မော်ဒန်ဘောလုံးအကြောင်း တွေးတဲ့အခါ အရင်ဆုံးပထမဆုံးစဉ်းစားတာက open play ကစားပုံစံတွေဖြစ်တဲ့ tiki-taka, counter attack, possession game နဲ့ gegenpressing စတာတွေပါ။ ဒါပေမယ့် နောက်ပိုင်းခေတ်သစ်ဘောလုံးမှာ တိတ်တဆိတ် ပြောင်းလဲလာတဲ့ အရာတစ်ခုက set piece တွေဖြစ်ပါတယ်။ Corner, free kick, throw-in, penalty ဆိုတဲ့ တည်ကန်ဘောတွေဟာ ဘောလုံးရဲ့အခြေခံသဘောတရားမှာ သေချာပြီး အန္တရာယ်ရှိတဲ့ ဂိုးရဖို့အခွင့်ရေး တွေဖြစ်နေပါပြီ။ အရင်တုန်းက မျက်စိမှိတ်ပြီး မေ့ထားတဲ့ အရာတွေကို အခုခေတ်မှာ အသင်းတိုင်းနီးပါး တိကျအောင် လေ့ကျင့်လာကြပါတယ်။
Premier League ကို ဥပမာအနေနဲ့ပြောရမယ်ဆိုရင် Brentford က တကယ့် တည်ကန်ဘောအထူးကျွမ်းကျင်တဲ့ အသင်းဖြစ်ပါတယ်။ သူတို့မှာ Thomas Grønnemark လို “လက်ပစ်ဘောနည်းပြ” ကို ပထမဆုံးခေါ်ယူခဲ့တဲ့ အသင်းပါ။ လက်ပစ်ဘောကို ပုံမှန်ထက်ပိုပြီး အန္တရာယ်ဖြစ်အောင် နည်းစနစ်နဲ့ ချိန်စားကိုပြေးလွှားပုံ တိကျအောင် ပြင်ဆင်ထားတာကြောင့် Brentford ရဲ့ ထောင့်ကန့်ဘော၊ ပြစ်ဒဏ်ဘော၊ လက်ပစ်ဘောတွေက, သူတို့ တစ်နှစ်လုံး ရနိုင်ခြေရှိတဲ့ အမှတ်တွေထဲက ၄၀%ထိ မှာ အဓိကထောက်ပံ့ပေးခဲ့ပါတယ်။ Liverpool ကလည်း မော်ဒန် တည်ကန်ဘောနည်းစနစ် အောင်မြင်တဲ့ အသင်းတစ်သင်းပါ။ နည်းပြဟောင်းKlopp ရဲ့ နည်းပြအဖွဲ့ထဲမှာ လက်ပစ်ဘောနည်းပြ သီးသန့်ထားပြီး၊ တည်ကန်ဘော ကနေ Milner, Henderson တို့သာမက Trent Alexander-Arnold, Robertson တို့အထိ လေ့ကျင့်ခန်းအစီစဉ်တွေမှာ နေ့စဉ် ၂နာရီလေ့ကျင်ရပါတယ်။ Liverpool ရဲ့ တိုက်စစ်နည်းစနစ်တွေထဲမှာ တည်ကန်ဘော က တကယ့်အရေးကြီးတဲ့ လက်နက်တစ်ခုဖြစ်လာခဲ့ပြီး တချို့ပြိုင်ပွဲတွေမှာ အနိုင်ရတဲ့အထိ အဓိက turning point ဖြစ်ခဲ့ပါတယ်။ Slott လက်ထက်မှာတော့ လက်ပစ်ဘောနည်းပြ မရှိတော့ပဲ နည်းပညာပိုင်းဆိုင်ရာ set-piece controller ကို သုံးစွဲနေပါတယ်။
Manchester City က Guardiola ရဲ့ နည်းစနစ်မှာသေချာတဲ့ အစီစဉ်တစ်ခုအနေနဲ့ တည်ကန်ဘော ကို ထည့်ထားပါတယ်။ City အသင်းဟာ open play creativity နဲ့ နာမည်ကြီးပေမယ့်၊ 2023/24 ကစပြီး Premier League မှာ တည်ကန်ဘောကနေ နှစ်တိုင်း အနည်းဆုံး ၁၅ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ Man City က အခြားအသင်းတွေလို ထူးထူးခြားခြားမဟုတ်ပေမယ့် ကစာသမားအရည်အသွေးနဲ့ intelligence ကြောင့် ထိရောက်တဲ့ တည်ကန်ဘော သုံးပုံသုံးနည်းတွေ ဖန်တီးနိုင်တာဖြစ်တယ်။ နည်းပြဆိုပြီးသက်သက်မရှိပါဘူး။
