Innwa-Ads-Banner-1-1170X200

ဘိုင်ယန်မြူးနစ် ဒီယက်ဇ်ကို ဘာကြောင့်စျေးကြီးပေးဝယ်ခဲ့တာလဲ?

ဘိုင်ယန်မြူးနစ်ရဲ့ RB လိုက်ဇစ်ကို ၆-၀ နဲ့ချေမှုန်းခဲ့တဲ့ ပွဲမှာ တစ်သင်းလုံးရဲ့ စွမ်းဆောင်ရည်က အတော်လေး ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ တစ်ယောက်တည်းသော ကစားသမားဟာ Kompany ရဲ့ ဘိုင်ယန်တစ်သင်းလုံးကို ကိုယ်စားပြုနိုင်ခဲ့တယ်။ သူက Luis Díaz ပါ။ဒီပွဲမှာ Díaz ဟာ သာမန် တောင်ပံကစားသမားအဖြစ်သာ ကစားခဲ့တာမဟုတ်ဘူး။ ဘိုင်ယန်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးကစားမှု (Pressing)၊ တိုက်စစ်နေရာရွေ့ပြောင်းနိုင်တွေ (Attacking Rotations) နဲ့ တောင်ပံတောက်လျှောက်ထိုးဖောက် ကစားဟန် (Vertical Play) တွေကို ချိတ်ဆက်ပေးနိုင်တဲ့ နည်းဗျူဟာအတွက် မီးစာအဖြစ် ရပ်တည်နေခဲ့တာပါ။ Diazဟာ ဘာလို့ ဒီစနစ်ထဲမှာ သဘာဝကျကျဝင်ဆန့်နေရသလဲဆိုတာ နားလည်ဖို့ သုံးသပ်ကြည့်ချင်ပါတယ်။

ပထမအချက်က Diazရဲ့ ပြင်းထန်ပြီး ထိရောက်တဲ့ ဖိကစားမှု (The Pressing Machine) ကစားဟန်ပါ။ ပွဲစဉ်စတင်ကတည်းက ဘိုင်ယန်ရဲ့ ဖိကစားမှုဟာ အလွန်ပြင်းထန်ခဲ့တယ်။ လိုက်ဇစ်အတွက် အနောက်ကနေ ဘောလုံးနဲ့အတူ ကစားကွက်တည်ကစားဖို့တောင် မလွယ်ကူခဲ့ဘူး။ ဒါဟာ ဘိုင်ယန်ရဲ့ High Line တိုက်စစ်မျဉ်းက အတော်မြင့်ပြီးဖိကစားမှုကြောင့်ပါပဲ။Díaz ဟာ ဒီဖိအားပေးနည်းစနစ်မှာ အဓိကအခန်းကနေ ပါဝင်ခဲ့တယ်။ သူဟာ ဘောလုံးဆီကို မျက်စိမှိတ်ပြီး ပြေးနေတာမျိုး မဟုတ်ဘူး။ သူ့ရဲ့ ပြိုင်ဘက်ဖိအားပေးနည်းစနစ်
ဖြစ်တဲ့ (Angles of Pressure) က တွက်ချက်ထားသလိုပါပဲ။ လိုက်ဇစ်ရဲ့ ဘယ်တောင်ပံနောက်ခံလူ (Full-backs) ကို ပိတ်ဆို့ပြီး ဘောလုံးကို ကွင်းလယ်ဆီ ပို့လာအောင် အတင်းအကြပ် ဖိအားပေးကစားပြခဲ့ပါတယ်။ ဘောလုံးကွင်းလယ်ရောက်လာချိန် အသင့်စောင့်နေတဲ့ဘိုင်ယန်ရဲ့ ကွင်းလယ်
ကစားသမားတွေက (Midfield Trap) နည်းစနစ်ကို စတင် အသုံးချပါတယ်။ ဒီနေရာမှာ Jürgen Klopp ဆီက Liverpool မှာ သင်ယူခဲ့ရတဲ့ Gegenpressing ရဲ့ နည်းစနစ်တွေ ပေါ်လွင်လာတယ်။ နေရာလွတ်ကို ချက်ချင်းပိတ်ဖို့၊ ဒုတိယဘောလုံး (Second Ball) ကို ကြိုတင်ခန့်မှန်းဖို့နဲ့ ပြိုင်ဘက်ကို စွန့်စားခိုင်းစေတဲ့(High-risk Passes) တွေလုပ်ဖို့ Diaz တစ်ယောက်ကောင်းကောင်းနားလည်ထားပါတယ်။ ပြိုင်ဘက်ကို မိမိရဲ့ ကွင်းဘက်ခြမ်းမှာပဲ အသက်ရှုကျပ်အောင်လုပ်တဲ့ ဘိုင်ယန်ရဲ့ နည်းဗျူဟာအတွက် Díaz ဟာ အကောင်းဆုံး ပုံဖော်နိုင်သူ (Perfect Executor) ပါပဲ။

