Innwa-Ads-Banner-1-1170X200

ရီးရဲလ်မက်ဒရစ်ရဲ့ ရာသီအဖွင့်ကို အကဲခတ်ကြည့်ခြင်း

ရီးရဲလ်မက်ဒရစ်တို့ဟာ သူတို့ကို အောင်မြင်မှုတွေအများကြီး ဆောင်ယူပေးခဲ့ဖူးတဲ့ နည်းပြကြီး အန်စလော့တီနဲ့ လမ်းခွဲခဲ့ပြီး အလွန်ဆိုကို ခန့်အပ်လိုက်ကတည်းက မေးခွန်းတွေ တစ်ချို့ပေါ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်တို့ System နဲ့ကစားတဲ့ နည်းပြတစ်ယောက်ဖြစ်တဲ့ အလွန်ဆိုနဲ့အလုပ်ဖြစ်ပါ့မလားဆိုတာပါပဲ။ ဒါကို ကလပ်ကမ္ဘာ့ ဖလားမှာရော၊ ခြေစမ်းပွဲတွေမှာပါ အလွန်ဆို အဖြေရှာနေခဲ့ပါတယ်။
ရာသီအဖွင့်မှာ အိုဆာဆူနာကို အိမ်ကွင်းမှာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရခဲ့သလို ဒုတိယပွဲမှာ ရီးရဲလ်အိုဗီဒိုကို ၀-၃ နဲ့အနိုင်ရခဲ့ပေမဲ့ အလွန်ဆို ရင်ဆိုင်နေရသေးတဲ့ကိစ္စတွေကလည်း သီးသန့်ရှိနေပါသေးတယ်။ နိုင်ပွဲတွေတော့ ရနေပေမဲ့ သူလိုချင်တဲ့ စနစ်တစ်ခုကိုတော့ သီးသီးသန့်သန့်မရသေးတဲ့ပုံပါပဲ။ ဒါမှမဟုတ်လည်း အလွန်ဆိုက ကွင်း ထဲကို ဝင်လာတဲ့ ကစားသမားတွေပေါ်လိုက်ပြီး စနစ်တွေကို ပြောင်းကစားစေချင်တာလားဆိုတာကိုလည်း မကြာခင် မြင်ရမှာပါ။
အိုဆာဆူနာနဲ့ပွဲမှာ သူတို့ Low-block နဲ့ရင်ဆိုင်ခဲ့ရပြီး ကျော်ဖြတ်ဖို့ တော်တော်ရုန်းကန်ခဲ့ရပါတယ်။ အဲဒီလိုပိတ် ထားရင် သူတို့ကို ကျော်ဖြတ်နိုင်အောင် ကူညီပေးနေကျ ဘယ်လင်ဟမ်ကလည်း လက်ရှိမှာမပါနိုင်သေးပါဘူး။ ဆို တော့ အလွန်ဆိုအနေနဲ့ အဖြေရှာနေခဲ့ရပါတယ်။ အိုဗီဒိုနဲ့ပွဲမှာတော့ ပိုပြီးပိတ်ကစားတာနဲ့တွေ့ခဲ့ရပြီး အဲဒီပိတ် ထားတာကို ဖောက်ထွက်ဖို့ ထပ် ကြိုးစားခဲ့ရပြန်ပါတယ်။ ၃ ဂိုးသာရခဲ့ပေမဲ့ သူတို့ ပိတ်ဆို့ထားတာကို ဖောက် ထွက်ဖို့ အဖြေတစ်ခု လုံးဝကြီးရှာတွေ့သွားပုံတော့ မရသေးပါဘူး။
