ဒီအကြောင်းအရာကိုပြောရင် ၂ ခြမ်းခွဲပြောရပါမယ်။ အမော်ရင် အမွေဆက်ခံတဲ့ယူနိုက်တက်ရဲ့ ပြဿနာနဲ့ အမော်ရင်ရဲ့ ၃-၄-၃ ပြဿနာဆိုပါတော့။ သူဆက်ခံလိုက်ရတဲ့အသင်းမှာ သူသယ်လာတဲ့စနစ်ကို ဒုက္ခပေးမယ့်အရာကကြီးကြီးမားမားရှိနေပြီးသားပါ။ ကွင်းလယ်အားနည်းတဲ့ပြဿနာပါပဲ။ လက်ရှိ ၃-၄-၃ မှာ သူ့ကြံ့ခိုင်မှုနဲ့ သက်လုံကောင်းသ၍ အကောင်းဆုံးလိုက်ကစားပေးနိုင်နေတာ ကက်စ်မဲရိုးတစ်ယောက်ပဲရှိပါတယ်။ ဘရူနိုကကြိုးစားပေမဲ့ ရာသီအစမှာ ခြေကျတတ်တဲ့အကျင့်ကြောင့်ရော၊ နံပါတ် ၈ လို ကစားရတဲ့ပြဿနာအပြင် သူ့ဆီကပဲဘောလုံးထွက်နေရတဲ့ပြဿနာကြောင့်ပါ တော်တော်ဖိအားများနေပါတယ်။ အရင်က အဲရစ်ဆင်ရှိခဲ့ပေမဲ့ အဲရစ်ဆင်ကလည်းကြံ့ခိုင်မှုကြောင့် မကစားနိုင်တော့ဘဲ ဒီရာသီမှာထွက်သွားပါပြီ။
မိုင်နူးကိုပေးမကစားတာက သူ့ရဲ့ခံစစ်ပိုင်းဆိုင်ရာအားနည်းချက်ကြောင့်ဖြစ်ပြီး အူဂါတေးကိုလည်း သူ့ရဲ့ဘောလုံးကိုင်ကစားနိုင်စွမ်းအကန့်အသတ်အရမ်းနည်းတာကြောင့် ပွဲထွက်မသုံးရဲပါဘူး။ ဒါဟာယူနိုက်တက် ဘုတ်အဖွဲမပြုပြင်ပေးသေးတဲ့ ပြဿနာပါ။ အမော်ရင်က ဒီရေခံမြေခံထဲကို ၃-၄-၂-၁ ကို သယ်လာခဲ့ပါတယ်။ ကွင်းလယ်လူ ၂ ယောက်ပဲကစားရတဲ့ ဒီစနစ်မှာ ဒေါင်ဒေါင်မြည် ၆/၈ Hybrid နှစ်ယောက်လည်းမရှိသလို ၆ တစ်ယောက်လည်း မရှိပါဘူး။ ဆိုတော့ ကွင်းလယ်မှာ အရေအတွက်နဲ့အသာစီးယူခံရတဲ့အခါမလှုပ်နိုင်တာ မဆန်းတော့ပါဘူး။ ပိုဆိုးတာက စပိုတင်းမှာတုန်းက ကွန်ဒါလုပ်ခဲ့သလို အာမက်ကလည်း Inverted Wing-back အဖြစ် အတွင်းထဲဝင်လာပြီး ကွင်းလယ်ကို ကူဖိုကြိုးစားတာမျိုး တွေ့ရပေမဲ့ ထိရောက်တာမျိုးတော့လည်းရှားပါတယ်။ ကွင်းလယ်နဲ့ တစ်ချက်တွဲပြီး အမ်ဘွေးမိုးဆီကို ပိုတာမျိုးလောက်ကလွဲရင် ဒီထက်ပိုတာမျိုး မမြင်ရတာဆိုးပါတယ်။
ဒီစနစ်မှာကွင်းလယ်ကိုအရေအတွက် အသာစီးရအောင် ဆင်းလာကူရမှာက Narrow No.10 တွေရဲ့ အလုပ်ပါ။ အခုအချိန်မှာ ဒါကို အမ်ဘွေးမိုး လုပ်ဖိုကြိုးစားနေတာတွေ့ရသလို၊ ကွန်ညာလည်း တော်တော်ကြိုးစားပါတယ်။ ခက်တာက အချိတ်အဆက်မမိနေသေးတာပါ။ နောက်ထပ် အရေအတွက်အသာရချင်ရင် CCB က တက်လာပြီး တွဲကစားလိုရပါတယ်။ သိုသော် လက်ရှိမှာ အဲဒီလိုတွဲကစားပြီး ကွင်းလယ်အသာစီးယူ ကစားကွက်တည်ဆောက်ပြီး