Arsenal ကိုကြည့်ရင်တော့ အလွန်ရှင်းလင်းပါတယ်။ Arteta ဟာ ၂၀၂၁ ခုနှစ်မှာ နာမည်ကြီး တည်ကန်ဘောနည်းပြ h Nicolas Jover ကို ထည့်ခဲ့ပြီး၊ အဲဒီနောက်မှာ Arsenal ရဲ့ ထောင့်ကန့်ဘော အသုံးချနိုင်စွမ်းက အများကြီး တိုးတက်သွားပါတယ်။ Arsenal ထောင့်ကန်ဘောဆို အားလုံးကြောက်ရပါတယ်။ ၂၀၂၂/၂၃ ရာသီမှာ Arsenal ရဲ့ တည်ကန်ဘောကနေရတဲ့ ဂိုးအရေတွက်ဟာ ဥရောပအသင်းအားလုံးထက် ပိုများခဲ့တာကိုတွေ့နိုင်တယ်။
Chelsea, Tottenham တို့လို အသင်းတွေမှာလည်း အလားတူလေ့ကျင့်မှုတွေ များလာကြပြီး၊ ခေတ်အဟောင်းနဲ့ယနေ့ခေတ်ကို နှိုင်းယှဉ်မယ်ဆိုရင် အခုခေတ်မှာအတော်လေး တိုးတက်လာတာကို သေချာမြင်နိုင်တယ်။ အရင်တုန်းက ထောင့်ကန်ဘော ဆို box ထဲထည့်ပြီး ခေါင်းတိုက်ခိုင်းမယ်၊ ပြန်ထွက်လာရင် တန်းကန်မယ် ဒါပါပဲ။ ဒါပေမယ့် အခုတော့ ဟန်ဆောင်ပြေးတာတွေ၊ ဂိုးသမားကို အမြင်ဝေဝါးအောင်လုပ်တာတွေ၊ ပြိုင်ဘက်နောက်ခံလူတွေကို နေရာယူမမှန်အောင်လုပ်တဲ့ နည်းစနစ်တွေကို အသင်းတစ်သင်းချင်းစီ ထူးခြားစွာအသုံးချလာကြတယ်။နည်းပညာပိုင်းကို ပြောရရင်လည်း အရမ်းမတူတော့ပါဘူး။ လေ့ကျင့်ရေးကွင်းတွေမှာ drone နဲ့ 3D ပုံရိပ်အသုံးပြုပြီးလေ့ကျင်ကြတယ်၊ ပြိုင်ဘက် အားနည်းချက်ကို data-driven analysis နဲ့ ထုတ်ယူပြီး ဂိုးရအောင် အချက်လက်တွေတွက်ထုတ်လာကြပါတယ်။ ဒီလိုနည်းပညာသုံးစွဲနိုင်မှုတွေကြောင့် တစ်သင်းချင်းစီရဲ့တည်ကန်ဘောနည်းစနစ်တွေက က တိကျပြီး ပြိုင်ဘက်အားနည်းချက်နဲ့ ကိုက်ညီအောင် plan ချနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပါပြီ။
နောက်ဆုံးအနေနဲ့ ပြောချင်တာက မော်ဒန်ဘောလုံးထဲမှာ တည်ကန်ဘော ကပွဲအလှည့်ပြောင်းဖြစ်နိုင်တယ်ဆိုတာပါပဲ။ မော်ဒန်အသင်းတွေက tiki-taka လို စွမ်းဆောင်ရည်တွေထက် သေချာပြီး ကြိုလေ့ကျင့် ထားတဲ့ နည်းစနစ်တွေကို ပိုပြီး အကြိုက်တွေ့လာကြပါတယ်။ Brentford တို့လို အသင်းအသေးတွေ တည်ကန်ဘောအားကိုနဲ့ အဆင့်တစ်ခုကိုရောက်ရှိလာသလို၊ Arsenal လို ဖလာစိန်ခေါ်သူတွေကလည်း တည်ကန်ဘော တိုးတက်မှုကြောင့် အခြားအသင်းတွေထက် နှာတစ်ဖျားသာလျက်ရှိပါတယ်။ ဘောလုံးဟာ open play creativity နဲ့သာ ရပ်တန်မနေတော့ပဲ dead ball situation တွေကို ဘယ်လို အသက်သွင်းသုံးရမလဲဆိုတဲ့ ခေတ်သစ် tactical revolution အဓိကဖြစ်လာနေပြီဆိုတာ သဘောတူရပါမယ်။