Innwa-Ads-Banner-1-1170X200

လီဗာပူး ကိုင်ထားတဲ့ နှစ်ဖက်သွား ပုဆိန်ရဲ့ အန္တရာယ်

နှစ်ဖက်သွားပုဆိန်၊ နှစ်ဖက်သွား ဓါးတွေဆိုတာမျိုးက ရန်သူကို ခုတ်တဲ့အခါလည်း ထိရောက်ပေမဲ့ မ တော်တဆလည်း ကိုယ့်ကို ပြန်ထိသွားနိုင်တာမျိုးတွေပါ။ ကိုင်တွယ်တဲ့အခါ အချိန်အဆအရမ်းလိုပါ တယ်။ လီဗာပူးရဲ့လက်ရှိ အနေအထားကို အဲဒီဥပမာမျိုးနဲ့တင်စားရင် အနီးစပ်ဆုံးနေမှာပါ။ 

တကယ်တော့ လီဗာပူးဟာ လက်ရှိအနေအထားမှာ အတောင့်တင်းဆုံးလို့ပြောလို့ရတဲ့အနေအထားကို ရောက်နေပါပြီ။ သူတို့ အလိုရှိနေတဲ့ ကစားသမားတော်တော်များများကို ဖြည့်ထားနိုင်ပါတယ်။ ကွင်း လယ်ကလည်း ကျန်တဲ့နေရာတွေလောက် သိသိသာသာကြီးမဖြည့်တင်းထားရသေးပေမဲ့ ကောင်း ကောင်းအလုပ်ဖြစ်နေပါသေးတယ်။ နောက်တန်းမှာလည်း ဂွီဟီကို ထပ်ခေါ်ဖို့ ဆွေးနွေးနေပြီး တိုက် စစ်မှာ အီဆက်ကို အခုအချိန်အထိ ကြိုးစားနေပါသေးတယ်။

လီဗာပူးအတွက်တော့ ဒီလောက်အထိ ငွေသုံးတာဟာ ဆယ်စုနှစ်တွေအတွင်းမှာတောင် တွေ့ရခဲပါ တယ်။ သူတို့အနေနဲ့ လက်ရှိအချိန်မှာ မန်ယူနိုက်တက်အသင်းနဲ့ အင်္ဂလိပ်အမှတ်ပေးဖလားအရေအ တွက်တူသွားပြီဖြစ်ပြီး အခုအချိန်မှာ ကျော်ဖြတ်နိုင်ဖို့အခွင့်အလမ်းကောင်းအများကြီးရှိနေတဲ့အချိန် မှာ အပြည့်အဝအသုံးချချင်ဟန်ပါပဲ။ 

တပြိုင်နက်တည်းမှာလည်း အသင်းကို ကမ္ဘာ့စူပါပါဝါအသင်းကြီးတစ်သင်းအဖြစ် တည်ဆောက်သွားဖို့ ပြင်ဆင်ထားပုံရပါတယ်။ ဥရောပဖလားတွေကိုပါ ပစ်မှတ်ထားတဲ့အနေနဲ့ပေါ့။ ပြောရမယ်ဆိုရင် လက် ရှိဥရောပအနေအထားကလည်း အရင်လို မဟုတ်ဘဲ ပြန်လည်တည်ဆောက်နေရဆဲအသင်းတွေချည်း ဖြစ်ပြီး ဘိုင်ယန်မြူးနစ်နဲ့ ဘာစီလိုနာ၊ အစဉ်အလာရှိတဲ့ ရီးရဲလ်မက်ဒရစ်၊ မနှစ်က ချန်ပီယံ ပီအက်စ်ဂျီ တို့လောက်သာ ရှိပါတယ်။ ဒီအထဲမှာ ရီးရဲလ်က နည်းပြသစ်အလွန်ဆိုအောက် ပြန်တည်ဆောက်နေရ တာဖြစ်ပြီး ဘိုင်ယန်မြူးနစ်ကလည်း အရမ်းကြီး တောင့်တင်းတယ်လို့ မဆိုနိုင်ပြန်ပါဘူး။ ဥရောပမှာ လီ ဗာပူးတို့ အများကြီး အလားအလာရှိနေပြန်ပါတယ်။ 

