၂၀၂၁ ခုနှစ်၊ မတ်လ ၇ ရက် တနင်္ဂနွေည။ အေးစက်နေတဲ့ ညတစ်ညပေါ့။ Borussia Dortmund ရဲ့ ကစားသမားနားနေခန်းထဲမှာ အသက်ရှူသံတွေကလေးလံနေခဲ့တယ်။ Dortmundဟာ မဟာပြိုင်ဘက် Bayern Munich ရဲ့ လက်ချက်နဲ့ ၄-၂ ဂိုးပြတ်ရှုံးနိမ့်မှုကြီးကို ခံခဲ့ရပြီးအချိန်ပါ။ ဒီရှုံးနိမ့်မှုက Dortmund ကို Bayern ရဲ့ လွှမ်းမိုးမှုအကြောင်း ပြန်သတိရစေရုံသာမက… သူတို့ရဲ့ ငယ်ရွယ်တဲ့စူပါစတား Erling Haaland ရဲ့ အနာဂတ်ကိုပါ မေးခွန်းထုတ်စေခဲ့တဲ့ အချိန်ပေါ့။အသက် ၂၀ အရွယ်မှာတင် Haaland ဟာ ဥရောပမှာအထွန်းတောက်ဆုံး ထိပ်တန်းကစားသမား ဖြစ်နေပြီ။ သူ့ရဲ့ အမြန်နှုန်း၊ သူ့ရဲ့ စွမ်းအား၊ သူ့ရဲ့ မညှာမတာ ဂိုးသွင်းနိုင်မှုတွေက ဥရောပမှာ ဟုန်းဟုန်းတောက် ဆူညံနေတဲ့အချိန်ပေါ့။ Haalnadဟာ Dortmund မှာ အမြဲတမ်းနေမှာ မဟုတ်ဘူးဆိုတာ အားလုံးသိခဲ့ကြတယ်။ Dortmund ကလည်း သိခဲ့တယ်။ Salzburg ကနေ ဂျာမနီကို ခေါ်လာခဲ့တဲ့ စာချုပ်ထဲမှာ လျှို့ဝှက်ချက်တစ်ခု ကပ်ထည့်ထားခဲ့တယ်။ Haalandရဲ့ ကိုယ်စားလှယ် အေးဂျင့်လူလည်ကြီး Mino Raiola ရဲ့ လက်ရာ ဖြစ်တဲ့ စာချုပ်ဖျက်သိမ်းကြေးပါ။ ဒီကြေးက အံ့သြဖို့ကောင်းနေတယ် – ယူရို သန်း ၆၀။ ဥရောပရဲ့ ချမ်းသာတဲ့ ကလပ်တွေအတွက်တော့ ဒီငွေပမာဏဟာ ပါးပါးလေးသာရှိပြီး အေးဆေးဝယ်နိုင်တဲ့အဆင့်တင်မက… အချိုချောင်မျက်စိကျစရာပါကောင်းနေတယ်။
အဲဒီညမှာပဲ… Mino Raiola ရဲ့ ဖုန်းမြည်လာတယ်။ ဆက်သွယ်လာသူက Bayern Munich ရဲ့ အားကစားဒါရိုက်တာ Hasan Salihamidžić ပါ။ သူ့ရဲ့ မက်ဆေ့ဂျ်က ရိုးရှင်းတယ် – “ငါတို့ စကားပြောဖို့လိုတယ်”နာရီပိုင်းအတွင်းမှာပဲ… ခေတ်သစ်ဘောလုံးရဲ့ အထူးခြားဆုံး အပြောင်းရွှေ့ဇာတ်လမ်းတစ်ပုဒ်ဘီးလုံးတွေ လည်ပတ်လာခဲ့တယ်။ Bayern Munich ဟာ Erling Haaland ကို လက်မှတ်ထိုးခေါ်ယူဖို့ ပိုပြီးနီးစပ်ခဲ့တယ်ဆိုတဲ့ အတွင်းရေးဇာတ်လမ်းပါပဲ။ရက်အနည်းငယ်အကြာမှာ… Haaland ဟာ Munich ကိုဖြတ်ပြီး ကားမောင်းနေတယ်။ သူသွားနေတာက Allianz Arena မဟုတ်ဘူး၊ Dortmund ရဲ့ လေ့ကျင့်ရေးကွင်းလည်း မဟုတ်ဘူး။ အဲဒီအစား… Raiola ပေးခဲ့တဲ့ လိပ်စာအတိုင်း၊ Salihamidžić ရဲ့ Harlaching က သစ်ပင်တွေဖုံးလွှမ်းနေတဲ့ စိတ်ငြိမ်ရပ်ကွက်က အိမ်ကို ရှာနေတာ။Haaland က ကားထဲကဆင်းလာတယ်၊ Bayern ရဲ့ အားကစားအကြီးအကဲကို နှုတ်ဆက်တယ်၊ ပြီးတော့ အိမ်ကို ငေးကြည့်လိုက်တယ်။ ပြုံးရိပ်လေးနဲ့ သူပြောလိုက်တယ် – “အိမ်လေးကောင်းတယ်။ ငါလည်း ဒီလိုအိမ်မျိုးလိုချင်တယ်… ဒါပေမဲ့အလကားနော်ဆိုပြီး နောက်လိုက်တယ်။
ဒီဟာသလေးက တင်းမာနေမယ့် ညှိနှိုင်းမှုတစ်ခုဟာ သက်တောင့်သက်သာရှိတဲ့၊ ပွင့်လင်းတဲ့ စကားဝိုင်းတစ်ခု ဖြစ်သွားစေတယ်။ Haaland ဟာ Salihamidžić ကိုသာမက Bayern ဘုတ်အဖွဲ့ရဲ့ ညီညွတ်မှုကိုပါ အထင်ကြီးသွားတယ်။ ရိုးရိုးအပြောင်းရွှေ့တစ်ခုတင်မက… Bayern Munich ရဲ့ အနာဂတ် ဖြစ်တယ်ဆိုတာ Haaland က်ိုပြောပြနေတယ်။ သူတို့က ဒီပရောဂျက်အကြောင်း ရှင်းပြတယ်။ သူတို့ရဲ့ ဦးတည်ချက်ကို ပုံဖော်ပြတယ်။ Bundesliga ချန်ပီယံဖြစ်ပြီး ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတဲ့ ကလပ်ကြီးဟာ လာမယ့် ဆယ်စုနှစ်အတွက် Haaland ကို သူတို့ရဲ့ အားကစားပရောဂျက်ရဲ့ အချက်အချာကျတဲ့သူအဖြစ် ဦးတည်ထားဖို့ အသင့်ရှိနေတယ်ဆိုတဲ့အကြောင်းတွေပါတယ်။ဒါဟာ ရှားရှားပါးပါးဖြစ်ရပ်တစ်ခုပါ။ ဘဏ္ဍာရေးပိုင်းမှာ စည်းကမ်းကြီးတဲ့ကလပ်အဖြစ် နာမည်ကြီးတဲ့ Bayern Munich ဟာ… သူတို့ရဲ့ ကိုယ်ပိုင်စည်းမျဉ်းတွေကိုတောင် ချိုးဖောက်ဖို့ ဆန္ဒရှိနေတယ်။ Haaland အတွက်ဆိုရင်…ဘဏ္ဍာရေူကန့်သတ်ချက်တွေကို ကျော်လွန်သွားကြမယ်ဆိုတာ သိသိရက်နဲ့ပေါ့။ဒီစကားလုံးတွေမှာ လေးနက်တဲ့ အဓိပ္ပာယ်တွေရှိတယ်။ Haaland က ဒါကို ခံစားမိတယ်။ Haaland အဲဒီအစည်းအဝေးကနေ ထွက်လာတဲ့အခါ ယုံကြည်စိတ်ချသွားတယ်။
