ဘောလုံးရဲ့ အကြီးကျယ်ကြီးဆုံး ဂန္တဝင်တွေထဲမှာ မေ့မရပဲ နာမည်အမြဲတမ်းမှတ်မိနေမယ့်သူကတော့ Andrés Iniesta ဖြစ်မယ်ဆိုတာ ပရိသတ်တွေလက်ခံကြမှာပါ။ စပိန်အတွက် ကမ္ဘာ့ဖလားအောင်ပွဲ ၁၁၆မိနစ် မှာ သွင်းပေးခဲ့တဲ့ သွင်းဂိုးတစ်လုံးဟာ Iniesta အတွက် ဘောလုံးသမိုင်းထဲက အမှတ်ရဆုံးဂိုးတစ်ဂိုးပါပဲ။ စပိန် tiki-taka football systemရဲ့အဓိကအင်ဂျင်တစ်လုံးဖြစ်ခဲ့သလို ရွှေဘောလုံးဆု အခမ်းနားတွေရဲ့ မင်းသားတစ်ပါးဆိုလဲ မမှားပါဘူး။ ဒါပေမယ့် ဒီကနေ့မှာတော့ Iniestaဟာ ဘောလုံးကွင်းထဲမှာမဟုတ်တော့ပဲ ဘဝအသစ်တစ်ခုနဲ့ ရင်ဆိုင်နေရပါပြီ။ Iniestaဟာ ဘောလုံးလောကက အနားယူပြီးနှောင်းပိုင်းမှာ ဘဝကို ထူခြားဆန်းပြားစွာဖြတ်သန်းနေပါတယ်။
Iniesta ကို လူအများသိကြတာက အေးဆေးတည်ငြိမ် ပြီး ပကာသနတွေမကြိုက်တဲ့ သူတစ်ယောက်ဆိုပြီးသိကြတာပါ။ သူရဲ့ပုံစံကသာအဲ့လိုဆိုပေမဲ့ကွင်းပြင်ပမှာတော့ တော်တော် ထူးဆန်းတဲ့ လမ်းတွေကို လိုက်နေသူတစ်ဦးဖြစ်တယ်ဆိုတာပါပဲ။ ပထမဆုံးအနေနဲ့ သူ့အရမ်းချစ်ခင်တဲ့ မြို့ ဖြစတ်တဲ့ Fuentealbilla မှာ Bodega Iniesta လို့ ခေါ်တဲ့ စပိန်ရဲ့ နာမည်ကြီးကျော်ကြားတဲ့ ဝိုင်ထုတ်လုပ်ရေးစက်ရုံကို စီမံခန့်ခွဲနေပါတယ်။ ဒီဝိုင်စက်ရုံကတော့ သူ့မိသားစုရဲ့ အမွေလက်ဆင့်ကမ်းခံရတာဖြစ်ဖြစ်ပေမယ့် Iniesta တစ်ယောက်ကတော့ အနုပညာဆန်ဆန် လုပ်ကိုင်နေပြီး ဝိုင်အမျိုးစားသစ်တွေကို ဖော်စပ်နေပါတယ်။ “Corazón Loco” ဆိုတဲ့ ဝိုင်တစ်မျိုးက သူ့ရဲ့ ပရိသတ်တွေအတွက် တစ်ကိုယ်ရေ ချစ်ခြင်းနဲ့ ခံစားချက်ကို ဖော်ပြတဲ့ ဝိုင်ဆိုပြီးဖောစပ်ထားသလို ၊ “116” ဆိုတဲ့ နာမည်နဲ့ ဝိုင်ကတော့ ကမ္ဘာ့ဖျော်ဖြေရေးဘောလုံးသမိုင်းထဲမှာ အမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၁၆မိနစ်ကမ္ဘာ့ဖလားဂိုးကို အမှတ်ရအောင်ဖော်စပ်ထားတာပဲဖြစ်ပါတယ်။ အရာအာလုံးကို တည်တည်ငြိမ်ငြိမ်စောင့်ဆိုင်းပြီး ဝိုင်သောက်ကြသလို သူ့ကစားသမားဘဝဟာလည်း တည်တည်ငြိမ်ငြိမ်နဲ့ အခွင့်အလမ်းပေါ်လာတဲ့အချိန် ဂိုးသွင်းနိုင်ခဲ့တာလို့ သူကဆိုပါတယ်။ ဒါကြောင့်သူဘဝဟာ ဝိုင်လိုပဲ၊ သူရဲ့သွင်းဂိုးတွေဟာလေ အချိန်ကြာလေ ပိုတန်ဖိုးရှိလာမှာဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဝိုင်လုပ်ငန်းကို လုပ်ကိုင်နေတာဖြစ်ပါတယ်။
