Mikel Arteta အတွက် မနက်ခင်းဟာ စောစောစီးစီးပဲစတင်ပါတယ်။ Arsenal.com မှာ ဖော်ပြခဲ့တဲ့ အင်တာဗျူးတစ်ခုအရ သူဟာ သူ့ကစားသမားတွေမရောက်သေးမီ “လန်ဒန်ကိုလ်နီ”လေ့ကျင့်ရေးစခန်းကို ရောက်နေတတ်ပြီး တစ်နေ့တာအစီစဉ်တွေကို သတ်မှတ်ဖို့ planချပါတယ်။ ပွဲပြင်ဆင်မှုဟာ ဝီစီမှုတ်တဲ့အချိန်မှ စတင်တာမဟုတ်ဘဲ ရက်ပေါင်းများစွာ ဂရုတစိုက်စီစဉ်မှု၊ ပြင်းထန်တဲ့လေ့ကျင်းရေးအစီစဉ်တွေ၊ နည်းဗျူဟာ ညှိနှိုင်းမှုတွေနဲ့ ကစားသမားတွေရဲ့ ပြန်လည်ထူထောင်ရေးတို့ကို တိကျစွာ ရောစပ်ပြင်ဆင်မှုကနေ တည်ဆောက်ထားတာပါ။ အစည်းအဝေးခန်းထဲကိုဝင်ရောက်လာတဲ့အခါ Arteta ဟာ သူ့ရဲ့ Video Analysis တွေနဲ့အတူ ပြိုင်ဘက်အသင်းကို နောက်ဆုံးအကြိမ် ပြန်လည်သုံးသပ်ဖို့ စုဝေးတတ်ပါတယ်။
The Guardian သတင်းစာက ဖော်ပြခဲ့ဖူးသလိုပဲ Arteta ဟာ အသေးစိတ်အချက်လက်တွေကို စွဲလမ်းအာရုံစိုက်သူဖြစ်ပြီး – ပြိုင်ဘက်အသင်းရဲ့ နည်းစနစ်တွေ၊ ကစားပုံကစားနည်းပြောင်းလဲတဲ့အခါ ဘယ်နေရာတွေမှာ လစ်ဟာနေတတ်တယ်ဆိုတာနဲ့ ပြိုင်ဘက်ရဲ့ အားနည်းချက်တွေကို လေ့လာနေတတ်သူပါ။ သူ့ရဲ့ဒဿနကတော့ ပြိုင်ဘက်ကို လိုက်လျောညီထွေဖြစ်ယှဉ်ပြိုင်နိုင်ဖို့နဲ့ Arsenal ရဲ့ ကိုယ်ပိုင်လက္ခဏာကို မြှင့်တင်ဖို့ပါပဲ။ ကစားသမားတွေကို သူတို့ဟာ ပွဲရဲ့စည်းမျဉ်းတွေကို သတ်မှတ်ပေးသူတွေဖြစ်ရမယ်လို့ သတိရစေတတ်ပါတယ်။ အဲဒီကနေတစ်ဆင့် စကားစမြည်ပြောဆိုမှုတွေဟာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဆီ ရောက်သွားပါတယ်။ Sky Sports နဲ့ အင်တာဗျူးတစ်ခုမှာ Arteta က အသင်းဖွဲ့စည်းမှုဟာ ရိုးသားမှုအပေါ်မှာ အခြေခံတယ်လို့ ဝန်ခံခဲ့ဖူးပါတယ် – “ဘယ်သူက ကစားချင်နေလဲဆိုတာထက် ဘယ်သူက အဆင်သင့်ဖြစ်နေလဲဆိုတာ ကျွန်တော်သိဖို့လိုတယ်” တဲ့။ ဒဏ်ရာအနာတရအနည်းငယ်လေးကတောင် ပွဲစဉ်တစ်ခုရဲ့ ဟန်ချက်ညီမှုကို ပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် သူဟာ ဝန်ထမ်းတွေရော ကစားသမားတွေရဲ့ ပွင့်လင်းမြင်သာမှုကို တောင်းဆိုပါတယ်။ ကွင်းပေါ်ရောက်နေတဲ့ ကစားသမားတိုင်း အပြည့်အဝအဆင်သင့်ဖြစ်နေမှုကို သေချာအောင်လုပ်ရင်းပေါ့။ ပွဲစဉ်မတိုင်မီနေ့မှာ လေ့ကျင့်ခန်းကတော့ ခဏတာဖြစ်ပေမယ့် ပြင်ထန်းပါတယ်။ လန်ဒန်ကိုလ်နီမှာ ဖိတ်ကြားခံခဲ့ရတဲ့ သတင်းထောက်တွေက ဒီပြင်းထန်မှုကို