Innwa-Ads-Banner-1-1170X200

ပဲ့လေ့စ်အသင်းခေါင်းဆောင်ဂူဟီ အပြောင်းရွှေ့နောက်ကွယ်

Transfer Deadline Day ရဲ့ နာရီပိုင်းလေးပဲကျန်တော့တဲ့အချိန် ရှုပ်ရှုပ်ထွေးထွေးဖြစ်ခဲ့ရတဲ့အပြောင်းရွှေ့ Dramaတစ်ခုပေါ်ပေါက်ခဲ့ပါတယ်။ ကောလာဟလတွေ၊ နောက်ကျမှ ပို့တဲ့ အီးမေးလ်တွေနဲ့ ရုတ်တရက် ဆန့်ကျင်ဘက် ဆုံးဖြတ်ချက်တွေကြောင့် နွေရာသီ အပြောင်းရွှေ့ခရီးရဲ့ နောက်ဆုံးနာရီတွေဟာ ရာသီတစ်ခုလုံးရဲ့ အကြောင်းရင်းခံ ဇာတ်လမ်းတွေကို မွေးဖွားလေ့ရှိပါတယ်။ စက်တင်ဘာ ၁ ရက်၊ ၂၀၂၅ ညနေခင်းမှာတော့ အဲဒီဇာတ်လမ်းတွေထဲက တစ်ပုဒ်ရဲ့ ဇာတ်ရုပ်ဖြစ်ခဲ့ရတဲဲ့ခရစ္စတယ် ပဲလေ့စ်ရဲ့ ကပ္ပတိန် မာ့ခ် ဂူးဟီအကြောင်းပြောချင်ပါတယ်။ လီဗာပူးကို ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ အလွန်ကို နီးစပ်ခဲ့ပေမယ့် ထူးဆန်းစွာပဲ လက်တွဲဖြုတ်ခဲ့ရပါတယ်။

မာ့ခ် ဂူဟီဟာ ဆယ်လ်ဟာ့စ်ပတ်က် (Selhurst Park) မှာ အသင်းရဲ့ မဏ္ဍိုင်တစ်ခုလို ရပ်တည်နိုင်ခဲ့တာပါ။ ဘောလုံးကို အေးဆေးတည်ငြိမ်စွာ ထိန်းချုပ်ကစားနိုင်သူ၊ တစ်ဦးချင်း ရင်ဆိုင်မှုတွေကောင်းတဲ့သူ၊ အသင်းဖော်တွေရဲ့ ယုံကြည်မှုကို ရရှိထားသူ အဖြစ်ဂူဟီ ပုံရိပ်ဟာ အတော်လေးကြီးမားခဲ့ပါတယ်။ အထူးသဖြင့် ပဲလေ့စ်ရဲ့ ပထမဆုံးဖလားအောင်မြင်ရေးမှာ အဓိက ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပါတယ်။ ဒီနှစ်နွေရာသီမှာ လီဗာပူးအနေနဲ့ ခံစစ်နေရာထပ်ဖြည့်ဖို့ အရေးတကြီး လိုအပ်နေခဲ့တယ်။ နောက်တန်းကစားသမားတွေ မကြာခဏ ဒဏ်ရာရတတ်တာ ၊ အီဘရာဟီမာ ကိုနာတေးရဲ့ စာချုပ်ကာလဟာ နောက်ဆုံးနှစ်ထဲကို ရောက်နေတာတွေကြောင့် နောက်တန်းကစားသမားအရေးပေါ်လိုအပ်ခဲ့ပါတယ်။

ဂူဟီကို လီဗာပူးက ခေါ်ယူဖို့ဆုံးဖြတ်ခဲ့ပြီး ဂျူလိုင်လလောက်ထဲက ဂူဟီနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက် ရယူနိုင်ခဲ့တယ်။ ပဲ့လေ့စ်အသင်းနဲ့တော့ ကစားသမားပြောင်းရွှေ့ညှိနှိုင်းတာ လုံးဝ အဆင်မပြေပဲ အပြောင်းရွေေ့နောက်ဆုံးရက်သတ္တပတ်ထိ ရောက်ခဲ့ပါတယ်။ အပြောင်းရွှေ့ရဲ့ နောက်ဆုံးရကက် မနက်ပိုင်းမှာတော့ လီဗာပူးနဲ့ ခရစ္စတယ် ပဲလေ့စ်တို့ဟာ ပေါင် ၃၅ သန်းခန့် ကြေး သဘောတူညီမှုရခဲ့ပါတယ်။ ဂူဟီဟာ ဆေးစစ်ဖို့ ထွက်ခွါခဲ့ပြီး၊ အချိန်မမှီမှာဆိုးလို့တောင် လန်ဒန်မှာ ဆေးစစ်ဖို့စီစဉ်ခဲ့တာပါ။စမ်းသပ်မှုအားလုံးကို အောင်မြင်စွာ ပြီးဆုံးပြီး ငါးနှစ် စာချုပ်အတွက် ကိုယ်ရေး အချက်အလက်တွေလည်း သဘောတူညီမှုရခဲ့ပါတယ်။ လီဗာပူး ပရိသတ်တွေဟာ လူမှုကွန်ရက်တွေမှာ စိတ်လှုပ်ရှားနေခဲ့ကြပြီး၊ ပဲ့လေ့စ် ပရိသတ်တွေကတော့ သူတို့ရဲ့ ကပ္ပတိန်ကို ဆုံးရှုံးဖို့ လက်လျှော့ထားခဲ့ကြပါတယ်။

