ပွဲစဉ်၅ ဟာ ပရီမီးယားလိဂ် ထုံးစံအတိုင်း ဂိုးတွေ၊ ရင်ခုန်စရာ အခိုက်တန့်တွေနဲ့ ပြည်နှက်နေခဲ့ပါတယ်။ ပရိသတ်အကြိုက် ဖျော်ဖြေရေး ဂိုးတွေကို မြင်တွေ့ခဲ့ရတဲ့အပြင် ကစားသမားတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်ကောင်းတွေကိုလဲ ကြည့်ခဲ့ရပါတယ်။ ကစားသမားတော်တော်များများ ခြေစွမ်းပြခဲ့တဲ့အပတ်မို့ Top 5 ၅ယောက် ရွေးချယ်ဖို့ ခက်ခဲပါတယ်။ဒါကြောင့် ခုရွေးချယ်လိုက်တဲ့ Top 5 ၅ယောက်ပဲ ခြေစွမ်းကောင်ခဲ့တာမဟုတ်ဘူးဆိုတာ အသိပေးပါရစေ။
Anton Stach ( Leeds)
ဒီ စာရင်းရဲ့ နံပါတ်၅ နေရာမှာရှိနေတာက လိဒ်ယူနိုက်တက်ရဲ့ Anton Stachဖြစ်ပါတယ်။ Stachဟာ လိဒ်လိုအပ်နေတဲ့ ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်ပေးန်ိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ အဓိကအကျဆုံးဖြစ်ခဲ့ပါတယ်။ ဒီဂျာမန်သားဟာ လက်ဖျားခါလောက်တဲ့ Free kick နဲ့ဂိုးသွင်းယူန်ိုင်ခဲ့တဲ့အပြင် ဂိုးဖန်တီးမှုတစ်ကြိမ်လဲ လုပ်ပေးနိုင်ခဲ့ပါတယ်။ ပွဲစဉ်ရဲ့ အကောင်းဆုံ ကစားသမားဆုကိုလဲ Stachပဲရရှိခဲ့တာပါ။ သူဆီကနေ ဂိုးပေါက်ကန်သွင်းမှု x GOT ၀.၈ထိရှိခဲ့ပြီးတစ်သင်းလုံးမှာအများဆုံးဖြစ်ခဲ့ပါတယ်။
Bruno Fernedes ( Manchester United)
မန်ချက်စတာယူနိုက်တက်ရဲ့ ဒီနှစ် ပရိီးမီးယားလိဂ် ဒုတိယနိုင်ပွဲကို ရှာဖွေပေးနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်
ကတော့ အဆင့် ၄ နေရာမှာရှိနေပါတယ်။ ခြေစွမ်းပိုင်းအရ အားရစရာကောင်းခဲ့ ယူနိုက်တက်အတွက် အဓိက ကျခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။ ဖိအားတွေအောက်မှာဂိုးဝင်အောင် သွင်းပေးနိုင်ခဲ့ပြီး တစ်ပွဲထဲမှာ chance-created ၃ကြိမ်ထိ လုပ်ပေးနိုင်ခဲ့တဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလဲပြောစရာမရှိအောင် ကစားပြနိုင်ခဲ့ပါတယ်။ ဒါဟာမန်ချက်စတာယူန်ိုက်တက်လို အသင်းခေါင်းဆောင်ဟာ ဘယ်လိုနေထိုင်ကစားရသလဲဆိုတာပြသတာလဲဖြစ်ပါတယ်။ မန်ယူနိုက်တက်အသင်းသားတွေရဲ့ နိုင်လိုစိတ်ကို ဘရူနိုဆီကနေပဲ ကူးဆက်ခဲ့ရတာဖြစ်ပါတယ်
Ryan Gravenberch (Liverpool)