မကြာခဏဖော်ပြလေ့ရှိပါတယ်။ Arteta ရဲ့ အသံဟာ ကွင်းပြင်တစ်ခွင်ကို ပဲ့တင်ထပ်နေတတ်ပြီး လက်ခုပ်တီး အားပေးမှုတွေ လုပ်နေတတ်ပါတယ်။ နေရာချထားမှုတွေ ပြန်ရှင်းပြဖို့ ဒါမှမဟုတ် ကစားဟန်ကို ကိုယ်တိုင်ပြသဖို့ လေ့ကျင့်ခန်းတွေကို သူမကြာခဏ ဝင်ရောက်လာတတ်ပါတယ်။ ဒီနောက်ဆုံးလေ့ကျင့်ခန်းတွေဟာ ကိုယ်ကာယကြံ့ခိုင်မှုအတွက်မဟုတ်ဘဲ ရှင်းလင်းပြတ်သားမှုအတွက်ဖြစ်ပါတယ်။ Arsenal ရဲ့ ကိုယ်ပိုင်မီဒီယာအဖွဲ့က “တစ်နေ့တာ ဘဝဇာတ်လမ်း” ဗီဒီယိုမှာ ဖော်ပြခဲ့သလိုပဲ ကစားသမားတွေဟာ သူတို့ဘာတွေမျှော်လင့်ထားတယ်ဆိုတာ သိပြီး ကစားပွဲထဲကို ဝင်ရမယ်လို့ သူယုံကြည်ထားပါတယ်။ သူ့ရဲ့ရုံးခန်းထဲကို ပြန်ရောက်တဲ့နေ့လည်ခင်းတွေဟာ တိတ်ဆိတ်ပေမယ့် ပြင်းထန်မှုတော့ မလျော့ပါဘူး။ Arteta ဟာ တူညီတဲ့ နည်းဗျူဟာဆိုင်ရာ ဗီဒီယိုအပိုင်းလေးတွေကို အကြိမ်ကြိမ်ကြည့်တတ်ပြီး မှတ်စုတွေရေးခြစ်၊ ကစားသမားစာရင်းကို ပြန်ရေးပြင်ဆင်ကာ ဖြစ်နိုင်ခြေအခြေအနေတွေကို မှန်းဆနေတတ်ပါတယ်။ The Athletic က တစ်ချိန်က သူ့ရဲ့Perfectionism ဝါဒဟာ နောက်ဆုံးအချိန်အထိ သူ့ကိုဆုံးဖြတ်ချက်မချနိုင်အောင် လုပ်တတ်တယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။ သူ့အတွက်တော့ အသေးစိတ်အချက်လေးတွေတောင် အရေးကြီးပါတယ် – ဘယ်သူက စကစားမလဲ၊ ၊နှစ်ဖက်အသင်းကစားနေတဲ့ ပွဲတစ်ပွဲရဲ့ နောက်ဆုံးမိနစ် ၂၀ ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာတွေပေါ့။ ပွဲနေ့ မနက်ခင်းမှာတော့ Arteta ဟာ အေးချမ်းမှုကို ရှာဖွေတတ်ပါတယ်။ BT Sport နဲ့ လုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပွဲမစမီ သူပြောတတ်တဲ့စကားတွေဟာ တမင်သက်သက်ရိုးရှင်းအောင်ထားတယ်လို့ ရှင်းပြခဲ့ဖူးပါတယ် – “ကစားသမားတွေကို အရမ်းများတဲ့အရာတွေနဲ့ ဖိအားမပေးဘူး။ သူတို့အတွက် အဓိကကျတဲ့ အရာ သုံးခု၊ လေးခုနဲ့ ယုံကြည်မှုပဲ လိုတယ်” တဲ့။ မနက်ခင်းအချိန် မှာဒီမက်ဆေ့ချ်တွေကို စိတ်ထဲမှာ အားရပါးရလေ့ကျင့်ရင်း၊ သူပြောမယ့်စကားတွေ ရှင်းလင်းပြီး စိတ်ခံစားမှုပြည့်ဝကာ တိုက်ရိုက်ဖြစ်အောင် သေချာအောင်လုပ်ရင်း ကုန်ဆုံးတတ်ပါတယ်။ ပွဲစဉ်စတင်ချိန်နီးလာတာနဲ့အမျှ သူ့ရဲ့စိတ်အားထက်သန်မှုဟာ မြင့်တက်လာပါတယ်။ Amazon’s All or Nothing: Arsenal