ဒီနေ့ခေတ်မှာ လူငယ်ကစားသမားတွေအတွက် ချဉ်းကပ်ပုံတွေ ပြောင်းလဲလာကြတာကို သိသိသာသာ မြင်လာရပါတယ်။ အထူးသဖြင့် အသင်းကြီးတွေပါ။ အရင်လို အသင်းကြီးတွေကနေ လူငယ်ကစားသမား တွေကို အကယ်ဒမီကနေ တိုက်ရိုက် ပွဲထွက်ခွင့်ပေးဖိုဆိုတာ လိုအပ်ချက်လွန်းမှနဲ့ ကစားသမားက အရည်အသွေးကောင်းလွန်းမှသာဖြစ်နိုင်တော့မှာဖြစ်ပြီး အဲဒီလို အရည်အသွေးကောင်းတဲ့ ကစားသမား တွေကိုလည်း လူငယ်ဘဝကတည်းက အကယ်ဒမီကို ခေါ်စုထားနိုင်ဖို၊ ဒါမှမဟုတ် အသင်းမှာ ခေါ်ထိန်း ပြီး အငှားချတန်ချထားနိုင်ဖို ကြိုးစားတဲ့ ချဉ်းကပ်မှုတစ်ခုကို သုံးလာကြတာတွေ့ရပါတယ်။
ချယ်လ်ဆီးလည်း အဲဒီနည်းကို သုံးသလို၊ ရီးရဲလ်မက်ဒရစ်လည်း အဲဒီလို နည်းကို သုံးပါတယ်။ ဘာ ကြောင့်လဲဆိုရင်တော့ ဈေးမတန်တဆပေးရတာတွေကို ရှောင်နိုင်ဖိုလို ယူဆရပါတယ်။ အလားအလာ တော်တော်ပြထားတဲ့ ကစားသမားတွေကို ကြိုခေါ်ပြီး စုထားတာဟာ နောင် ခြေပေါ်လာမှ ဈေးကြီးကြီး ပေးလိုက်ခေါ်ရတာမျိုးတွေက ဒီနေ့ခေတ်မှာ PSR, FFP တွေကို ရှောင်လွှနိုင်မယ့်လမ်းစဉ်တစ်ခုအဖြစ် ယုံကြည်ထားကြပုံပါပဲ။
အသင်းကြီးတွေရဲ့အကယ်ဒမီက လူငယ်တွေကတော့ အရမ်းကို မတောက်ပပြနိုင်ဘူးဆိုရင် လူငယ်တွေ ကိုပွဲထုတ်ပြီး အရောင်တင်ပေးနိုင်မယ့် အသင်းတွေဆီကို ပြောင်းပြီး အတွေ့အကြုံရှာကြတာမျိုးက လည်း နောက်ထပ် လမ်းတစ်ခုဖြစ်လာပါတယ်။ အရင်ကလို အသင်းကြီးတွေမှာ လူငယ်တွေက မိနစ် နည်းနည်းလောက်ချင်း တဖြည်းဖြည်း နေရာရဖို ကြိုးစားလာကြတာမျိုး မြင်ရဖိုဆိုတာ တော်တော် ခက်သွားကြပါပြီ။ လက်ရှိမှာ အသင်းကြီးတွေဆီ ခြေစွမ်းပြနေတဲ့ ပွဲဦးထွက်ကစားသမားတွေဆိုတာ လည်း အသင်းရဲ့ လူစာရင်းထဲမှာ သေချာပေါက်ပါလာဖို အာမခံချက်မရှိပါဘူး။
ဒီလူငယ်တွေကို နေရာပေးနေတာက နောင်တစ်ချိန်မှာ ဈေးသင့်သင့်နဲ့ ပြန်ရောင်းဖိုဆိုတာတွေလည်း ပါပါတယ်။ အရမ်းကောင်းလွန်းတဲ့ ယာမဲတိုလို ကစားသမားတွေ၊ အာဆင်နယ်မှာ နေရာရလာတဲ့ နွမ် နရီတိုလိုကစားသမားမျိုးတွေဆိုရင်တော့ တမျိုးဖြစ်ပေမဲ့ ကျန်တဲ့ကစားသမားတွေကတော့ အသင်းအတွက် ငွေဖော်ဖို့ သဘောမျိုးလည်း ဆန်ပါတယ်။ အကယ်ဒမီကစားသမားဖြစ်တာကြောင့် PSR အပေါ် အများကြီး အကူအညီပေးနိုင်ပါတယ်။
ဆိုတော့ အခုခေတ်မှာ လူငယ်တွေဟာ အရမ်းကို ကောင်းလွန်းတဲ့ ခြေစွမ်းကို မပြနိုင်ရင် အသင်းကြီး တွေမှာ ဆက်ရှိဖို မဖြစ်နိုင်တော့ဘဲ အရင်လို အရံကစားသမားတွေအဖြစ် အရံခုံပေါ် ငုတ်တုပ်ထိုင်နေ ပြီး အသင်းအတွက် အသုံးတော်ခံဖိုအသင့်ပဲဆိုတာမျိုးထက် သူတိုကို နေရာပေးနိုင်မယ့်အသင်းတွေဆီကို ပို သွားကြဖို များလာတော့မှာပါ။ တဖက်မှာလည်း အဲဒီလို အသင်းတွေဆီက အရမ်းကို တောက်ပဖို အလား အလာမြင့်တဲ့ကစားသမားတွေကိုကျ အသင်းကြီးတွေက ကြိုချုပ်ထားကြဖို ပိုကြိုးစားလာနေတာကို မြင် ရပါတယ်။
လူငယ်ကစားသမားတွေကို ဦးစားပေးခေါ်ယူဖိုပဲ အသားပေးလာကြပြီး အသင်းရဲ့စနစ်နဲ့အတူ ကြီးပြင်း ရင့်ကျက်လာစေဖိုကို ရည်ရွယ်တာမျိုးတွေပိုမြင်လာကြပါတယ်။ အသင်းလတ်တွေမှာ ဒီလိုလူငယ် အရည်အသွေးမြင့်ကစားသမားတွေက ပိုပြီးတောက်ပလာနိုင်ကြမှာဖြစ်ပြီး ဒီလိုကစားသမားတွေက တော့ တော်တော်ကြီးကို ဈေးကြီးလာနိုင်ပါတယ်။ ဒါကို ရှောင်လွှဖိုအတွက်လည်း အသင်းကြီးတွေက လူငယ်တွေကို ကြိုခေါ်ပြီး အငှားချရင်း ရင်းနှီးမြှုပ်နှံဖို ကြိုးစားလာကြတာပါ။ ဒါမျိုးက အရင်ကလည်း တွေ့တော့တွေ့ဖူးပေမဲ့ ဒီလောက်အထိ များများစားစားကြိုးစားကြတာမျိုးကတော့ အခုအချိန်မှာ အများဆုံးပါပဲ။
ဒါဟာ PSR, FFP တွေလိုမျိုး စည်းမျဉ်းတွေ တင်းကြပ်လာတာနဲ့အမျှ အသင်းတွေက လိုက်ပါပြောင်းလဲ လာနေတဲ့ အနေအထားမျိုးတွေဖြစ်ပြီး ဒါမျိုးတွေကို နောင်မှာလည်းပိုပြီး မြင်လာရနိုင်တယ်လို ယူဆရပါတယ်။