– Bayern က သူ့ကို တကယ်လိုချင်တယ်ဆိုတာကိုပါ။ ဒါပေမယ့်… ဘောလုံးမှာဆိုရင်… စိတ်အားထက်သန်မှုနဲ့ ကတိတွေက အပြောင်း့ဇာတ်လမ်းရဲ့ တစ်ဝက်ပဲရှိတယ်။ နောက်တစ်ဝက်က… ပိုက်ဆံပါ။ ရက်အနည်းငယ်အကြာမှာ Mino Raiola က ပထမဆုံး အဆုံးအဖြတ်ပေးနိုင်တဲ့ လှုပ်ရှားမှုကို လုပ်လိုက်တယ်။ သူက တိုက်ရိုက်ဖုန်းဆက်ပြီး Salihamidžić ကို ပြောလိုက်တယ် – “မင်းကောင်မလေးကို ယုံကြည်စေနိုင်ပြီ” “အခုတော့… ပိုက်ဆံအကြောင်း ငါတို့စပြောကြရအောင်”ဆိုပြီးပေါ့။ ဒီအခိုက်အတန့်မှာပဲ… အရာရာဟာ ပြောင်းလဲသွားတယ်။ Raiola က သူ့ရဲ့ တောင်းဆိုချက်တွေကို ချပြတယ် – Haaland ရဲ့ လစာအတွက်သာမက… ကော်မရှင်တွေ၊ ဆုကြေးငွေတွေ၊ သူ့ဖခင် Alfie ရဲ့ ကဏ္ဍတွေအတွက် ရော အစုံပါပဲ။ Salihamidžić က သေချာနားထောင်ပေမယ့်… ချက်ချင်းပဲသိလိုက်တယ် ။ သူတစ်ယောက်တည်းနဲ့ဆုံးဖြတ်လို့မရဘူးဆိုတာပါ။ Bayern Munich အတွက်တော့… သူတို့ရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်မယ်ဆိုရင်တောင်… ဘဏ္ဍာရေးအရေးအခင်းကျင်းက ကြမ်းတမ်းနေတယ်။ Salihamidžić က Bayern ဘုတ်အဖွဲ့အစည်းအဝေးခန်းထဲကို ပြန်ရောက်သွားတယ်။ အားလုံးကို ချပြတယ် – အားကစားဆိုင်ရာ ငြင်းခုံမှုတွေ၊ဦးတည်ချက်တွေ၊ Haaland ရဲ့ အလားအလာတွေအကုန်လုံးပေါ့။ အကြီးအကဲတွေက သဘောတူကြတယ် – ဟုတ်ပါတယ်၊ Haaland က ဒီဈေးနှုန်းနဲ့ ထိုက်တန်တယ်။ ဒီပြောင်းရွှေ့မှုက Bayern ရဲ့ အနာဂတ် ကို အဓိပ္ပာယ်ဖွင့်ဆိုပေးနိုင်တယ်။ ဒါကြောင့် သူတို့ဟာ Haalandအတွက်ကမ်းလှမ်းချက်တစ်ခုကို ပြင်ဆင်ကြတယ်။ ၂ရက်ကြာပြီးနောက်… Raiola က သီးသန့်လေယာဉ်နဲ့ Munich ကို ဆင်းသက်လာတယ်။ ညှိနှိုင်းမှုတွေ ပြန်စတယ်။ ဒီတစ်ခါတော့ မျက်နှာချင်းဆိုင်ပါ။ Bayern က သူတို့ရဲ့ အဆိုပြုချက်ကို တင်ပြတယ်။ ဒီကမ်းလှမ်းချက်က အထင်ကြီးစရာကောင်းတယ် – အင်္ဂလိပ်ကလပ်တွေလောက်တော့ မမြင့်ဘူးဆိုပေမယ့်ပေ့ါ။