အတွက် ကင်မရာတွေကပြခဲ့သလို သူ့ရုံးခန်းမှာ Arteta ဟာ ကစားသမားတွေကြားထဲ လှည့်လည်ရင်း၊ သူတို့ရဲ့မျက်လုံးချင်းဆုံအောင်ကြည့်ရင်း၊ သူတို့ရဲ့တာဝန်အကြောင်း သတိရစေတတ်ပါတယ်။ လေ့ကျင့်ရေးကွင်းဘေးသို့ရောက်သွားတဲ့အခါ သူဟာ ငြိမ်ငြိမ်နေလေ့မရှိပါဘူး – သူ့ရဲ့ လက်ဟန်ခြေဟန်တွေ၊ အော်ဟစ်မှုတွေ၊ စိတ်လှုပ်ရှားဖွယ် ကိုယ်ခန္ဓာဘာသာစကားတွေဟာ သူ့ရဲ့နည်းဗျူဟာဆိုင်ရာ ညွှန်ကြားချက်တွေလိုပဲ ပါပဲ။ ဒါပေမယ့် ဒီစွမ်းအင်တွေရဲ့ နောက်ကွယ်မှာတော့ ပြင်ဆင်မှုတွေရှိပါတယ်။ လူစားလဲကစားသမားအသုံးပြုမှုတွေကို ရက်ပေါင်းများစွာကြိုတင်လေ့ကျင့်ထားပြီး အမှတ်ပေးဇယားအလိုက် နည်းဗျူဟာ ပြောင်းလဲမှုတွေကိုလည်း ပြင်ဆင်ထားတတ်ပါတယ်။ နောက်ဆုံး ဝီစီမှုတ်ပြီးအချိန်မှာတောင် သူ့ရဲ့တစ်နေ့တာဟာ မပြီးဆုံးသေးပါဘူး။ The Guardian ရဲ့ ပွဲစဉ်အစီရင်ခံစာအရဆိုရင် Arteta ရဲ့ ပွဲအပြီး ပုံမှန်လုပ်ရိုးလုပ်စဉ်ထဲမှာ သူ့ရဲ့လက်ထောက်တွေနဲ့ အမြန်အစည်းအဝေးလေးတွေလုပ်တာ၊ ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေနဲ့ သတင်းစာရှင်းလင်းပွဲက ကိစ္စတွေပါဝင်ပါတယ်။ သူဟာ ကစားသမားတွေကို သီးသန့်ထုတ်ဖော်ပြောဆိုတာမျိုးကို ရှောင်ရှားရင်း အသင်းကနေ ပိုမိုမျှော်လင့်ထားတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။ ညနက်ချိန်မှ အိမ်ကိုပြန်ရောက်တဲ့အခါမှသာ သူဟာ စိတ်အပန်းဖြေလေ့ရှိပါတယ် – ဒါပေမယ့် အမှန်တရားကတော့ နောက်ပြိုင်ဘက်အသင်းဟာ သူ့စိတ်ထဲမှာ စတင်ဖွဲ့စည်းနေပါပြီ။
ဒါဟာ Mikel Arteta ရဲ့ နေ့စဉ်ဘဝပါ – ကြာရှည်တဲ့အချိန်တွေ၊ မရပ်တန့်နိုင်တဲ့ အသေးစိတ်အချက်လက်တွေနဲ့ ဆက်လက်ရှိနေတဲ့ ဖိစီးမှုတွေပါ။ပရိသတ်တွေအတွက်တော့ ပွဲစဉ်တစ်ပွဲဟာ မိနစ် ၉၀ လို့ ထင်ရပေမယ့် ဒါပေမယ့် နည်းပြအတွက်ကတော့ ဒါဟာ မရေမတွက်နိုင်တဲ့ အစည်းအဝေးတွေ၊ အိပ်မပျော်တဲ့ညတွေနဲ့ စိတ်ခံစားမှုဆိုင်ရာ ပြင်ဆင်မှုတွေရဲ့ ရလဒ်တစ်ခုပါပဲ။ သူ့ရဲ့ ဆုံးဖြတ်ချက်တွေဟာ Arsenal ရဲ့ ပြိုင်ဘက်တွေကြားသက်ရောက်မှုကိုသာမက နည်းပြတစ်ယောက်အနေနဲ့ သူ့ရဲ့တိုးတက်မှုကိုပါ သတ်မှတ်နေတာပါ။Arsenal.com က တစ်ချိန်က ဖော်ပြခဲ့သလိုပဲ “Arteta ဟာ ပွဲစဉ်တစ်ခုအတွက် ပြင်ဆင်ရုံသက်သက်မဟုတ်ဘဲ – နောက်ဆုံးဝီစီမှုတ်သည်အထိ တစ်မိနစ်ချင်းစီကို ဖြတ်သန်းနေသူပါ”။