အပြင်ဘက်ကနေ အရာအားလုံး ပြီးပြတ်နေပုံရှိခဲ့ပေမယ့်၊ ခရစ္စတယ် ပဲလေ့စ်မှာတော့ မိုးမလင်းမီ မုန်တိုင်းတိမ်တွေ စုဝေးနေခဲ့ပါတယ်။ မန်နေဂျာ အော်လီဗာ ဂလက်စ်နာဟာ နွေရာသီတစ်လျှောက်လုံးမှာ သူရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်- သူဟာ ဂူဟီရဲ့ ထွက်ခွာမှုကို ယုံကြည်ရတဲ့ အစားထိုးတစ်ယောက် မရမချင်း ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာပါပဲ။ အသင်းဟာ ဘရိုက်တန်က ခံစစ်သမား အစ်ဂေါ (Igor) ကို ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပြီး သဘောတူညီမှုရယူခဲ့တယ်။ ဒါပေမယ့် နောက်ဆုံး last minute မှာ လုံးဝမထင်ထားတဲ့ အခြေအနေတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အစ်ဂေါကို ဝက်စ်ဟမ်းယူနိုက်တက်ရဲ့ နောက်ဆုံးအချိန် ချဉ်းကပ်မှုက ဆွဲဆောင်နိုင်ခဲ့ပြီး၊ ပဲ့လေ့စ်ကိုငြင်းကာ ဝက်စ်ဟမ်းကို ရွေးချယ်လိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်က ပဲလေ့စ်ရဲ့ ဂူဟီအပြောင်းရွှေ့အစီအစဉ်တွေကို ရှုပ်ထွေးသွားစေခဲ့ပါတယ်။ ပဲ့လေ့စ်ဟာ အစောပိုင်းမှာတင် တူလူးစ်(Toluse)အသင်း က လူငယ် ခံစစ်သမား ဂျေဒီ ကန်ဗော့ (Jaydee Canvot)ကို လက်မှတ်ထိုးထားပေမယ့်၊ နည်းပြဂလက်စ်နာက ကန်ဗော့ဟာ ပရီးမီးယားလိဂ် ပွဲတွေအတွက် ချက်ချင်း ဝင်ရောက်နိုင်လောက်အောင် အဆင်သင့် မဖြစ်သေးဘူးဆိုတာ သိခဲ့ပါတယ်။ အစားထိုးမရှိဘဲ ဂူဟီကို ဆုံးရှုံးမယ်ဆိုရင် ပဲ့လေစ်ဟာ အကြီးကျယ် ဒုက္ခရောက်မယ်လို့ အသင်းပိုင်ရှင်တွေကို အကြောင်းကြားခဲ့ပါတယ်။ လီဗာပူးနဲ့ သဘောတူညီမှုက ပိုနီးကပ်လာတာနဲ့အမျှ နည်းပြနဲ့ အသင်းတာဝန်ရှိသူတွေကြား တင်းမာမှုတွေ မြင့်တက်လာခဲ့ပြီး သတင်းတွေအရ နည်းပြဂလက်စ်နာဟာ သူရဲ့ ကပ္ပတိန်ကို အာမခံချက်မရှိဘဲ ဆုံးရှုံးရမယ်ဆိုရင် အသင်းကနေ ထွက်သွားမယ်လို့ ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် လီဗာပူးကတော့ အရာအားလုံး စီစဉ်ထားသလို ဆက်ရှိနေတယ်လို့ ယုံကြည်နေခဲ့ပါတယ်။ သူတို့ဟာ စာရွက်စာတမ်းတွေ နောက်ဆုံးပြင်ဆင်ဖို့ ည ၇ နာရီ သတ်မှတ်ချိန်မတိုင်ခင် သဘောတူညီချက် စာရွက်ကို ပရီးမီးယားလိဂ်ဆီ တင်သွင်းခဲ့ပါတယ်။ ဒါဟာ နောက်ဆုံးမိနစ် လွှဲပြောင်းမှုတွေအတွက် ပုံမှန် လုပ်ထုံးလုပ်နည်းဖြစ်ပြီး၊ ပရိသတ်တွေက လည်း ကြေညာချက်ထုတ်ဖို့ဟာ အချိန်ပဲလိုတော့တယ်လို့ ယူဆခဲ့ကြပါတယ်။ လီဗာပူးအသင်းရဲ့ စီနီယာဝန်ထမ်းတွေပါ ဂူဟီးနဲ့အတူရှိနေပြီး နောက်ဆုံးမိနစ်ထိ ဂူဟီးက်ို လိုချင်ကြောင်းပြသခဲ့ပါတယ်။ ဂူဟီးကိုယ်တိုင်ကတော့ အန်းဖီးလ်မှာ ဘဝသစ်အတွက် စိတ်ပိုင်းဖြတ်ပြီးဖြစ်နေပါပြီ။ သတင်းထောက်တွေကလဲသတင်းခေါင်းကြီးပိုင်းတွေကို ရေးထားပြီးဖြစ်နေပါပြီ။ ဒါ့အပြင် ဂူဟီးအတွက် ပဲ့လေ့စ်အသင်းက ရိုက်ပေးထားတဲ့ နောက်ဆုံးနှုတ်ဆက် videoတောင် အဆင်သင့်ဖြစ်နေခဲ့တာပါ။