ဒါပေမယ့်…လှည့်ကွက်ကတော့ Bayern ရဲ့ ကတိပါပဲ။ သူတို့က Raiola နဲ့ Haaland မိသားစုကို အာမခံချက်ပေးတယ်… Haaland ရဲ့ ကနဦးလစာက Premier League လောက် မမြင့်မားပေမယ့်… အနာဂတ်မှာ ကစားသမားကို မည်သည့်စံချိန်တင်ဈေးနှုန်းနဲ့ မဆိုပြန်ရောင်းချရရင် အပြောင်းရွှေ့ရဲ့ ရာခိုင်နှုန်း တိတိကျကျပေးမယ်ဆိုတာမျိုးပါ။တစ်နည်းအားဖြင့်… Bayern ဟာ ရိုးရာဓလေ့တွေကို ချိုးဖောက်ဖို့ ဆန္ဒရှိနေတယ်။ Munich မှာ မကြုံစဖူး ကမ်းလှမ်းချက်မျိုး Haaland ကို သူတို့ပေးမယ်။ ခဏတာအတွက်တော့… Bayern ဟာ ဒီကစားပွဲကို အနိုင်ရသွားမလိုလို ခံစားရတယ်။ဒါပေမယ့်… Mino Raiola ဆိုတာ Mino Raiola ပါပဲ။ သူဟာ ကလပ်တစ်ခုတည်းနဲ့ပဲ တစ်ချိန်တည်း ညှိနှိုင်းနေတာ မဟုတ်ဘူး။ လူမြင်ကွင်းနောက်ကွယ်မှာ… သူနဲ့ Erling ရဲ့ဖခင် Alf-Inge Haaland တို့ဟာ ဥရောပကို ဖြတ်ပြီး ပျံသန်းနေကြတယ်။ Barcelona၊ Real Madrid၊ Manchester City၊ Chelsea၊ Manchester United… အားလုံးက ဒီစားပွဲမှာ နေရာယူချင်နေကြတယ်။ အစည်းအဝေးတိုင်းက စံချိန်တင်ဈေးနှုန်းကို ပိုမြှင့်တက်သွားစေတယ်။ ကမ်းလှမ်းချက်တိုင်းက ကိန်းဂဏန်းတွေကို ပိုကြီးလာစေတယ်။Bayern အတွက်တော့ အိပ်မက်ဆိုးတစ်ခု စတင်ဖြစ်ပေါ်လာတယ်။ သူတို့ရဲ့ အားကစား ဦတည်ချက်တွေက အားအလွန်ကောင်းတယ်။ သူတို့ရဲ့ ပရောဂျက်က ရှင်းလင်းတယ်။ သူတို့ရဲ့ သမိုင်းကြောင်းက ကြီးမြတ်တယ်။ဒါပေမယ့်… ဘဏ္ဍာရေး လေလှိုင်းက ထိန်းချုပ်လို့မရနိုင်တော့တဲ့အဆင့်ကို စပြီးရောက်ရှိလာနေပြီ။ ဒီနောက်မှာတော့… ဖုန်းခေါ်ဆိုမှုက ရောက်လာတယ်။ Raiola ကနေ Salihamidžić ဆီကို – “အပြောင်းရွှေ့က မဖြစ်နိုင်တော့ဘူးကွာ။” “ငါပြောနိုင်တာက… အားကစားရှုထောင့်ကကြည့်ရင် မင်းတို့ဟာ အချိန်ကြာကြီး Haaland ကိုခေါ်ယူဖို့ ထ်ိပ်ဆုံး
နေရာကနေရောက်နေခဲ့တာ။” “မင်းတို့မှာ အကောင်းဆုံးအချက်တွေရှိခဲ့တယ်။” “ဒါပေမယ့်… ဘဏ္ဍာရေးအရတော့ မင်းတို့ထက် သာတဲ့သူက Haalandကို သိမ်းသွားပြီ” ဆိုပြီးပါ။ဒီစကားနဲ့အတူ… Bayern Munich ရဲ့ Erling Haaland ကို လက်မှတ်ထိုးဖို့ အိပ်မက်ဟာ… လွင့်မျောသွားခဲ့ရတယ်။