Iniesta ရဲ့ နောက်ထပ်ထူးခြားပုံက အဲဒီဝိုင်စက်ရုံနဲ့တင်မပြီးပါဘူး။ ဂျပန်မှာ Vissel Kobe အတွက် ဘောလုံးကစားချိန်မှာ ဂျပန်ယဉ်ကျေးမှုကို အလွန်ချစ်ခင်သွားခဲ့ပြီး Animeတွေကို စိတ်ဝင်စားခဲ့ပါတယ်။ ဂိမ်းနဲ့ Anime production တွေကို စီးပွားရေးအနေနဲ့ရော ပျော်စရာအနေနဲ့ရော ငွေကုန်ကြေးကျခံပြီးနာမည်ကြီးဂျပန် Anime company တစ်ခုကိုဝယ်ယူထားပါတယ်။ ဒါ့အပြင် Animeကြိုက်တဲ့လူငယ်တွေ ကလေးတွေအတွက် အခမဲ့ ကာတွန်းဆွဲနည်းသင်ပေးတဲ့ အခန်းကဏ္ဌတွေကို အားသက်သရော ထောက်ပံ့ပေးနေတာဟာ သူရဲ့ထူးဆန်းတဲ့အချက်တွေထဲက တစ်ခုပါ။ ထိုနည်းတူ Rakuten Company နဲ့အတူ ဂိမ်းနဲ့ ဘောလုံးကို ပေါင်းစပ်တဲ့စီးပွားရေးပရောဂျက်တွေကိုပါ လုပ်ခဲ့ပါတယ်။ အမိုက်စား tiki-taka ဆရာကြီးတစ်ယောက်က Japanese Anime အပေါ် အလွန်စွဲလမ်းပြီး ရင်းနှီးမြှုပ်နှံတာကို အံဩနေကြတဲ့သူတွေက ဒုနဲ့ဒေးပါပဲ။
ဒါ့အပြင်စပိန်နဲ့ ဂျပန် နှစ်နေရာလုံးမှာ သူ့နာမည်နဲ့ သီးခြားဖွင့်ထားတဲ့ Iniesta Methodology Football Academy ဆိုတာကလည်း ထူးခြားပါတယ်။ ဒီသင်တန်းကျောင်းက သာမန်လေ့ကျင့်ရေးစင်တာမဟုတ်ပဲ လူငယ်ဘောလုံးသမားတွေကို အနာဂတ်ဘဝနည်းပညာ အထောက်အကူဖြစ်အောင် သင်ပေးနေတဲ့အပြင် “ငြိမ်သက်မှု၊ ဂရုစိုက်မှု၊ မျှတမှု” ဆိုတဲ့ အခြေခံအကျင့်တွေကိုပါ အတူတူ သင်ကြားပေးနေတာပါ။ ကလေးတွေက ဘောလုံးသင်တတ်ရုံမဟုတ်ဘဲ ဘဝရဲ့တန်ဖိုးကိုပါသင်ယူသွားနိုင်တဲ့အတွက် ဒီ Academy ကို လာတက်ကြဖ်ို့ Iniestaက အမြဲဖိတ်ခေါ်လျက်ရှိပါတယ်။ Iniesta က တခါတလေ စပိန်က cooking show တွေမှာပါ တွေ့ရတတ်ပါတယ်။ သူ့အကြိုက်ဆုံးအစားအစာတွေကို ချက်ပြလေ့ရှိပြီး ပရိသတ်တွေကို ဖိတ်ခေါ်ကာ စပိန်ရိုးရာအရသာရှိတဲ့ အိမ်ချက်အစားအစာတွေမျှဝေလေ့ရှိပါတယ်။ ဘောလုံး ဂန္တဝင်တစ်ယောက်က အိမ်ရှင်မတစ်ယောက်လို ထွက်ပေါ်လာတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။Iniesta ဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ နောက်ထပ် ထူးခြားချက်ကတော့ သူ့အတွေးအခေါ်နဲ့ ငြိမ်သက်တဲ့ Life Style ပဲ ဖြစ်ပါတယ်။ အခြား ဘောလုံးသမားတွေလို flashy အပြင်အဆင်မရှိဘဲ ကိုယ်ဝါသနာပါရာလေးတွေ ကို ဂရုတစ်စိုက်ပြုလုပ်နေတာပါ။ ဘောလုံးသမားတစ်ယောက်ဟာ သာမန်မဟုတ်တဲ့ Life Philosophy ဆရာတစ်ယောက်လို ပြောင်းသွားတာလို့ ပြောလို့ရပါတယ်။ ဘဝကို အနုပညာဆန်ဆန် ဖြတ်သန်းနေတာမျိုးပေါ့။
ဒီတော့ Andrés Iniesta ဟာ တစ်ချိန်က tiki-taka ရဲ့
တေးသွားတွေနဲ့ ကမ္ဘာ့ဖျော်ဖြေရေးဘောလုံးလောကကို အမြဲတစ်ဆင့်မြှင့်ပေးခဲ့သူဆိုပေမယ့် ယနေ့ကာလမှာတော့ သူ့နာမည်နဲ့ ပေါင်းစပ်နေတဲ့အရာတွေက ဝိုင်ထုတ်လုပ်မှု၊ ဂျပန်အနီမေးနဲ့ ဂိမ်းစီးပွားရေး၊ football academy ဖွင့်မှု၊ နဲ့ သဘာဝအတွေးအခေါ်တွေပါပဲ။ အခြား ဂန္တဝင်တွေလို အလွန်အကျွံမဟုတ်ပေမယ့် Iniesta ရဲ့ ထူးခြားမှုကတော့ ဘဝတန်ဖိုးနဲ့ အမြဲ တစ်ထပ်တည်းကြနေကြောင်းပြောကြားရင်း..