သူတို့ဟာ အာနိုးဝင်မလာခင်မှာ ၄ ယောက်တန်း ခံစစ်နဲ့ကစားနေပြီး အာနိုးဝင်လာတော့ ၃ ယောက်တန်းခံစစ် ပြောင်းသွားတာကိုကြည့်ရင် အလွန်ဆိုက သူ့စနစ်ကို ကစားသမားတွေပေါ်မူတည်ပြီး လိုက်ပြောင်းလဲနိုင်ဖို့လုပ် နေတာလည်းဖြစ်နိုင်ပါတယ်။ အိုဗီဒိုနဲ့ပွဲမှာတော့ အိုဆာဆူနာနဲ့ပွဲက လူထွက်ပုံနေရာတွေကို ပြောင်းလဲလာပြီး ကစားကွက်ကိုလည်း ပြောင်းလဲခဲ့ပါတယ်။ လက်ရှိမြင်ရသလောက်အထိ အရေးပါလာတဲ့ကစားသမားတစ် ယောက်ကတော့ ချူအာမေးနီးပါ။
ဒီကစားသမားက မနှစ်က ဝေဖန်မှုတွေအောက်ကို ရောက်ခဲ့ရပေမဲ့ အိုဗီဒိုကိုနိုင်ခဲ့တဲ့ပွဲမှာ သူ့အနေနဲ့ အလွန်ဆိုရဲ့ ရီးရဲလ်မှာ ဘယ်လောက်အရေးပါလာမလဲဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ သူက လုံးဝကို ကွင်းအရှေ့ထိတက် ပြိး ဘောလုံးကို ခပ်ကြမ်းကြမ်းလိုက်ဖျက်ထုတ်ပြီး ဘောလုံးပြန်ရအောင် ကြိုးစားပေးသွားတာကို တွေ့ရမှာပါ။ ဒါက အလွန်ဆို ကြိုက်တဲ့ ပုံစံတစ်ခုပါပဲ။ ဘောလုံးကို မြန်မြန်ပြန်ရအောင် လိုက်ကြိုးစားတာဟာ သူတို့အတွက် ပိုဖိအားပေးကစားနိုင်စေသလို ပွဲကိုလည်းလိုသလို ထိန်းချုပ်လို့ရနိုင်စေပါတယ်။ အဲဒီလိုပြန်ရဖို့ ကြိုးစားတာတွေမှာ ချူအာမေးနီးက ထိထိရောက်ရောက်ကြီးကို ထမ်းဆောင်ပြသွားတာပါ။
ချူအာမေးနီးလိုပဲ နောက်ထပ် အရေးပါလာနိုင်တဲ့တစ်ယောက်ကတော့ အာဒါဂူလာပါပဲ။ သူ့ရဲ့နေရာယူပုံ၊ ဘောလုံးလက်ခံပုံနဲ့ ပြန်ချိတ်ဆက်ကစားပုံတွေဟာ အလွန်ဆို စိတ်တိုင်းကျညွန်ကြားထားတဲ့အတိုင်း စနစ် တကျလိုက်ပါကစားနေတဲ့ပုံပါ။ သူက ပိတ်ဆို့ထားတဲ့ ပြိုင်ဘက်နောက်တန်းကို ချိုးဖျက်ဖို့အတွက် ဘောလုံးလက်ခံပြီး ချိတ်ဆက်တဲ့ ပုံစံမျိုးကို ပိုသွားခဲ့ပါတယ်။ အမ်ဘာပေသွင်းသွားတဲ့အဖွင့်ဂိုးကလည်း ချူအာမေးနီးဖျက်ထုတ် မှုကနေ ပြန်ရလာတာကို အာဒါဂူလာက လက်ခံပြီး တစ်ချက်လှည့် မျှောအချမှာ အမ်ဘာပေက သွင်းသွားတာပါ။
ပွဲစဉ် ၂ ပွဲပဲရှိသေးပြီး ပိုမာကြော ပိုပြင်းထန်တဲ့ ပြိုင်ဘက်တွေနဲ့တော့ ရီးရဲလ်တို့ရင်ဆိုင်ရပါဦးမယ်။ လက်ရှိအချိန် ထိတော့ အလွန်ဆိုနဲ့ ရီးရဲလ်က ပုံစံကောင်းတစ်ခုနဲ့ စနစ်တစ်ခုကို သွတ်သွင်းနိုင်ဖို့ တည်ဆောက်နေကြတုန်းပဲရှိပါ သေးတယ်။