Innwa-Ads-Banner-1-1170X200

ရာသီအဖွင့်ပွဲတွေအရ စောင့်ကြည့်သင့်တဲ့ ကစားသမားတွေ

ဒီနှစ် EPL ရာသီအဖွင့်ပွဲတွေမှာတောက်ပပြနေတဲ့ ကစားသမားတွေရှိပြီး ဘယ်ပရိသတ်ပဲဖြစ်ဖြစ် စောင့်ကြည့်ချင်စရာ ကစားသမားတွေလည်း တော်တော်ပေါ်ထွက်လာပါတယ်။ အဲဒီထဲက ကစားသမားတစ်ချို ကို ထုတ်ပြချင်ပါတယ်။ ဒီကစားသမားတွေက လူငယ်တွေဟုတ်ချင်မှ ဟုတ်မှာဖြစ်ပြီး နာမည်ကျော်တွေ လည်း ဖြစ်ချင်ဖြစ်မှာပါ။ ဒီကစားသမားတွေက ဒီရာသီ အဓိကကျပြီး အာရုံစိုက်မှုတွေကို ဆွဲခေါ်နိုင်မယ့် ကစားသမားတွေလို ဆိုလိုတာဖြစ်ပါတယ်။
ပထမဆုံးတစ်ယောက်ကတော့ ဟူဂို အက်ကီတီကေးပါ။ သူက EPL မှာအချိန်ယူရမယ်လို ထင်ထားခဲ့ကြ ပေမဲ့ လီဗာပူးနဲ့ အာနေးစလော့ရဲ့စနစ်မှာ မြန်မြန်ဆန်ဆန်ပဲ အသားကျလာပြီး သွင်းဂိုးတွေကိုလည်း ယူဆောင်ပေးနိုင်နေပါတယ်။ အချိန်ကြာလာလေလေ ပိုစွဲဆောင်မှုရှိတဲ့ ကစားပေါက်ကစားဟန်တွေကို မြင်လာရလေလေဖြစ်လောက်ပါတယ်။ ကစားပေါက်ချောင်တဲ့ပွဲမှာ ၂ ဂိုးသွင်းထားတာမဟုတ်ဘဲ ပွဲတိုင်းဂိုး သွင်းပေးထားတာကြောင့် သူ့ရဲ့ ကစားဟန်က တသမတ်တည်းရှိနေတယ်လို ဆိုနိုင်ပါတယ်။
ဒီကစားသမားက ဒီရာသီမှာ လီဗာပူးအတွက် အသားကျရင် ကျလာသလိုကို ပိုလုပ်ပြလာနိုင်တဲ့သူမျိုး ဖြစ်ပြီး လာတော့မယ့်နှစ်တွေမှာ ကျလာနိုင်တဲ့ ဆာလာအတွက်ပါကြိုပြီးအစားထိုးဖို လျာထားလို ကောင်းတဲ့ ကစားသမားမျိုးဖြစ်လာနိုင်ပါတယ်။ လီဗာပူးပရိသတ်တွေတင်မက ဒီကစားသမားကို ဘောလုံးပွဲစိတ်ဝင်စားတဲ့သူတွေက အစ စိတ်ဝင်တစားစောင့်ကြည့်သင့်ပါတယ်။
နောက်တစ်ယောက်ကတော့ ယာအို ပက်ဒရိုပါ။ ချယ်လ်ဆီးတို ဒီရာသီမှာ ခြေစွမ်းထက်မြက်ပြီး အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်လာနိုင်တယ်ဆိုရင် ဒီကစားသမားရဲ့အခန်းကဏ္ဍက အရေးပါတဲ့နေရာကနေ ပါဝင်လာနိုင်ပါတယ်။ သူက တိုက်စစ်မှာ နေရာတော်တော်များများကို ကစားနိုင်ပြီး မြန်မြန်ဆန်ဆန်လည်း အံဝင်နိုင်ပါတယ်။ သူတိုက်စစ်မှာ ပါဝင်ပတ်သက်နေပုံတွေက ချယ်လ်ဆီးတိုက်စစ်ကို အများကြီးပိုပွင့်စေပါတယ်။ သွင်းဂိုးအတွက်လည်း ရသလို ဖန်တီးမှုတွေအတွက်လည်း အဆင်ပြေတဲ့ ဒီကစားသမားဟာ ပါးမားအပေါ်ကျနေတဲ့ ဖန်တီးမှုဝန်ထုပ်တွေကိုလည်း ကူလျှော့ပေးနိုင်မှာပါ။