ဒီအလားအလာတွေကို အပြည့်အဝအသုံးချနိုင်ခဲ့မယ်ဆိုရင်တော့ လီဗာပူးတို့ဟာ အအောင်မြင်ဆုံးနှစ် ကာလတွေကို တည်ဆောက်နိုင်သွားမှာဖြစ်ပြီး ပြည်တွင်းရော ပြည်ပကိုပါ သူတို့ ပြန်အုပ်စိုးနိုင်မယ့်နှစ် တွေဆီ ချီတက်နိုင်ဖို့ အားကောင်းသွားတော့မှာပါ။ ဒါက ဓါးသွားတဖက်မှာ ရှိနေမယ့် အရမ်းကောင်းတဲ့ အလားအလာကြီးပေါ့။ 

ဒါပေမဲ့ တဖက်မှာတော့ အန္တရာယ်တစ်ခုကလည်း ရှိပါတယ်။ ဒီအစီအစဉ်တွေသာ အလုပ်မဖြစ်ခဲ့ဘူးဆို ရင် လီဗာပူးလက်ရှိသုံးထားတဲ့ ငွေကြေးနဲ့က မလွယ်ပါဘူး။ ဥရောပမှာ ထိပ်ထိပ်ကြဲဖြစ်နေတဲ့ ဘာစီလိုနာတို့ဟာ အင်အားအထွတ်အထိပ်ရောက်ပြီးမှ ဒမ်ဘီလီ၊ ကော်တင်ညိုတို့လို အပြောင်းအရွှေ့ မျိုးတွေမှာ ကျရှုံးသွားခဲ့ပြီး အခုထိ ဘဏ္ဍာရေး နာလန်ထူဖို့ ကြိုးစားရုန်းကန်နေကြရတာကို သင်ခန်းစာ အဖြစ် ယူနိုင်သလို မန်ယူနိုက်တက်ဟာလည်း အဲဒီ နမူနာထဲမှာ အကျုံးဝင်ပါတယ်။ 

လက်ရှိခေါ်ထားတဲ့ ကစားသမားတွေက အလုပ်မဖြစ်ဖို့တော့ မပူရလောက်တဲ့ ကစားသမားတွေဖြစ်ပြီး ရလဒ်ကောင်းတွေလည်း ယူဆောင်လာနိုင်မယ်လို့ လီဗာပူးဒါရိုက်တာတွေက သေချာအကဲဖြတ်ပြီးမှ ခေါ်ထားတာဖြစ်လို့ အမှားအယွင်းတော့ နည်းမှာပါ။ ဒါပေမဲ့ တကယ့်ကို ထိပ်တန်းအနေအထားနဲ့ တောက်ပနေတဲ့ ကစားသမားတွေချည်း တစ်သင်းထဲမှာ စုထားတာ ထင်ထားသလောက် လွယ်ကူလှ တဲ့အလုပ်တော့လည်းမဟုတ်ပါဘူး။

လုပ်ခပြိုင်ဆိုင်မှုတွေ၊ နေရာတိုက်ပွဲတွေနဲ့ အချိန်မရွေး ပွတ်တိုက်မှုတွေ ဖြစ်သွားနိုင်ပါတယ်။ ဒါကိုတော့ လီဗာပူးတို့ သတိထားထိန်းကျောင်းကြရမှာဖြစ်ပါတယ်။ ပေါက်ကွဲအားပြင်းတဲ့လောင်စာတွေဟာ အရှိန် အဟုန်ကိုလည်း ယူလာပေးသလို ပျက်စီးမှုဆီလည်း ဦးတည်တတ်ကြပါသေးတယ်။