ဘရိုက်တန်ဟာ မန်စီးတီးကွင်း အိမ်ကွင်းမှာ ၂နှစ်
ဆက်နိုင်ခဲ့တာပါ။ နာမည်ကြီး စီးတီးကတော့ ပရီးမီးယားလ်ိဂ် ၃ပွဲမှာ ၂ပွဲရှုံးသွားပါပြီ။ စီးတီးအတွက် အတော်လေးအထိနာခဲ့ပြီး ရှုံးသင့်လို့ ရှုံးတဲ့ပွဲပါ။ ခံစစ်အားနည်းချက်က သိသိသာသာမြင်ခဲ့ရပြီး ဂိုးသမား Trafford ကောင်းခဲ့လိုသာ ဂိုးပြတ်မရှုံးခဲ့တာပါ။ Pep အနေနဲ့ ခုထိ rhythmမရသေးတဲ့ Squad ကို ရှာနေမဲ့အစား လက်ရှိအကြိုက်ဆုံးsquadကိုအချိန်ပေးပြီး စောင့်ကြည့်သင့်ပါတယ်။ Brighton အနေနဲ့ ကစားပုံအတော်လေးကောင်းခဲ့ပြီး City ကို ပွဲစထဲက Physical Game ကစားခဲ့တာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်ခဲ့ပါတယ်။
ပွဲကိုချဉ်းကပ်ရရင် Brighton ဟာ ၄-၂-၃-၁ ကစားဟန်နဲ့ ပွဲထွက်ခဲ့ပြီး တကယ်တမ်းယှဉ်ပြိုင်ချိန်မှာတော့ ၄-၄-၂ ပိုဆန်ပြီး မန်စီးတီးကွင်းလယ်က Rodriကို ဖိအားပေးဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ Rodri အနေနဲ့ နာလနထဖြစ်တဲ့အတွက် ၁၀၀% ကြံခိုင်မှု မပြည့်တာက်ို အခွင့်ကောင်းယူချင်ခဲ့တာပါ။ သို့သော် ဘရိုက်တန် အနေနဲ့ ပထမကစားပုံကထင်သလိုမဖြစ်ခဲ့ပဲ မန်စီးတီးရဲ့ ကစားသမားလေး Bobbကိုထိန်းနေရတာနဲ့တင် ကစားပုံပျက်ခဲ့ပါတယ်။ ကောင်တာတစ်ချို့ချောင်းကစားဖို့ပဲကျန်ခဲ့ပြီး ဦးဆောင်ဂိုးပေးလိုက်ရမှသာ ကစားအားတက်လာခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်စီးတီးကို Physical Game ကစားပြီး မန်စိီးတီး ကစားအားကို ချနိုင်ခဲ့တယ်။ မန်စီးတီးကစားအားကျလာလေလေ ဘရိုက်တန်က ပိုဖိလာနိုင်တာမို့ ပွဲချိန်ခွင်ရှာပြောင်းသွားခဲ့ပါတယ်။ ချေပဂ်ိုးရော အနိုင်ဂိုးရောက အဆင်မြင့်ခဲ့ပြီး ဘရိုက်တန်ဆိုတာ နည်းစနစ်နဲ့ကစားတာဆိုတဲ့ မာန်ကို လုပ်ပြနေဆဲပါ။ ဘရိုက်တန်ကလပ်ကနေ လာတဲ့ ကစားသမားအားလုံးဟာ ဘယ်သင်းကိုသွားသွား နည်းစနစ်ကောင်မွန်လွန်းတာလဲ ဒါကြောင့်ဖြစ်ပါတယ်။
