်တော်တိုရဲ့ပရိသတ်တွေက… သူတိုဟာကျွန်တော်တို့ရဲ့ ၁၂ ယောက်မြောက် ကစားသမားပါပဲ။ ဒီမှာရှိနေတာ၊ ဒီကလူဖြစ်တာ… ဒါဟာအရာရာကိုဆိုလိုတာပါပဲ။”
Granit Xhaka အတွက်တော့… ဘောလုံးအတွက်ရော ယုံကြည်မှုအတွက်ပါ Sunderland ကို ရွေးချယ်ခဲ့တဲ့ အတွေ့အကြုံရှိကစားသမားတစ်ဦးဖြစ်တယ် “ဂျာမနီမှာ နှစ်နှစ်ကြာပြီးနောက် Premier League ကို ပြန်ရောက်လာမယ်လို ကျွန်တော်မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမယ့်… ကလပ်နဲ့စကားပြောလိုက်ရတဲ့အခိုက်အတန့်မှာပဲ… ဒီအရာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ချင်တယ်ဆိုတာသိလိုက်ရတယ်။ စိတ်အားထက်သန်မှု၊ သမိုင်းကြောင်း… ဒါဟာ မင်းတကယ်မနေထိုင်ဘူးဆိုရင် မခံစားရနိုင်တဲ့အရာတစ်ခုပါပဲ။”
ခရီးဦးအခိုက်အတန့် ရောက်ရှိလာခြင်း
ဩဂုတ်လ ၁၆ ရက် ၂၀၂၅။ Premier League။ Sunderland ပြန်ရောက်လာတဲ့ Stadium of Light။လေထုအခြေအနေက ထိန်းချုပ်လိုမရနိုင်တော့ဘူး။ Tifo အသစ်တစ်ခုကို ဖြန့်ကြည့်လိုက်တယ်။ Concouse တစ်လျှောက်မှာ အရောင်အသစ်တွေနဲ့ ခြယ်သထားတယ်။ နှစ်ပေါင်း ၈ နှစ်ကြာပျောက်ဆုံးနေမှုကို သည်းခံခဲ့ရတဲ့ပရိသတ်တွေဟာ နောက်ဆုံးမှာ top division မှာ သူတိုရဲ့သီချင်းကိုပြန်ဆိုနိုင်ခဲ့ကြတယ်။ကွင်းထဲမှာတော့ Sunderland က သူတိုရဲ့တာဝန်ကို ထမ်းဆောင်ခဲ့တယ်။ West Ham ကို ၃-၀ နဲ့ အနိုင်ရခဲ့တယ်။ Mayenda၊ Ballard နဲ့ Isidor တိုက ဂိုးသွင်းခဲ့ကြတယ်။ ဒါဟာ ရှင်သန်ကျန်ရစ်ရေးတင်မက… ကြောက်ရွံတုန်လှုပ်စရာပြန်လာမှုတစ်ခုတင်မက… ကြေညာချက်တစ်ခုပါပဲ – Sunderland ဟာ ဒီနေရာနဲ့ထိုက်တန်တယ်ဆိုတာပါပဲ
Premier League ဟာ ကြမ်းကြမ်းတမ်းတမ်းပါပဲ။ Sunderland က ဒါကိုသိပါတယ် – သူတိုကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီးသားပါ။ စိန်ခေါ်မှုက ပြန်လာရုံတင်မက… ဆက်လက်ရှင်သန်နေထိုင်ဖိုအထိသူတို့ကြိုးစားရမယ်။ ကစားသမားအင်အားအရေးပါလာမယ်။ အတွေ့အကြုံက အရေးပါလာမယ်။ ဒါပေမယ့်… ဘယ်အရာထက်မဆို… ယုံကြည်မှုကအရေးအပါဆုံးဖြစ်လာမယ်။ဘာကြောင့်လဲဆိုတော့… Sunderland ဟာ ရိုးရိုးကလပ်တစ်ခုတင်မက… ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ ပြိုလဲပျက်စီးမှုနဲ့ ပြန်လည်ရှင်သန်ထမြောက်လာမှုရဲ့ ဇာတ်လမ်းပါ။ စိတ်ရှည်သည်းခံမှုနဲ့ ယုံကြည်မှုတိုရဲ့ဇာတ်လမ်း။ စွန့်လွှတ်လိုက်ဖို ငြင်းဆန်ခဲ့တဲ့ မြိုတစ်မြိုရဲ့ ဇာတ်လမ်းလေးပါ။
နေရောင်ခြည်ထဲသို
နှစ်ပေါင်းများစွာ… Sunderland ဟာ အမှောင်ထုကို ဖြတ်သန်းလျှောက်လှမ်းခဲ့တယ်။ League One မှာ လေးနှစ်ဖြတ်သန်းခဲ့တယ်။ ဒါပေမယ့်… သူတို့ဟာ ဆိုခဲ့တဲ့သီချင်းတွေကိုဘယ်တော့မှမရပ်တန့်ခဲ့ဘူး။ သူတိုဟာချီတက်ပွဲတွေကိုဘယ်တော့မှ မရပ်တန့်ခဲ့ဘူး။ တစ်နေ့နေ့မှာ Stadium of Light ဟာ Premier League အပေါ်မှာ ပြန်လည်တောက်ပလာမယ်ဆိုတဲ့ ယုံကြည်ချက်ကို ဘယ်တော့မှ မရပ်တန့်ခဲ့ဘူး။ အခုတော့… Luke O’Nien ပြောခဲ့သလိုပဲ… သူတို့ဟာအမြင့်ဆုံးကို ရှေ့ရှုနေကြတယ်။ ပရီးမီးယားလိဂ်မှာ ရှင်သန်ကျန်ရစ်ရေးသာမက Sunderland ကို Premier League အင်အားစုတစ်ခုအဖြစ် ပြန်လည်ဖန်တီးနိုင်မယ့် အခွင့်အရေးတစ်ခုကိုပါမျှော်မှန်းနေကြတယ်။”Into the Sun” (နေရောင်ခြည်ထဲသို) ဆိုတဲ့ခေါင်းစဉ်ဟာ ခေါင်းစဉ်တစ်ခုတင်မက… ခံစားချက်တစ်ခုပါပဲ။ ပြန်လည်မွေးဖွားလာမှု၊အောင်ပွဲခံမှု၊ Wearside အပေါ်မှာ မင်းဘယ်လောက်ပဲကျရှုးနိမ့်ချခဲ့ခဲ့… နေရောင်ဟာအမြဲတမ်းပြန်လည်ထွက်ပေါ်လာမယ်ဆိုတဲ့ သတိပေးချက်တစ်ခုပါပဲ။