Innwa-Ads-Banner-1-1170X200

မာရက်စကာတွက်ချက်ဖော်ထုတ်နေတဲ့ ချယ်လ်ဆီး Creative ဖော်မြူလာ

ချယ်လ်ဆီးတို့ဟာ ရာသီအဖွင့်ပွဲမှာ ပဲလေ့စ်ကို သရေကျခဲ့ကြပါတယ်။ အိမ်ကွင်းမှာပါ။ ပဲလေ့စ်တို့က ပုံစံကောင်းရနေတာကြောင့်လည်းပါသလို ဒီအထဲမှာ ချယ်လ်ဆီးနဲ့ မာရက်စကာတို့အဖြေရှာရဦးမယ့် ကိစ္စတစ်ခုကလည်း ပါဝင်နေပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ ချယ်လ်ဆီးရဲ့ Creative ပိုင်းဆိုင် ရာ ဖော်မြူလာတစ်ခုပါ။ နောက်တစ်နည်းပြောရရင် ဂိုးတွေဖြစ်လာအောင် ဘယ်လိုဖန်တီးယူကြမလဲဆိုတာပါ။

ပွဲစဉ် ၂ ဝက်စ်ဟမ်းကွင်းမှာတော့ ချယ်လ်ဆီးတို့ ၅ ဂိုးအထိရသွားခဲ့ပေမဲ့ အဲဒီအထဲမှာ ထောင့်ကန်ဘော ကနေ ၃ ဂိုးပါဝင်နေပါတယ်။ Open-play ကနေ ရခဲ့တဲ့ ဂိုးက နက်တိုရဲ့ ဂိုးနဲ့ အန်ဇို ရခဲ့တဲ့ ဂိုးတို့ဖြစ်ပါ တယ်။ ထောင့်ကန်ဘောတွေ၊ ပြစ်ဒဏ်ဘောတွေဟာလည်း အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေပြီး အရပ် အမောင်းနဲ့ ကြံ့ခိုင်မှုရှိတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားရင် အသုံးချသင့်တဲ့ ကိစ္စတစ်ခုဆိုတာရှေ့မှာ သပ်သပ်တစ်ပုဒ်အနေနဲ့ တင်ဆက်ခဲ့ပြီးပါပြီ။ ဆိုတော့ ချယ်လ်ဆီးတို့ ထောင့်ကန်ဘောကနေ ၃ ဂိုးရသွား  တာဟာလည်း ကောင်းတဲ့ကိစ္စပါ။

ဒါပေမဲ့ မာရက်စကာဟာ သူ့ရဲ့ တိုက်စစ်ဖန်တီးမှုအတွက်ကိုတော့ ဖော်မြူလာတွက်ထုတ်နေတုန်းပဲဆို တာ ၂ ပွဲမှာ မြင်ခဲ့ရတဲ့ လူထုတ်ပုံနဲ့အခင်းအကျင်းတွေအားဖြင့် သိသာစေပါတယ်။ ပဲလေ့စ်နဲ့နေ့တုန်းက ၄-၂-၃-၁ အထိုင်မှာ ကွင်းလယ်ကို အန်ဇို-ကိုင်စီဒိုအတွဲနဲ့ ပွဲထွက်လာခဲ့ပြီး နက်တို၊ ပါးမား၊ ဂစ်တန်တို့ ရှေ့ မှာ ပက်ဒရိုကို သုံးခဲ့ပါတယ်။ ပါးမားကို အတွင်းမှာ သုံးပြီဟေ့ဆိုရင် အမြဲကြုံရလေ့ရှိတာကတော့ သူ့ကို Lock လုပ်ပစ်ခံရတာပါ။ ပါးမားလိုကစားသမားကို စိတ်တိုင်းကျလှုပ်ရှားခွင့်လည်းမပေးထားသလို သူ့ဆီ ဘောလုံးပေးမယ့် အန်ဇို-ကိုင်စီဒိုတို့ဆီက လမ်းကြောင်းတွေကိုပါ ပိတ်ပစ်ထားတာပါ။

