Innwa-Ads-Banner-1-1170X200

ဘာစီလိုနာရဲ့ ရာသီအဖွင့်ကို အကဲခတ်ကြည့်ခြင်း

ဘာစီလိုနာတိုဟာလည်း မာယော့ကာ နဲ့ လီဗန်တေးတိုကို ကျော်ဖြတ်ပြီး နိုင်ပွဲ ၂ ပွဲရယူထားနိုင်ပါတယ်။  ပွဲကို အချိန်ပြည့်နီးပါး စိုးမိုးကစားထားနိုင်ခဲ့တာတွေချည်းဖြစ်ပေမဲ့ လူထုတ်ပုံကတော့ မတူပါဘူး။ နေရာနှစ်ခုလောက်ကို အပြောင်းအလဲလုပ်ပြီး စမ်းသပ်သွားခဲ့တာမြင်တွေ့ခဲ့ရပါတယ်။ ပထမပွဲမှာ ရာဖင်ညာ ကို ဘယ်ခြမ်းထုတ်ထားပေမဲ့ ဒုတိယပွဲမှာတော့ ရာဖင်ညာက နံပါတ် ၁၀ ဆန်ဆန် ကစားခဲ့ရပါတယ်။ ဘယ်ခြမ်းမှာ ရက်ဖိုဒ် ပါလာခဲ့ပါတယ်။ ပထမပွဲမှာ ပက်ဒရီနဲ့ ဒီဂျောင်တွဲခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ကာဆာဒိုနဲ့ပါ။

မာယော့ကာနဲ့ပွဲက အဖွင့် ၇ မိနစ်ကတည်းက ဂိုးရခဲ့ပြီး ၂၃ မိနစ်မှာလည်း ဂိုးထပ်ရခဲ့တာကြောင့် ချော မွေ့နေခဲ့ပေမဲ့ မာယော့ကာကစားသမားထုတ်ခံလိုက်ရတဲ့နောက်မှာ ပိတ်ကစားသွားတာကြောင့် နောက် ထပ်တစ်ဂိုးထပ်ရဖိုတော့ အချိန်ယူခဲ့ရပြီး ပွဲချိန်ပြီးခါနီးမှ ရခဲ့တာပါ။ဒုတိယပွဲကတော့ မထင်မှတ်ဘဲ ပြဿနာတက်တော့မလိုပါ။ လီဗန်တေးတိုက လုံးဝကို ၅-၄-၁ ပုံစံနဲ့ပိတ် ကစားလာခဲ့ပြီး ဘာစီလိုနာရဲ့ ၄-၂-၃-၁ ကို တုံပြန်ခဲ့ပါတယ်။ လီဗန်တေးတိုကပဲ ၂ ဂိုးအရင်ရသွားခဲ့ပြီး ဂိုး ရဖို ဘာစီလိုနာတို့ တက်ဖိကစားနေတဲ့အချိန်မှာပဲ တန်ပြန်တိုက်စစ်တွေခွင့်ပြုလိုက်ရပြီး ပေးလိုက်ရတာပါ။ ဒုတိယဂိုးက တန်ပြန်တိုက်စစ်ကနေကန်သွင်းချက် လက်ထိသွားလို ပင်နယ်တီပေးလိုက်ရတာဖြစ်ပါတယ်။

ဘာစီလိုနာတို အခွင့်အရေးတွေရခဲ့ပေမဲ့ အပိုင်အသုံးမချနိုင်ခဲ့တာရယ်၊ အဝေးကန်ချက်တွေ အားပျော့နေခဲ့တာတွေရယ်ကြောင့် ဂိုးပြန်ရဖို ခက်ခဲခဲ့ပါတယ်။ ဒုတိယပိုင်းကျမှ ဖိကစားနေရင်း ပက်ဒရီရဲ့အဝေး ကန်သွင်းချက်ကနေ ဂိုးပြန်ရသွားပြီး ပွဲကို အရှိန်ဆွဲတင်လာနိုင်တာပါ။ ဆက်တိုက်ဆိုသလိုပဲ ဖာရန် တောရက်စ်က ချေပဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အနိုင်ဂိုးကိုတော့ ယာမဲရဲ့ဖြတ်တင်ဘောကနေ အယ်ဂီဇာ ဘယ်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့လို သက်သာခဲ့ရတာဖြစ်ပါတယ်။
၄-၂-၃-၁ အထိုင်ကိုတော့ ဟန်ဇီဖလစ်က သေချာချထားပြီး အခုထိ ကစားသမားတွေကိုတော့ လှည့်ပြီး သုံးကြည့်နေတုန်းဖြစ်ပါတယ်။ သူ့ကစားသမားတွေအကုန်လုံးကို ရာသီသစ်အတွက် အသင့်ဖြစ်နေစေဖို့ Rotation ကိုသုံးနေတဲ့ပုံစံပါ။ လိုအပ်လာတဲ့ ဂိုးတွေရ့ အရှိန်တင်လာတဲ့အချိန်မှာတော့ သူတိုက ကြောက်ဖိုကောင်းနေတုန်းဆိုပေမဲ့ လီဗန်တေးထက် မာတဲ့အသင်းဆိုရင်တော့ ဘာစီလိုနာတို အခက်တွေ့သွားနိုင်ပါတယ်။

တန်ပြန်တိုက်စစ်တွေကို ဂရုစိုက်ကြရမှာဖြစ်ပြီး တန်ပြန်တိုက်စစ်တွေကို နောက်ခံလူတွေက ထိန်းချုပ် ပုံမှာ လျော့တိလျော့ရဲနိုင်နေတာလေးတွေ မြင်နေရပါသေးတယ်။ အခွင့်အရေးတွေကို အပြည့်အဝအသုံး ချနိုင်ဖိုလည်း လိုနေသေးပြီး ယာမဲအပါအဝင် ကစားသမားတွေ Sharp ဖြစ်နေ့ နည်းနည်းလိုအပ်နေ သေးသလိုပါပဲ။ ၂-၀ အထိ ပေးလိုက်ရပြီးမှ ပြန်လာနိုင်တာကတော့ ဘာစီလိုနာတင်ကစားရင် တင်ကစားသလို ဂိုးရနေသေးတယ်ဆိုတာကို ဖော်ပြနေတာဆိုပေမဲ့ ဒါမျိုး တန်ပြန်တွေကနေ ဦးဆောင် ဂိုးတွေ ခွင့်ပြုနေရတာကိုတော့ ဒီထက်ပို မဖြစ်စေတော့မှ အဆင်ပြေမှာပါ။ ဒါကိုလည်း ဟန်ဇီဖလစ် ကောင်းကောင်း ထိန်းကျောင်းနိုင်ပါလိမ့်မယ်။ပိုခက်ခဲ၊ ပိုမာကြောတဲ့အသင်းတွေနဲ့ဆိုရင် ဘယ်လိုနေမလဲဆိုတာရယ်၊ ဥရောပပွဲတွေဝင်လာရင် ဘယ်လိုနေမလဲဆိုတာရယ်ကိုတော့ စောင့်ကြည့်ချင်ပါသေးတယ်။ အဲဒီအချိန်မှာ အရှိန်ရလာပြီဖြစ်လို အခု ပြဿနာတွေအကုန်လုံးကိုလည်း ဖြေရှင်းပြီးသားဖြစ်ကောင်းဖြစ်သွားမှာပါ။