Innwa-Ads-Banner-1-1170X200

သောမတ်ဖရန့်ရဲ့ စပါးကို အတွင်းကျကျလေ့လာကြည့်မယ်

စပါးနဲ့ သောမတ် ဖရန့်ရဲ့အတွဲအစပ်ဟာ အလုပ်ဖြစ်လာနိုင်တယ်လို့ ယူဆကြတဲ့သူတွေရှိကြပေမဲ့ အခုလက်ရှိ အလုပ်ဖြစ်နေသလိုမျိုးအထိတော့ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ မနှစ်က တန်းဆင်းဇုန်နားအထိရောက်သွား ခဲ့ရတဲ့ စပါးကို အခုလို အနေအထားပို့ဆောင်ပေးနိုင်တာ တော်တော်လေးကို အထင်ကြီးဖို့ကောင်းပါတယ်။ စပါး ဘုတ်အဖွဲ့ကလည်း ထိရောက်တဲ့ ဖြည့်တင်းမှုတွေ လုပ်ပေးထားနိုင်တာကြောင့်လည်း ပါပါတယ်။

သောမတ်ဖရန့်က စပါးမှာ နောက်ပိုင်းတွေ့ရခဲတဲ့ ပုံစံတစ်ခုကို ပြန်အသက်သွင်းလို့နေတာကို ထူးထူးခြားခြား သတိထားမိပါတယ်။ ခေတ်ပြိုင်ဘောလုံးလောကမှာ Full-back တွေက အတွင်းဝင်ကစားတာမျိုးတွေကို အမြဲတမ်းမြင်နေကြရပေမဲ့ သောမတ်ဖရန့်ကတော့ ၂၀၀၈ လောက်တုန်းက သုံးခဲ့တဲ့ Full-back တွေရဲ့ပုံစံအ တိုင်း နေရာပြန်ချလာတာကို တွေ့ရမှာပါ။
သူ့ Full-back တွေဖြစ်တဲ့ စပန့်စ်နဲ့ ပေါ်ရိုးတို့ဟာ တခြားစနစ်တွေလိုမျိုးအတွင်းဝင်ဖို့ လုံးဝမလိုဘဲ ကစားကွက် စတည်လိုက်ပြီဆိုတာနဲ့ အရင် Traditional Full-back တွေလို ဘေးစည်းနားမှာ နေရာယူရတာပါ။ အဲဒီဘေးစည်း နားမှာ နေရာယူထားတဲ့ပုံစံကြောင့် သူ့နောက်တန်းမှာ ဂိုးသမားနဲ့ တစ်တန်းတည်း CB တွေနေရာယူပြီး ဘောလုံးကို လှည့်ပေးထားရင်း အကောင်းဆုံး ထိုးဖောက်မှုတစ်ခုကို ပုံဖော်နေလို့ရပါတယ်။

သူက Full-back တွေကို ဘေးစည်းနား ကပ်နေခိုင်းရုံတင်မဟုတ်ဘဲ သူ့တောင်ပံကစားသမားတွေဖြစ်တဲ့ ကုဒု့စ်နဲ့ ဂျွန်ဆင်တို့နဲ့ အကွာအဝေးသိပ်မရှိစေဘဲ တစ်တန်းတည်း နေရာယူစေတာပါ။ အဲဒီလို Full-back နဲ့ တောင်ပံတွေ ကို Vertical Channel ဒေါင်လိုက် လိုင်းတစ်ခုတည်းမှာ တစ်တန်းတည်းနေရာယူစေတာမျိုးက မော်ဒန်ဘောလုံးနဲ့ ခေတ်ဟောင်းဘောလုံးမှာပဲ အတွေ့များခဲ့တဲ့ ပုံစံပါ။ သူက ဒါကို ပြန်သုံးပါတယ်။ အဲဒီလို နီးနီးကပ်ကပ်နေရာယူ စေပြီး တောင်ပံကိုလည်း ရနိုင်သမျှ ချဲ့ကစားထားစေပါတယ်။ ဒါက သူ့ရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့  ဘန်တန်ကာ နဲ့ ဆားလ်တို့ ပြေးတက်လာနိုင်ဖို့ နေရာလွတ်တွေဖြစ်စေသလို အချင်းချင်းလည်း အပြန်အလှန်အကူ အညီပေးလို့ရပါတယ်။