တောင်ပံမှာ ကစားရတာနဲ့ ကွင်းလယ်မှာ ကစားရတာက အဲဒါ ကွာပါတယ်။ ကွင်းလယ်ဆိုတာက လေး ဖက်လေးတန်လုံးကို သတိထားနေရတဲ့နေရာမျိုးဖြစ်ပြီး ပိုကစားပေါက်ကြပ်ပါတယ်။ ဒီအချိန်မှာ ဂစ်တန် ကလည်း EPL နဲ့အသားကျဖို့ အချိန်ယူရဦးမှာဖြစ်လေတော့ ချယ်လ်ဆီးတို့ လိုအပ်တဲ့ ဖန်တီးမှုတွေကို မ လုပ်သွားနိုင်ခဲ့ပါဘူး။

သို့သော် မာရက်စကာမှာ အပေါဆုံးက အရည်အချင်းရှိ ကစားသမားတွေပါ။ ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ သူက လုံးဝကို အခင်းအကျင်းသစ်ထုတ်လာပါတယ်။ ယာအို ပက်ဒရိုကို နံပါတ် ၁၀ ဆန်ဆန် နောက် ချန် ကစားစေပြီး လီယန် ဒီလပ်အထောင်ကိုမှ နက်တိုနဲ့ အက်စတာဗောင်းတို့ကို ခြံရံလာခဲ့ပါတယ်။ ပက်ဒရို က အစွန်ဘက်တွေဆီကို ထွက်ကစားပြီး ဒီလက်ပ်က တဖက်ခံစစ်တွေကို နေရာလွတ်ဖော်ထုတ်ပါ တယ်။

သူ့ရဲ့ဖန်တီးမှုတာဝန်ခံတွေအဖြစ် တောင်ပံတွေကို အဓိကသုံးလာတာဖြစ်ပြီး အဲဒီအစွန်ခြမ်းတွေကနေပဲ အခွင့်အရေးတွေကို ရသွားတာပါ။ နက်တိုဆီကိုလာတဲ့ ဂိုးရော၊ အက်စတာဗောင်း ချိုးချလိုက်တဲ့ ဂိုးရော က တောင်ပံကနေ လာတာဖြစ်ပါတယ်။ ကွင်းလယ်ကနေ တိုက်စစ်ကို ဖန်တီးဖို့အရေးကို ပိတ်ချခံရတဲ့ အခါ တောင်ပံတွေကနေ တုံ့ပြန်ဖို့ ပြင်ဆင်လာတာပါ။ဒါမျိုး အပြောင်းအလဲတွေကို မာရက်စကာအနေနဲ့ နောက်ထပ် ပွဲတွေမှာလည်း ထပ်လုပ်သွားနိုင်ပါ သေးတယ်။ လိုအပ်ရင် လိုအပ်သလို ဘယ်နေရာကနေ တိုက်စစ်ကို ပုံဖော်မယ်ဆိုတာကို ဆုံမှတ်ပြောင်း ကစားနိုင်တာနဲ့ အဲဒီလို ပြောင်းကစားဖို့ လိုအပ်တဲ့ ကစားသမားရင်းမြစ်ရှိတာကတော့ သူ့အတွက် အား သာချက်ပါပဲ။ အက်စတာဗောင်းဟာလည်း ဒီနှစ်အတွက် စောင့်ကြည့်ရမယ့် ကစားသမားထဲဝင်လာပြီ ဖြစ်ပြီး ယာအိုပက်ဒရိုဟာ ချယ်လ်ဆီးအတွက် တော်တော် အကျိုးရှိပါလိမ့်မယ်။ ပါးမားအနေနဲ့တော့ အခု ထက်ပိုပြီး နေရာအတွက် တိုက်ပွဲဝင်ရမယ်ထင်ပါတယ်။