ဘောလုံးလောကထဲမှာ ခေတ်ကြီးတစ်ခုပြောင်းလဲပပြီဆိုတဲ့ အချိန်ဟာ တဖြည်းဖြည်းရောက်ရှိလာပြီလို့ ပြောရမှာပါ။ Karl-Heinz Rummenigge ဆိုတဲ့ ဘိုင်ယန်မြူးနစ် ဂန္တဝင်ကြီးနောက်ဆုံး ဟောပြောပွဲတစ်ခုမှာ ပြောခဲ့တဲ့ စကားလေးကလည်း အထက်ပါအကြောင်းအရာကို တိကျစွာ သက်သေပြနေပါတယ်။ သူက ဒီလိုပြောခဲ့ပါတယ် – “Messi နဲ့ Ronaldo တို့ဟာ ဆယ်စုနှစ် နှစ်စုစာနီးပါးခေတ်တစ်ခုလုံးရဲ့ ဂန္တဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့သူတွေ၊ ဒါပေမယ့် အနာဂတ်အတွက်တော့ Mbappé နဲ့ Lamine Yamal တို့ကို အားလုံးစောင့်ကြည့်ရပါမယ်” လို့ပြောကြားခဲ့တာပါ။ ဒီစကားလေးဟာ ဥရောပမှာ တော်တော်ကို လူတွေ စိတ်ဝင်စားစေခဲ့သလို၊ ဘောလုံးပရိသတ်အတွက်တော့ တစ်ခါတည်း အနာဂတ်အလင်းရောင်ကို သတိပေးလိုက်သလို ဖြစ်သွားပါတယ်။ Karl-Heinz ပြောကြားခဲ့တဲ့ ဟောပြောပွဲ က ဩဂုတ်လ ၂၁ရက်နေ့မှာကျင်းပခဲ့တဲ့ ဥရောပ သမဂ္ဂဆိုင်ရာ ဘောလုံးတိုးတက်ရေးဆိုတဲ့ နာမည်ကြီး အခမ်းနားမှာပါ။ လူပေါင်း ၁၀၀၀၀နီးပါးတက်ရောက်ခဲ့ပါတယ်။
Messi နဲ့ Ronaldo တို့ဟာ နောက်ဆုံး နှစ် ၂၀ အတွင်း ဘောလုံးကို အဓိက ထိန်းချုပ်ခဲ့တဲ့ နာမည်ကြီး ဂန္တဝင်တွေပါ။ သူတို့နှစ်ဦးဟာ အားကစားသမိုင်းထဲမှာ ဘယ်သူမှမယှဉ်နိုင်တဲ့ စွမ်းဆောင်ရည်တွေ ထားခဲ့ကြတာ အမှန်ပါ။ Messi က Barcelona မှာ tiki-taka football ကို အောင်မြင်စေခဲ့သလို၊ အားလုံးအတွက် လှပပြီး ဖန်တီးနိုင်စွမ်းပြည့်နက်တဲ့ ဘောလုံးအနုပညာစီးဆင်းမှုကို သက်သေချန်ခဲ့သူပါ။ Ronaldo ကတော့ Manchester United, Real Madrid, Juventus ကာလတွေအပြီးမှာ ထိပ်တန်းအကောင်းဆုံး goal scorer အနေနဲ့ တစ်သက်တာဘောလုံးသမိုင်းကို အမှတ်တရချန်ထားခဲ့သူပါ။ နှစ်ခုပေါင်းပြီးပြောရမယ်ဆိုရင် – Messi နဲ့ Ronaldo တို့ဟာ သီးသန့်စွမ်းဆောင်ရည်တွေနဲ့ အပြိုင်အဆိုင်တွေကြောင့် ဘောလုံးခေတ်တစ်ခုလုံးကို စိုးမိုးန်ိုင်ခဲ့ကြတာ သေချာပါတယ်။
ဒါပေမယ့် ဘောလုံးက အမြဲတမ်းတစ်ယောက်၊ နှစ်ယောက်နဲ့ ကုန်ဆုံးတတ်တဲ့ အားကစားမဟုတ်ပါဘူး။ ခေတ်က အမြဲပြောင်းလဲရပြီး၊ ဂန္တဝင်တွေ နားယူသွားတဲ့အချိန်တိုင်းမှာ အသစ်တစ်ခု စတင်စမြဲပါ။ ဒီတစ်ခါတော့ ပရိသတ်အားလုံးရဲ့ အာရုံစိုက်မှုဟာ Kylian Mbappé နဲ့ Lamine Yamal ပေါ်ကို အလွန်ပြင်းပြနေပါတယ်။
Mbappé ဟာ ဘယ်ကြောင့်စောင့်ကြည့်သင့်သလဲဆိုရင်၊ သူ့အသက် ၂၆ နှစ်အရွယ်မှာတင် ခေတ်သစ်စွမ်းဆောင်ရည်အမြင့်ဆုံးထိပ်ဆုံးတွေထဲမှာ စာရင်းဝှဝင်ထားပြီးသားဖြစ်ပါတယ်။ World Cup 2018 မှာ အသက်အငယ်ဆုံးနဲ့ ချန်ပီယံဖြစ်စေခဲ့သလို၊ 2022 World Cup Final မှာလည်း Messi နဲ့အပြိုင်ကြဲနိုင်ခဲ့သူပါ။ သူ့ရဲ့ ဘောလုံးကစားဟန်က အလျင်မြန်ဆုံး counter attack ပုံဖော်နိုင်စွမ်း၊ ဖိအားတွေအောက်မှမှာ မိမိကိုယ်ကို ခုခံနိုင်စွမ်းနဲ့ ချိန်စားကိုက် နေရာကိုက် လျင်မြန်မှု တို့ကြောင့် ထိပ်တန်းstriker တစ်ဦးအဖြစ် လူသိများလျက်ရှိပါတယ်။