အခုနောက်ပိုင်းမှာက Inverted Full-back တွေကြောင့် ကွင်းလယ်မှာ ကစားသမားအပိုတစ်ယောက်ရတဲ့ပုံစံမျိုး ကို မြင်တွေ့ရပေမဲ့ တောင်ပံတွေမှာကျ တောင်ပံကစားသမားတွေက တစ်ယောက်တည်းတွေ လှုပ်ရှားကြရတာပါ။ သောမတ်ဖရန့်စနစ်မှာတော့ Full-back တွေက တောင်ပံကစားသမားကို အကူအညီပေးနိုင်သလို Underlap တွေ၊ Overlap တွေပါ ကောင်းကောင်းလိုက်နိုင်ပါတယ်။ တောင်ပံကိုချဲ့ပြီး ကစားထားတဲ့ နေရာလွတ်ထဲကို ထောင့်ဖြတ်ပေးပို့မှုတွေနဲ့ ချပေးပြီး Underlap ပြေးထွက်တာမျိုးတွေက သူ့ကစားကွက်မှာ မြင်တွေ့လာရတာ မျိုးတွေပါ။

အဲဒီလို ချဲ့ထားတဲ့ တောင်ပံတွေကို လုံးဝကြီး သီးသန့်လည်း ဖြစ်မသွားစေဘဲ တိုက်စစ်မှူးဖြစ်တဲ့ ရီချာလီဆင်နဲ့  သက်ဆိုင်ရာဘက်ခြမ်းက ကွင်းလယ်လူတွေက ယိမ်းကစားပေးကြပါတယ်။ ညာဆိုရင် ဆားလ်ရှိနေပြီး ဘယ်ဆိုရင် ဘန်တန်ကာရှိနေပါတယ်။ ဆိုတော့ ဘောလုံးထွက်လာဖို့ အချင်းချင်း အပြန်အလှန်အကူအညီပေးနိုင်သလို Second Ball တွေအတွက်လည်း လူအင်အားအပြည့်ရှိပါတယ်။

ပြိုင်ဘက်ကို ဖိအားပေးတဲ့အခါလည်း အင်ပြည့်အားပြည့်နဲ့ ဖိအားပေးနိုင်ပါတယ်။ ဘောလုံးဆုံးရှုံးထားတဲ့အခါတွေ မှာဆိုရင် ရီချာလီဆင်နဲ့ ပယ်လင်ညာတို့က CB တွေကို ဖိအားပေးပြီး စပန့်နဲ့ ဂျွန်ဆင်တို့က အစွန်လူတွေကို ဖိအား ပေးပါတယ်။ မန်စီးတီးကွင်းလယ်လူတွေ နောက်ထိဆင်းလာကူရင် ဗန်ဒီဗန်အထိ လိုက်တက်လာပြီး ဖိအားပေးပါ တယ်။ ဒီလို ရဲရဲတင်းတင်းနဲ့ ဖိအားတက်ပေးတဲ့ပုံစံက မန်စီးတီးကို ကစားကွက်နောက်ကနေ တည်ရခက်သွားစေ ခဲ့တာပါ။  တကယ်လို့ အဲဒီဖိအားတွေကို ကျော်ဖြတ်သွားနိုင်ရင် နောက်ကို ဆင်းပြီး ပြန်လိုက်ပေးမယ့် ဘန်တန် ကာတို့က အဆင်သင့်ရှိပါတယ်။
ဒီစနစ်က သူတီထွင်ထားတာတော့မဟုတ်ပေမဲ့ မြင်ရခဲ့တဲ့ မော်ဒန်ခေတ်စတိုင် ပုံစံပါ။ ဒါမျိုးကို သောမတ်ဖရန့် ပြန်တင်သွင်းလာတာကြောင့် စပါးကို နောက်ပွဲတွေလည်း စိတ်ဝင်တစားစောင့်ကြည့်ချင်စရာကောင်းနေဦးမှာပါ။