စီးတီးဘက်ကိုပြန်ကြည့်ရင် စီးတီးဟာ ကမ္ဘာ့ကလပ်ဖလားကန်ခဲ့ရတဲ့ ဒဏ်ကို ခံနေရတဲ့ အသင်းတွေထဲက တစ်သင်းပါ။ ကစားသမားတွေက ပျှမ်းမျှ မိနစ်၆၀နဲ့၇၀ကြားထိသာ သက်လုံကောင်းကောင်းနဲ့ ကန်နိုင်နေပါတယ်။ ဒီအချက်ဟာ မနှစ်ကထဲက ဖြစ်နေတဲ့ပြဿနာဖြစ်ပြီး ကစားသမားတွေ အနေနဲ့ ပပ်ရဲ့ နည်းစနစ်ပိုင်းက်ို သိပ်ပြီး ပျော်မွေ့နေရုံမရပါဘူး။ အမှန်တိုင်းပြောရရင် ပပ်ရဲ့ နည်းစနစ်တွေဟာ လွန်ခဲ့တဲ့ ၃နှစ်အတွင်းပြောင်းလဲလာခဲ့တဲ့ မော်ဒန်နည်းစနစ်အပေါ် လိုက်မမှီတဲ့ပုံစံမျိုးဖြစ်နေပါပြီ။ လီဗာပူးလိုအသင်းကြီးက အစ ကလောပ့်နဲ့ လမ်းခွဲပြီး နည်းစနစ်ပြောင်းလဲခဲ့သလို အာဆင်နယ်ရဲ့အာတီတာကလဲ တစ်နှစ်နဲ့တစ်နှစ် ခေတ်အညီပြောင်းလဲလာတာတွေ့ရပါတယ်။ ဒါဟာ ပပ်ခေတ်ကုန်ဆုံပြီးလားလို့မေးခွန်းတွေရှိလာပါပြီ။ ဒီတိုင်းနိုင်လိုက်ရှုံးလိုက် ပုံစံမျိုးနဲ့ ဆက်သွားနေမယ်ဆိုရင် ပပ်ဟာ အထုတ်ခံလာရနိုင်ပါတယ်။ တောင်ပံကနေ overlapping ထွက် ကန်တင် ခေါင်းတိုက် ခေတ်က ကျန်ခဲ့ပါပြီ။ အဲ့ဒီလို နည်းစနစ်ဟောင်းမျိုးမှာတောင် ခံစစ်အားသန် Nouri လို ကစားသမားမျိုးက တိုက်စစ်အလွန်ကျွံလိုက်ပါနေရတာတွေက တော်တော်လေးမှားယွင်းနေတဲ့အချက်ပါ။ မျှော်လင့်လို့ရမယ်ဆိုရင်တောင် ဂိုးရဖို့ Chance အရမ်းနည်းပါတယ်။ စီးတီးအနေနဲ့ ဘယ်တောင်ပံနဲ့ညာတောင်ပံ မျှခြေမဖြစ်သေးသရွေ့ ဒီလိုရလဒ်တွေက ဖြစ်လာဦးမှာပါ။ ပပ်အနေနဲ့ ပြောင်းလဲသင့်တာကို ရဲရဲပြောင်းသင့်ပါပြီ။ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမျိုးမှာ ခြေစမ်းပွဲလို တစ်ပွဲနဲ့တစ်ပွဲ ပုံစံမတူတဲ့ ကစားကွက်စမ်းနေလို့မရပါဘူး။ ၂ပွဲဆက်ရှုံးခဲ့တာကြောင့် ပပ်လဲခေါင်းခြောက်နေလောက်ပါပြီ။ ခံစစ်ပိုင်းတစ်ဦးချင်းအမှားတွေလဲများခဲ့ပြီး ဒါဟာချန်ပီယံတို့ လက္ခဏာမဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် ပိုကောင်းတဲ့အသင်းကနိုင်ခဲ့တယ်ဆိုတာ လက်ခံရပါမယ်။ ဘရိုက်တန်ကို ချီးကျူးရမှာဖြစ်သလို မန်စီးတီးကိုတော့ဝေဖန်ရမှာပါ။ International Breakပြီးရင်တော့ မန်စီးတီးတို့ အကောင်းဆုံးပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆို ချန်ပီယံစိန်ခေါ်ပွဲမှာ မန်စီးတီးမပါရင် ပွဲမလှလို့ပါပဲ။