တစ်ဖက်မှာတော့ ၁၇နှစ်အရွယ် လူငယ်ကစားသမား Lamine Yamal ရှိပါတယ်။ Barcelona ရဲ့ အနာဂတ်တဲ့ ထပ်တူဖန်တီးဖို့ Yamalကို အခြေခံထားတာလဲဖြစ်ပါတယ်။ သူဟာ လက်ရှိ La Liga မှာ အသက်ငယ်ဆုံး ဂိုးသွင်းနိုင်ခဲ့သူ ဖြစ်သလို၊ စပိန်လက်ရွေးစင်အသင်းနဲ့ အောင်မြင်တဲ့ ချီတက်ပွဲတွေကိုလည်း စတင်စွမ်းဆောင်ပြထားနိုင်တဲ့သူလဲဖြစ်ပါတယ်။ Yamal ရဲ့ ထိပ်တန်းစွမ်းဆောင်ရည်က ကြွရွနေတဲ့ dribbling, တစ်ယောက်ထဲ ဖန်တီးနိုင်တဲ့ playmaking စွမ်းရည်နဲ့ sniper တစ်ယောက်လို ဘယ်ချိန်ကန်ကန် လှပထိမှန်တဲ့ shooting instinct တို့ဖြစ်ပါတယ်။ Messi ရဲ့ ကိုယ်ပွါးလို့တောင်ပြောနိုင်တဲ့ အနုပညာလက်ရာဖြစ်တဲ့အတွက် အားလုံး က စောင့်ကြည့်နေကြပါတယ်။
Karl-Heinz Rummenigge ရဲ့ စကားမှာ တိကျမှန်ကန်တဲ့ သဘောတရားရှိတယ်။ ဘောလုံးမှာ သမိုင်းက အမြဲတမ်း စဉ်ဆက်မပြတ်ဖြစ်နေပါတယ်။ Pelé ကနေ Maradona, Maradona ကနေ Zidane, Zidane ကနေ Messi – Ronaldo ဆိုပြီး ခေတ်တစ်ခေတ်နဲ့ အမြဲချီတက်လာခဲ့တာပါ။ ဒါကြောင့် Messi – Ronaldo ခေတ်က တဖြည်းဖြည်း ငုတ်လျိုးသွားရသလို၊ Mbappé နဲ့ Yamal ခေတ်ကို လာမယ့်အနာဂတ်မှာ လူတိုင်း တွေ့မြင်ရမယ်ဆိုတာ သေချာပါတယ်။ ဘောလုံးရဲ့ အံ့ဖွယ်အချက်ကတော့ “တစ်ခါတစ်လေ အသက်ငယ်ငယ်နဲ့ စတင်ပေါ်ပေါက်လာသူတွေက “ကျန်အရာအားလုံးကို မထင်ရလောက်အောင် ပြန်လည်ပြောင်းလဲပေးနိုင်တယ်” ဆိုတဲ့ အမှန်တရားပါ။ Mbappé ကတော့ ၁၉ နှစ်အရွယ်မှာပဲ World Cup ကို နိုင်ငံအတွက် ဆွတ်ခူးနိုင်ခဲ့သလို၊ Yamal ကလည်း ၁၆ နှစ်နဲ့ပဲ Barcelona ရဲ့ starting XI ထဲမှာ ခိုင်ခိုင်မာမာနေရာယူထားပြီးသားဖြစ်နေပါပြီ။ ဒါအပြင် နှစ်ဦးလုံးက ဒိတ်ဒိတ်ကြဲအသင်းတွေဖြစ်တဲ့ ရီးရဲလ်နဲ့ ဘာစီလိုနာပါ။ အဲဒီအချက်တွေက သူတို့ကို အနာဂတ်ကြယ်ပွင့် မျှော်လင့်စရာအဖြစ် သတ်မှတ်ထားတာပါ။ ပရိသတ်တွေ အတွက် အခုချိန်ကအလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့အချိန်ပါ။ တစ်ချိန်က Messi နဲ့ Ronaldo တို့ရဲ့ အခိုက်တန့်တွေကို ပျော်ရွှင်စွာသိမ်းဆည်းနေရင်း၊ အနာဂတ်မှာတော့ Mbappé နဲ့ Yamal တို့ရဲ့ ချီတက်ပုံတို့ကို စောင့်ကြည့်နေရမှာဖြစ်ပါတယ်။အဆုံးသတ်ရရင် Karl-Heinz Rummenigge ရဲ့ စကားဟာ တကယ့်ကို တိကျတဲ့ အမှန်တရားအဖြစ်ထင်ဟပ်ပေးလိုက်တာပါ ။ ခေတ်အသစ်ကို စတင်ဖန်တီးမယ့်သူတွေက Mbappé နဲ့ Yamal ဖြစ်မယ်ဆိုတာ ဘောလုံးတစ်လောကလုံး ကို စတင်လှုပ်နိုးလိုက်ပြီပဲဖြစ်ပါတယ်။