သူ့ကစားပုံက Flair တွေအမြင့်ကြီးတွေနဲ့ လုပ်ပြ၊ လှုပ်ပြတာမျိုးမဟုတ်ပေမဲ့ သူ့ကိုစောင့်ကြည့်တာက တော်တော်လေး စိတ်ဝင်စားစရာကောင်းမှာပါ။ ချယ်လ်ဆီးပရိသတ်တွေတင်မဟုတ်ဘဲ တခြားပရိသတ် တွေဆီကနေပါ အသိအမှတ်ပြုမှုကို ရလာနိုင်တဲ့ကစားသမားမျိုးလိုယူဆရမှာဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ မိုဟာမက် ကုဒု့စ်ပါ။ မနှစ်ကတည်းကလည်း အသိအမှတ်ပြုလောက်စရာ ခြေစွမ်းမျိုးကို ပြထားပေမဲ့ ဒီနှစ်တော့ စပါးမှာ သူကပိုပြီးတောက်ပပြလာပါတယ်။ သူ့ရဲ့လုပ်အား၊ ရုန်း အားတွေက စပါးအတွက်အရမ်းကို အရေးပါလာပါတယ်။ သောမတ်ဖရန့်ရဲ့ ကစားကွက်မှာ သူဟာ ညာခြမ်းအတွက်တင်မက အသင်းရဲ့ကစားအားတစ်ခုလုံးရော၊ ဖန်တီးမှုတွေအတွက်ပါ အရေးပါတဲ့ သူမျိုးဖြစ် လာမှာဖြစ်ပြီး စပါးပရိသတ်တွေတင်မဟုတ်ဘဲ တခြားပရိသတ်တွေကပါ သူ့ကို သဘောကျလာကြဖိုရှိပါတယ်။ နောက်ထပ် အသင်းကြီးတွေဆီကိုလည်း မကြာခင် နှစ်တစ်ချိုမှာ ခြေလှမ်းလိုရနိုင်တဲ့ကစားသ မားမျိုးပါပဲ။ သူ့ရဲ့ အားထုတ်ရုန်းကန်နေတဲ့ ကစားပုံနဲ့ဖန်တီးမှုတွေက ဒီရာသီကို တော်တော်လေး စိတ် ဝင်စားစရာဖြစ်လာစေလောက်ပါတယ်။
နောက်တစ်ယောက်ကတော့ ရိန်းဒါးပါ။ မန်စီးတီးအတွက် ဒီဘရိုင်းထွက်သွားတဲ့အချိန်မှာ ရိန်းဒါးကို ပြန်ရလိုက်တာဟာ တော်တော်လေးကို အဆင်ပြေသွားစေပါတယ်။ ရိန်းဒါးက ဒီဘရိုင်း နောက်ပိုင်းနှစ်တွေမှာ မပေးနိုင်တော့တဲ့ လုပ်အားတွေကိုပါ ပေးနိုင်ပါတယ်။ ဆိုတော့ ဒီကစားသမားကို အေးအေးဆေးဆေးနဲ့ ရလိုက်တာဟာ မန်စီးတီး အားကစားဒါရိုက်တာတွေနဲ့ ပက်ရဲ့ မြင်တတ်မှုကို ပေါ်လွင်စေပါတယ်။ မန်စီးတီးကိုကြည့်ရင် ဒီကစားသမားရဲ့လုပ်ကွက်တွေကို ဂရုစိုက်မိကြမှာ သေချာသလောက်ပါပဲ။ ဒီတစ် ရာသီလုံးမှာ သူ့ရဲ့ ကစားပေါက်တွေကို တော်တော်များများ ပြောကြဆိုကြရဦးမယ်ထင်ပါတယ်။