Innwa-Ads-Banner-1-1170X200

ဘရူနို ဖာနန်ဒက်စ်ကို Box-to-box သုံးရေး/ မသုံးရေး

မန်ယူနိုက်တက် ရပ်ဝန်းမှာ နောက်ပိုင်းထွက်ပေါ်နေတာက ဘရူနို ဖာနန်ဒက်စ်ကို CM တစ်ယောက် အနေနဲ့ကွင်းလယ်မှာ သုံးရေးမသုံးရေး၊ သူက Box-to-box ကစားသမား ဟုတ်မဟုတ်ဆိုတာပါ။ တ ကယ်လည်း ဘရူနိုက CM စစ်စစ် တစ်ယောက်မဟုတ်သလို Box-to-box တစ်ယောက်မဟုတ်ပါဘူး။ သူ့မှာ လိုက်ကစားနိုင်တဲ့ ညှစ်အားရှိပြီး ရေကုန်ရေခမ်းကစားနိုင်တဲ့ စိတ်အားသတ္တိတော့လည်းရှိပါ တယ်။ ဒါပေမဲ့ ညှစ်အားဆိုတာ ရုန်းအားမဟုတ်ပါဘူး။ ညှစ်အားဆိုတာ အစွမ်းကုန်နေအောင် ထုတ် ယူရတာဖြစ်ပြီး ရုန်းအားဆိုတာက ပင်ကိုယ်ဖြစ်ပါတယ်။ ညှစ်ထုတ်ရလေလေ ကျလာလေလေပါပဲ။

နောက်ထပ် စကားပြောစရာက ဘရူနိုရဲ့ Passing တွေ ကိစ္စပါ။ ဘရူနိုက AM ကနေ လာတဲ့ ကစား သမားပါ။ သူ့ရဲ့ပေးပို့မှုတွေက အကွာအဝေးဘယ်လောက်ပဲဖြစ်နေပါစေ တိုက်စစ်နဲ့ တိုက်စစ်ကစား ကွက်အတွက်ကိုပဲ ဦးတည်နေတာပါ။ သူ့ရဲ့ပင်ကိုယ်အတွေးအထိုင်ကိုက အဲဒီအတိုင်းပါပဲ။ သဘာဝ အရကို သူက အဲဒီလို ပေးပို့မှုတွေလုပ်ဖို့ကိုပဲ အားသန်တာပါ။ ဒါပေမဲ့ ဘရူနိုရဲ့ပေးပို့မှုတွေဟာ တိုက် စစ်ဇုန်နဲ့ဝေးတဲ့နေရာကနေ ပေးပို့ရလေလေ သူ့ ပေးပို့မှုတွေရဲ့အရည်အသွေးက ကျလာလေလေပါပဲ။ ဆိုလိုချင်တာက Deeper ကနေ ပေးပို့မှု လုပ်ရရင် သူ့ပေးပို့မှုအရည်အသွေးအပြည့်ကိုမရပါဘူး။

နောက်တစ်ချက်က CM တစ်ယောက်ရဲ့ဘောလုံးပေးပို့မှု ပုံစံမျိုး ဘရူနိုမှာ သဘာဝအရကို မရှိပါဘူး။ CM တစ်ယောက်ဆိုတာ ကစားကွက်ရဲ့ အရှိန်ကို ထိန်းထားရတဲ့သူမျိုးဖြစ်ပြီး ကိုင်ထားသင့်တဲ့အခါ ကိုင်ထား နိုင်ရပါမယ်။ ဘောလုံးကို အနီးအနားမှာ အပေးအယူလုပ်ပြီး တိုက်စစ်ကစားသမားတွေ နေရာယူနိုင်ဖို့ စောင့်ရင်လည်း စောင့်ရပါတယ်။ တစ်ခါတစ်ရံကျ တိုက်စစ်ကစားသမားတွေအတွက်မဟုတ်ဘဲ ခံစစ်က နေ တိုက်စစ်လိုက်ပါရင်း ကျွံနေတဲ့ နောက်ခံလူတွေ နေရာယူနိုင်အောင် ကိုင်ထားတာပါ။ ဒါမျိုးကို ဘရူနို က ပင်ကိုယ်ဗီဇအရကို သိပ်ဂရုမစိုက်တတ်ပါဘူး။