ဒုတိယအချက်က ခံစစ်တိုက်စစ်ကို အမြန်ဆုံး ကူးပြောင်းနိုင်တဲ့ နည်းစနစ်မှာ Diaz က ဆရာတစ်ပါးပါ။
ဖိအားပေးကစားဟန်ကေ နည်းစနစ်ဇာတ်လမ်းရဲ့ တစ်ဝက်ပဲရှိပါသေးတယ်။ ဒီDíaz ရဲ့ တကယ့်တန်ဖိုးက ခံစစ်ကနေရယူလိုက်တဲ့ ဘောလုံးကို တိုက်စစ်အခွင့်အလမ်းအဖြစ် ချက်ချင်းပြောင်းလဲနိုင်တဲ့ အရည်အသွေးပါပဲ။Díaz ဟာ ဒီအခိုက်အတန့်တွေကို အခွင့်ကောင်းယူဖို့ အနေအထားမှန်နဲ့ အမြဲရှိနေခဲ့တယ်။သူ့ရဲ့ တောင်ပံကနေ အတွင်းဘက်ကို ပြေးတဲ့ Diagonal Runs တွေဟာ အထူးသဖြင့် ပြိုင်ဘက်ခံစစ်ကိုပျက်စီးစေနိုင်ခဲ့တယ်။ Harry Kane က နောက်ထိဆင်းပြီး ချိတ်ဆက်ကစားတိုင်း (Drop Deep)၊ Díaz ဟာ ပြိုင်ဘက်ရဲ့ ညာဘက် နောက်ခံလူ (Right-back) ရဲ့ နောက်က လမ်းကြောင်း (Channel) ထဲကို ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားတယ်။ ဒီလို Vertical Option က ပြိုင်ဘက်ခံစစ်လိုင်းကို တည်ငြိမ်မှုပျက်ပြားစေခဲ့ပါတယ်။