ထိုးဖောက်တာထက် တောင်ပံတွေကနေပဲ ပိုထိုးဖောက်နေတာကြောင့်လည်း ပိုရုန်းကန်ရပါတယ်။ ကွင်းလယ်ကောင်းကောင်းမရှိနေတာကို သိလိုပဲ ဒီလိုတောင် ပံတွေကိုပိုအားကိုးနေတာလို ယူဆနိုင်ပါတယ်။၃-၄-၃ ကစားကွက်က ခံစစ်မှာ ၅-၄-၁ လည်း ဖြစ်သွားနိုင်ပြီး တိုက်စစ်မှာ ၃-၂-၅, ၃-၁-၆ အထိလည်းဖြစ် သွားနိုင်ပါတယ်။ ဒီလို ပြောင်းလွယ်ပြင်လွယ်ဖြစ်လို အမော်ရင်က သဘောကျပုံရပေမဲ့ သူရှာဖွေရမယ့် အဖြေက သူ့ စနစ်ကို တန်ပြန်တိုက်စစ်ကစားရင် ပိုချောမွေ့သလောက်၊ သူက ဘောလုံးကိုင်ကစားရရင် တိုက်စစ်တွဲလုံးတွေမှာ အဖုအထစ်ရှိနေတဲ့ကိစ္စပါ။ Half-space ထဲက ကွန်ညာနဲ့ အမ်ဘွေးမိုးတိုက ကြိုး စားရုန်းကန်နေကြပြီး တစ်ကိုယ်တော်ထိုးဖောက်ချက်တွေလုပ်နေပေမဲ့ တိုက်စစ်မှူး နံပါတ် ၉ နဲ့ တွဲ ချိတ်ကစားနိုင်တာမျိုး ခုထိမမြင်ရသေးပါဘူး။
ပြိုင်ဘက်က CCB နဲ့ CM တွေအကြားကို အရေအတွက်နဲ့ ဖိပြီးဖိအားပေးလာပြီဆိုရင်လည်း ဘောလုံးက ဘေးတိုက်ပဲရွေ့နေတော့ပြီး ထင်သလိုမဖြစ်တော့တဲ့ပြဿနာရှိပါတယ်။ ဒါက ယိုရိုမပါတဲ့ပွဲတွေမှာ ပိုသိသာပါတယ်။ အဝေးဘောတွေ ပေးပိုနိုင်မယ့်သူလိုနေတာပါ။ မက်ဂွိင်းယာက အဲဒီနေရာမှာသုံးလိုရနိုင်ပေမဲ့ သူကလည်း အစွန်ကိုထွက်ကစားဖိုအတွက် လုံလောက်တဲ့ လျင်မြန်မှုမရှိတော့တာကြောင့် Channel Defending လုပ်ဖိုအားနည်းသွားပြန်ပါတယ်။ ပရိသတ်က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လီဆန်ဒရို မာတီနက်ကို LCB နေရာမှာ ပြန်ထားနိုင်မှပဲ ဒါကပိုပြီး ပြေလည်လာစေမှာပါ။ အခုရှောကို အဲဒီနေရာသုံးနေတာ ဒီလိုအပ်ချက်ကို ဖြည့်ဖိုပါပဲ။ CM တွေ ဆင်းလာပြီး ဘောလုံးလက်ခံ ဖို ကြိုးစားတဲ့အချိန် ပြိုင်ဘက်က ဖိလာတဲ့အခါ အဲဒီနောက်မှာ ကျန်ရစ်တဲ့နေရာလွတ်ထဲကို No.10 တွေကဆင်း၊ တိုက်ရိုက်ဘောလုံးလက်ခံပြီး တိုက်စစ်ကိုစတင်ဖို လုပ်နိုင်ပေမဲ့ ဂိုးသမားတွေရဲ့ အဝေးဘောပေးပိုမှုတွေက စိတ်ညစ်စရာကောင်းနေတုန်းပါပဲ။
လက်ရှိယူနိုက်တက်မှာက ဒီကစားသမားအင်အားစုထဲကို ၃-၄-၃ အတင်းထည့်နေတဲ့ အမော်ရင်ကို အပြစ်ပြောလိုလည်းရသလို၊ လုံလောက်တဲ့အင်အားမရှိနေတဲ့ ပင်ကိုယ်ပြဿနာကိုလည်းမေ့ထားလိုမရပါဘူး။ ကွင်းလယ်မဝယ်ပေးခဲ့တဲ့ ဘုတ်အဖွဲကိုလည်း ထည့်ပြောရမှာဖြစ်ပါတယ်။