ပဲ့လေ့ အသင်းရဲ့ ရုံးခန်းထဲမှာ ဖိအားတွေဟာ မခံမရပ်နိုင်အောင် ဖြစ်လာခဲ့ပါတယ်။ ဥက္ကဋ္ဌ စတီဗ် ပယ်ရီရှ်နဲ့ အကြီးအကဲတွေဟာ သူတို့ရဲ့ ရွေးချယ်စရာတွေကို ချိန်ဆနေခဲ့ကြတယ်- အခု ဂူဟီးကို ရောင်းပစ်လိုက်ပြီး ကစားသမားသစ် ကန်ဗော့ကို ယုံကြည်လိုက်မလား၊ ဒါမှမဟုတ် ဒီသဘောတူညီချက်ကနေ နုတ်ထွက်လိုက်ပြီး လီဗာပူးကို ရောက်သွားမယ်လို့ ထင်နေတဲ့ ဂူဟီရဲ့ ဒေါသကို ရင်ဆိုင်ရမလားဆိုပြီးပါ။ နောက်ဆုံးမှာတော့ နည်းပြ ဂလက်စ်နာရဲ့ သဘောထားက ဆုံးဖြတ်ချက်ချဖို့ အားဖြစ်စေခဲ့ပါတယ်။ ပဲလေ့စ်က သူတို့ရဲ့ မန်နေဂျာကို အားပေးခဲ့ပြီး၊ စာရွက်စာတမ်းတွေကို ဆုတ်ဖြဲလိုက်ကာ၊ လီဗာပူးကို ဒီသဘောတူညီချက်ဟာ ပျက်သွားပြီလို့ ပြောလိုက်ပါတယ်။ ဒီလိုနဲ့ပဲ ၉၉% ပြီးပြတ်နေခဲ့တဲ့ အပြောင်းရွှေ့ဟာ ဘာမှမရှိတော့သလို ပျောက်ကွယ်သွားခဲ့ရပါတယ်။

ဂူဟီတစ်ယောက်ဒီအဖြစ်အပျက်တွေကြောင့် စိတ်ထိခိုက်နေပြီး ပဲလေ့စ် ပရိသတ်တွေကတော့ အသင်းခေါင်ဆောင်ရဲ့ အသင်းပေါ် ငဲ့ညာမှုကို လေးစားနေကြပါတယ်။ ဒီလိုအချိန်နေမှာ ဂူဟီအနေနဲ့ အတိုက်ခံလုပ်လို့ရပေမဲ့လုံးဝမလုပ်ခဲ့ပါဘူး။ လီဗာပူး ပရိသတ်တွေအတွက်တော့ လုံးဝစိတ်ပျက်နေခဲ့ပါတယ်။ သူတို့လိုအပ်နေတဲ့ ခံစစ်သမားအတွက် လီဗာပူးအသင်းက လှုပ်ရှားခဲ့တာကို မြင်ခဲ့ရပေမယ့်၊ အခြားအသင်းတစ်သင်းရဲ့ အကျပ်အတည်းကြောင့် ပျက်စီးသွားတာကို ကြည့်နေရုံပဲ ရှိခဲ့ရပါတယ်။ ခရစ္စတယ် ပဲလေ့စ်အတွက်တော့ ဒီရွေးချယ်မှုဟာ လက်တွေ့ကျပါတယ်- နောက်နွေရာသီမှာ ဂူဟီးကို အလွတ်ဆုံးရှုံးရမယ့် စွန့်စားမှုကို ယူမှာဖြစ်ပြီး ပရီးမီးယားလိဂ်ကို လက်ရှိအသင်းခေါင်ဆောင်နဲ့ ဆက်လက်ရင်ဆိုင်တော့မှာဖြစ်ပါတယ်။