တတိယအချက် ဖြစ်တဲ့ Musiala, Kane နဲ့ Díaz – တို့က်ိုပေါင်းပြီး နည်းစနစ်ပိုင်း ပြင်ဆင်ထားတဲ့ (The Lethal Triangle)အကြောင်းပြောပြချင်ပါတယ်။
ဘိုင်ယန်ရဲ့ တိုက်စစ် တည်ဆောက်မှုရဲ့ အဓိကသော့ချက်က ပြောင်းလွယ်ပြင်လွယ်တဲ့တြိဂံပုံစံ ကစားဟန် (Fluid Triangles) ကို အားထားတာပါ။ Jamal Musiala, Harry Kane နဲ့ Luis Díaz တို့ရဲ့ တိုက်စစ် တြိဂံဟာ အန္တရာယ်ရှိတဲ့ တိုက်စစ်လမ်းကြောင်း (Dangerous Sequence) တိုင်းရဲ့ ဗဟိုမှာ ရှိနေခဲ့တယ်။Díaz ကို စွန့်စားရတဲ့ တိုက်စါစလမ်းကြောင်းတွေကို ထိုးဖောက်ဖို့ လွတ်လပ်ခွင့် (Freedom) အပြည့်ရပြီး ဂိုးရဖို့ကို အဓိကတာဝန်ယူရပါတယ် ။ Díaz အနေနဲ့ ဘိုင်ယန်မြူနစ်တိုက်စစ် နည်းဗျူဟာကို ထိရောက်အောင် ကစားနိုင်စေအရာက သူ့ရဲ့ အမြန်နှုန်း (Pace) ဒါမှမဟုတ် ဘောလုံးကိုင်နှုန်း (Dribbling) တစ်ခုတည်းကြောင့် မဟုတ်ဘူး။ ဘောလုံးမရှိဘဲနဲ့ ကစားတဲ့အခါမှာရှိတဲ့ သူ့ရဲ့ ထက်မြက်တဲ့ ဘောလုံးဉာဏ်ရည် (Football Intelligence) ကြောင့်ပါ။ နည်းဗျူဟာအရ ဘိုင်ယန်က တောင်ပံကစားသမားတွေကို ပြိုင်ဘက်ခံစစ်ကစားသမားနဲ့ တစ်ဦးချင်းရင်ဆိုင်ဖို့သာမက ခံစစ်ကာကွယ်မှုစနစ် (Defensive Block) တစ်ခုလုံးကို ချိုးဖျက်ဖို့ (Manipulate) လိုချင်တာပါ။ တိုက်စစ်ကူးပြောင်းမှု (Transition) တွေမှာလည်း Díaz ဟာ သူ့ရဲ့ တန်ဖိုးကို ပြသခဲ့တယ်။ဘယ်အချိန် Foul လုပ်ရမလဲ၊ Davies နဲ့ ဘယ်လို တွဲကစားရမလဲ၊ ဘယ်အချိန် နောက်ဆုတ်ပြီး ခံစစ်ကာကွယ်မှုပုံစံ (Defensive Shape) ကို ဆက်ထိန်းရမလဲ ဆိုတာ သူသိခဲ့တယ်။ ဒီလို စည်းကမ်းရှိမှုက ဘိုင်ယန်မြူးနစ်အတွက် အဖိုးမဖြတ်နိုင်တဲ့အရာပါ။ ဒီတော့ Luis Díaz ဟာ ဘာကြောင့် ဘိုင်ယန်မြူးနစ်အတွက် ဒီလောက် ကိုက်ညီရတာလဲ။အဖြေက သူ့ရဲ့ ပင်ကိုယ်အရည်အသွေးတွေနဲ့ Kompany ရဲ့ နည်းစနစ်ပိုင်းတောင်းဆိုမှုတွေ အပြန်အလှန် ကိုက်ညီနေလို့ပါပဲ။ Kompany ဘက်ကတောင်းဆိုတာက တောင်ပံကစားသမားတွေအနေနဲ့
၁. ပြင်းထန်ပြီး ထက်မြက်တဲ့ ဖိကစားမှု (Aggressive & Intelligent Pressing)
၂. ခံစစ်ကာကွယ်မှုကနေ တိုက်စစ်ကို ချက်ချင်း ကူးပြောင်းနိုင်မှု (Instant Transition)

၃၊ တိုက်စစ်နဲ့ ကွင်းလယ် ချိန်ခွင် ညီမျှမှု(Balancing &Positional Rotations) စတဲ့အရာတွေကို တောင်းဆိုထားတာပါ။Díaz ဟာ ဒီအရာတွေအားလုံးကို ကမ္ဘာ့အဆင့်မီ ကစားပြနိုင်တယ်။ Klopp ဆီက နှစ်တွေအကြာကြီး သင်ယူထားတဲ့ ဖိကစားမှုက သူ့အတွက် သဘာဝလို ဖြစ်နေပြီ။ သူ့ရဲ့ အမြန်နှုန်းနဲ့ တိုက်ရိုက်ထိုးဖောက်နိုင်တဲ့ ကစားဟန်က ဘိုင်ယန်ရဲ့ ဒေါင်လိုက် ကစားဟန် (Vertical Game) နဲ့ ကိုက်ညီတယ်။ သူ့ရဲ့ နေရာမျိုးစုံ ကစားနိုင်စွမ်း (Positional Flexibility) က သူ့ကို သာမန် တောင်ပံကစားသမားထက် ပိုစေပါတယ်။ သူဟာ ခံစစ်ကာကွယ်မှုစနစ်တွေကို ချိုးဖျက်နိုင်တဲ့ နည်းဗျူဟာဆိုင်ရာ လက်နက်တစ်ခု (Tactical Weapon) ဆိုတာ ဘိုင်ယန်ရောက်ရောက်ချင်း ပြသနိုင်ခဲ့ပါတယ်။ ကဲ ဒီလောက်ဆို ဘိုင်ယန်မြူးနစ်ဘာကြောင့် စာချုပ်သက်တမ်း အနည်းငယ်သာကျန်တော့တဲ့ Diazကို ဘာကြောင့်စျေးကြီးပေးဝယ်ခဲ့လဲဆိုတာသဘောပေါက်လောက်ပါပြီ။ နောက်အပတ်တွေမှာဘယ်ကစားသမားရဲ့ နည်းစနစ်ပိုင်း သုံးသပ်ချက်တွေ နားထောင်ချင်လဲဆိုတာ comments မှာပြောသွားပေးလို့ရပါတယ်။