ခေတ်သစ်မော်ဒန် ကွင်းလယ်ခံစစ်ကစားသမားတွေထဲမှာ Gravenberchက အထူးခြားဆုံးပါပဲ။ ဂရာဗင်ဘက်ချ် တစ်ယောက်ကတော့ ပရိသတ်တွေကြားရေပန်းအစားဆုံးကစားသမားလည်းဖြစ်နေပါပြီ။ နယ်သာလန် ကစားသမားဖြစ်သည့်တိုင် စပိန်ကစားဟန်အပြည့်ဖြစ်နေတဲ့အပြင် တစ်ခေတ်တစ်ခါက ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးတဲ့ ဆာဂျီယို ဘစ်စကွက်ကစားဟန်ကို တစ်ဆင့်မြင့်ထားတဲ့ ပုံစံကို ပြသထားနိုင်ခဲ့တာလဲဖြစ်ပါတယ်။။ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးနိုင်ခဲ့သလို ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။
Saliba ( Arsenal)
မနေ့ညက မန်စီးတီးနဲ့ ပွဲမှာ အတော်လေး ခြေစွမ်းပြနိုင်ခဲ့ပြီး အာဆင်နယ်ခံစစ်ကြောင်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။ စီးတီးဘက်က တစ်ဂ်ိုးရပြီး ပိတ်ကစားခဲ့သည့်တိုင် ဂ်ိုးပေးရနိုင်ခြေရှိတဲ့ ထွက်လာသမျှ ကောင်တာတိုက်စစ်တွေကို ရှင်းထုတ်နိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုးက သူ့အမှားမကင်းဘူးလ်ို့ လူတွေထောက်ပြနေကြပေမယ့် ဒါဟာဖြစ်လေ့ဖြစ်ထရှိတဲ့အရာသာဖြစ်ပါတယ်။ ခြေစွမ်းဆိုတာ တစ်ပွဲလုံးကို ခြုံငုံကြည့်းတာပါ။ တစ်ပွဲထဲ ဘောလုံးပြန်ဆယ်ယူနိုင်မှု ၇ကြိမ်၊ ရှင်းထုတ်မှု ၄ကြိမ်ထိ ပြုလုပ်နိုင်ခဲ့တာလဲဖြစ်ပါတယ်။ ခံစစ်တွဲဖက် ဂါဘရီရယ် ရဲ့ ဦးဆောင်မှုအောက်မှာ တည်တည်ငြိမ်ငြိမ်ကစားနိုင်ခဲ့ပြီး ဒဏ်ရာကပြန်လာခါစကြောင့် အရမ်းမရုန်းနိုင်သေးတာကလွဲရင် အပြစ်ပြောစရာမရှိပါဘူး။ ဒါကြောင့် အဆင့် ၂ နေရာမှာ ဆလီဘာကိုပေးထားချင်ပါတယ်။
Iwobi ( Fulham)
Fulham အတွက်လိုအပ်နေတဲ့ အနိုင်ဂိုးတွေကို ဖန်တီးနိုင်ခဲ့တဲ့ Iwobiကို ဒီစာရင်းရဲ့ နံပါတ် ၁ နေရာမှာ ထားပါရစေ။ ၁ဂိုးသွင်း ၊ ၁ဂိုးဖန်တီးနိုင်ခဲ့တဲ့အပြင် ကစားကွက်ရဲ့ အရေးကြီးဆုံးနေရာမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။ ဦးဆောင်ဂိုးပေးထားရတာကြောင့် ဖိအားများနေချိန်မှာတောင် အီဝိုဘီတစ်ယောက် အကောင်းဆုံး တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့ပြီး ခြေပဂိုးအပြင် ဦးဆောင်ဂိုးတွေပါ ဖန်တီးနိုင်ခဲ့ပါတယ်။ ကစားခွင့်ရခဲ့တဲ့ မိနစ် ၈၀မှာ တိကျတဲ့ပေးပိုးမှုနှုန်း ၈၈% ထိရှိခဲ့ပြီး အခွင့်ရေး ဖန်တီးမှု ၃ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အီဝိုဘီဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားဖြစ်ပြီး Fulhamရဲ့ပွဲတိုင်းကို ခြေစွမ်းပြကစားပေးထားနိုင်ပါတယ်။