သမိုင်းကြောင်းက တစ်မျိုးပြောင်းသွားခဲ့တယ်။ Haaland ဟာ Dortmund မှာ နောက်ထပ်တစ်နှစ် ဆက်ကစားခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ Manchester City ကို ပြောင်းသွားခဲ့တယ်။ အင်္ဂလန်ရဲ့ ပထမဆုံးရာသီမှာပဲ သူဟာ စံချိန်တွေကို ချိုးဖျက်ခဲ့တယ်၊ Premier League မှာ ဂိုး ၃၆ ဂိုးသွင်းယူနိုင်ခဲ့ပြီးသက်သေပြခဲ့တယ်။ Munich မှာ တီးတိုးစကားတွေ ပြန်ကြားရတယ်။ Bayern က နောက်ထပ်တစ်ဆင့် Haaland အတွက်ရှေ့ဆက်နိုင်ခဲ့ရင်ကော? သူတို့ဟာ ငွေကြေးကို ကိုက်ညီအောင် လုပ်ပေးခဲ့ရင်ကော? Haaland ဟာ Gerd Müller နဲ့ Robert Lewandowski တို့လို ဒဏ္ဍာရီတွေရဲ့ ခြေရာကို နင်းပြီး ဂျာမန်ဘောလုံးရဲ့ မျက်နှာစာအသစ် ဖြစ်လာနိုင်ခဲ့မလား?အဲဒီအစား… Bayern ဟာ အခြားရွေးချယ်စရာတွေကို ရှာဖွေရင်း ကျန်ရစ်ခဲ့ရတယ်။ သူတို့ရဲ့ ပြိုင်ဘက် Manchester City ကတော့… Haaland ဆိုတဲ့ လက်နက်နဲ့အတူ… ဥရောပကို စတင်အုပ်စိုးလာခဲ့တယ်။
Erling Haaland ရဲ့ Bayern Munich ဆီပြောင်းဖို့ နီးပါးဖြစ်ခဲ့တဲ့ ဇာတ်လမ်းဟာ… လွဲချော်သွားတဲ့ အပြောင်းရွှေ့မှုတစ်ခုသာမက… ရိုးရာဓလေ့ရဲ့ ကန့်သတ်ချက်တွေနဲ့ ခေတ်သစ်ဘောလုံးရဲ့ တောင်းဆိုမှုတွေကြားကွာဟချက် ဇာတ်လမ်းလည်းဖြစ်တယ်။ ဂျာမနီရဲ့ အကြီးဆုံးကလပ်တွေတောင်Premier League ရဲ့ ချမ်းသာကြွယ်ဝမှူကိုဘဏ္ဍာရေးအရ ယှဉ်ပြိုင်ဖို့ ခက်ခဲနေတယ်ဆိုတဲ့ အကြောင်းလည်းဖြစ်တယ်။ Munich ဆင်ခြေဖုံးက လှို့ဝှက်အစည်းအဝေးလေးတစ်ခုဟာ… ဥရောပဘောလုံးရဲ့ အနာဂတ်ကို ပြန်လည်ရေးသားနိုင်ခဲ့တဲ့ အကြောင်းလည်းဖြစ်တယ်။ Erling Haaland အတွက်တော့… သူဟာ မည်သည့်လမ်းကြောင်းကိုမဆို ရွေးချယ်နိုင်တယ်ဆိုတာ သိရှိသွားတဲ့ အခိုက်အတန့်ပါ။Bayern Munich က Haaland ကို သူတို့ကလပ်ရဲ့ အနာဂတ်ကို ကတိပေးခဲ့တယ်။ ဒါပေမယ့်… နောက်ထပ်အနာဂတ်တစ်ခုက Haaland ကိုစောင့်မျှော်နေခဲ့တယ်… မန်ချက်စတာမှာ ကောင်းကင်အပြာရောင်နဲ့ ရေးဆွဲထားမယ့် အနာဂတ်တစ်ခုပေါ့။