ဘာကြောင့် ဘရူနိုကို ရူဘင် အမော်ရင်က CM မှာ သုံးနေသလဲဆိုတာကို အဖြေရှာရင် အပြန်အလှန် ချိတ်ဆက်နေတဲ့အဖြေတွေ တစ်ချို့ကို တွေ့ရမှာပါ။

နံပတ် ၁ အချက်ကတော့ သူ လိုချင်တဲ့ CM မျိုး အသင်းမှာမရှိနေတာပါ။ လက်ရှိ ကွင်းလယ်လူတွေထဲမှာ ဘောလုံး ပေးပို့မှုကို ကွာလတီကောင်းကောင်းလုပ်နိုင်တဲ့သူက မရှိနေပါဘူး။ ကက်စ်မဲရိုးက အသင့်အတင့် သမ္ဘာ နဲ့ထိန်းလုပ်နိုင်ပေမဲ့ လုံးဝ ကွာလတီပေးပို့မှုတွေမဟုတ်ပါဘူး။ ပြီးတော့ သူ့သက်လုံအရလည်း အတက် အဆင်း ကစားခိုင်းလို့မရပါဘူး။ ကိုဘီ မိုင်နူးကလည်း အဲဒီလို ပေးပို့မှုတွေထက် ဘောလုံးနဲ့အတူ ရွေ့ လျားတဲ့ကွင်းလယ်လူပါ။ CM နှစ်ယောက်တွဲမှာလည်း မိုင်နူးက အရမ်း အဆင်ပြေမနေသေးပါဘူး။

အူဂါတေးကလည်း Passing တော်တော်ဆိုးပါတယ်။ ဘောလုံးအမြင်ကလည်း တော်တော်ညံ့ပါတယ်။ ဆိုတော့ လူမခေါ်နိုင်သေးသ၍၊ CM စစ်စစ် မရောက်လာသေးသ၍တော့ ဘရူနိုကိုပဲ သုံးနေရဦးမှာပါ။ သူ့ အားနည်းချက်တွေကိုတော့ အသင်းက ဝိုင်းဖြည့်ပေါ့။ ဘရူနိုက CM Box-to-box တစ်ယောက်လိုမျိုး ဘောလုံးနဲ့အတူ တက်လာနိုင်တဲ့သူမဟုတ်တဲ့အားနည်းချက်လည်းရှိပါတယ်။

နောက်တစ်ချက်တော့ အသင်းမှာ ကွန်ညာနဲ့ အမ်ဘွေးမိုးကို သုံးတဲ့အချိန် အသင်းခေါင်းဆောင်ဖြစ်တဲ့ ဘရူနိုကို အရံခုံထိုင်ခိုင်းထားလို့မရတာကြောင့်လည်း ပါပါလိမ့်မယ်။ အသင်းခေါင်းဆောင်လည်းဖြစ်၊ အသင်းအတွက်လည်း အရေးပါတဲ့ကစားသမားတစ်ယောက်ကို ဒီအတိုင်းကြီးခေါက်ပစ်လိုက်လို့မရ တာကြောင့် သူ့အတွက် နေရာပြန်ရှာပေးလိုက်တဲ့သဘောမျိုးပါ။ အခုထိတော့ အရမ်းမပြည့်စုံသေးဘဲ သူ့အားနည်းချက်တွေကို အသင်းက ခံနေရတုန်းပါ။ ဘရူနိုက ယူနိုက်တက် စခေါ်မယ်ဆိုကတည်းက Risk အရမ်းယူတတ်တာကြောင့် အသင်းရဲ့ ဟန်ချက်ကို မငြိမ်မသက်ဖြစ်စေနိုင်လောက်တယ်ဆိုတာ မန်ယူနိုက်တက်တာဝန်ရှိသူတွေ သိပြီးသားပါပဲ။

ဆိုတော့ ယူနိုက်တက်အနေနဲ့ CM တစ်ယောက်မရောက်သေးခင်အထိ ဘရူနိုကို ကွင်းလယ်မှာ မြင်နေ ရနိုင်သေးပြီး တကယ်လို့ Deeper Zone မှာ ကစားပေးမယ့် ကွင်းလယ်လူတစ်ယောက်ရောက်လာခဲ့ဦး မယ်ဆိုရင်တောင် ဘရူနိုကို ကွင်းလယ်မှာ ဆက်မြင်နေရနိုင်သေးတဲ့ အလားအလာအများကြီးရှိနေတုန်း ပါ။