၂၀၂၆ ကမ္ဘာ့ဖလား အားမြောက်အမေရိကတိုက်
တွင် ကျင်းပမည်ဖြစ်ပြီး ဥရောပအသင်းများက ခြေစစ်ပွဲ အောင်မြင်ရန်ကြိုးပမ်းနေကြပါပြီ။
ပြင်သစ်၊ ဂျာမနီ၊ စပိန်အပါအဝင် အင်္ဂလန်အသင်းများဟာ ခြေစစ်ပွဲ ခြောက်ပွဲကို ၁၁ ပတ်အတွင်း ကစားကြမှာဖြစ်ပါတယ်။ဥရောပ ခြေစစ်ပွဲကို ကြာသပတေးနေ့မှ ပြန်လည်စတင်မည်ဖြစ်ပြီး နိုင်ငံအသင်း ၅၄ သင်း၊ အုပ်စု ၁၂စု ပါဝင်ကာ ခြောက်ရက်ကြာ ကစားကြမှာဖြစ်ပါတယ်။ ထို ၅၄သင်းထဲမှ ၂၄သင်းဟာ ခုမှခြေစစ်ပွဲစတင်ကစားကြမှာဖြစ်ပြီး ကမ္ဘာ့ဖလားဝင်ရောက်ရေးအတွက်ရေကုန်ရေခမ်းယှဉ်ပြိုင်ကစားသွားကြမှာပါ။ ကျန်အသင်းတွေကတော့ မတ်လထဲက ကစားနေကြတာဖြစ်ပါတယ်။
“နာမည်ကြီးအသင်းများရဲ့ အခြေနေ”
အီတလီအသင်းဟာ ခြေစစ်ပွဲခရီးစဉ်ကို ဇွန်လက စတင်ခဲ့ပြီး ၃ကြိမ်ဆက်တိုက် ကမ္ဘာ့ဖလားဝင်ရောက်ခွင့် မရခြင်းကို ပယ်ဖျက်ရန် အသေကြေကစားရမှာပါ။ အုပ်စုခေါင်းဆောင် နော်ဝေထက် ၉မှတ်လျော့ အုပ်စုတတိယနေရာမှာရှိနေတာလဲဖြစ်ပါတယ်။နာမည်ကြီး အင်္ဂလန်ကတော့ မတ်လထဲက စတင်ကန်ခဲ့တာဖြစ်ပြီး ပေးဂိုးမရှိ သုံးပွဲဆက်အနိုင်ရခဲ့တဲ့ စံချိန်ကို သောမတ််ထူချယ်လ် နှင့်အတူ ဆက်လက်ထိန်းထားဖိုရှိနေပါတယ်။
၂၀၁၀ ကမ္ဘာ့ဖလား အနိုင်ရရှိခဲ့သည့် စပိန်ကတော့ကြာသပတေးနေ့မှာ ဘူဂေးရီးယားသို သွားရောက်ကစားမှာဖြစ်ပြီး ၂၀၁၄ ချန်ပီယံ ဂျာမနီကလည်း ဆလိုဗက်ကီးယားသို သွားရောက်ကစားမှာဖြစ်ပါတယ်။၂၀၁၈ ခုနှစ် ချန်ပီယံ ပြင်သစ်ကလည်း အာဂျင်တီးနားနှင့် ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးကမ္ဘာ့ဖလား ပထမဆုံးပွဲအဖြစ် ယူကရိန်းကို ခရီးထွက်ကာ စတင်ကစားမှာဖြစ်ပါတယ်။ လက်ရှိရုရှားကျူးကျော်စစ်ကြောင့် လုံခြုံရေးစိုးရိမ်ပူပန်မှုများရှိသဖြင့် ယူကရိန်ဟာ ပြင်သစ်နဲ့ပွဲကို ပိုလန်နိုင်ငံ Wroclaw တွင် လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ရုရှားအသင်းများကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ စစ်စတင်သည့်အချိန်မှစ၍ UEFA နှင့် FIFA တိုက အပြည်ပြည်ဆိုင်ရာပြိုင်ပွဲအားလုံးကနေပိတ်ပင်တားမြစ်ထားတာလဲဖြစ်ပါတယ်။
“ခြေစစ်ပွဲပုံစံ”
ခြေစစ်ပွဲတွင် ဥရောပအသင်း ၅၄သင်းပါဝင်မှာဖြစ်ပြီး ၁၆သင်းဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ အုပ်စု ပထမ ၁၂သင်းက တိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပြီးအုပ်စုဒုတိယနေရာ ၁၂ သင်းကတော့ နောက်ပုံစံသစ်ထပ်ကစားရမှာဖြစ်ပါတယ်။ မနှစ်က ကစားခဲ့သည့် Nations League အုပ်စုပထမ လေးသင်းနှင့်အတူကစားရမှာပါ။ ခြေစစ်ပွဲ အုပ်စု ဒုတိယ ၁၂သင်း+ Nation League အုပ်စု ပထမ ၄ သင်း စုစုပေါင်း ၁၆ သင်းက ရှုံးထွက်ပွဲစဉ်များကစားကြမှာဖြစ်ပါတယ်။ အဲ့ဒီ ရှုံးထွက်အဆင့်များမှ နောက်ဆုံးကျန်တဲ့ ၄သင်းက ကမ္ဘာ့ဖလားဝင်ခွင့် ၄နေရာရရှိမှာဖြစ်ပါတယ်။
“စောင့်ကြည့်ရမဲ့အသင်းများ”
ဂျော်ဂျီယာ
ကြယ်ပွင့်ကစားသမား Khvicha Kvaratskhelia ပါဝင်သည့် ဂျော်ဂျီယာ အသင်းဟာပြီးခဲ့သည့် ဒီဇင်ဘာလက သတ်မှတ်ခဲ့တဲ့ အန္တရာယ်အရှိဆုံး အသင်းများအဆင့်သတ်မှတ်ချက်မှာ တတိယနေရာမှာရှိနေပါတယ်။ ကြာသပတေးနေ့တွင် တူရကီအား အိမ်ရှင်အဖြစ်လက်ခံကစားမှာဖြစ်ပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် စပိန်သို သွားရောက်ကစားမှာဖြစ်သည်။
ဆွီဒင်
Liverpool၊ Arsenal နဲ့ Newcastle အသင်းတိုရဲ့ စုစပေါင်သန်း ၃၀၀နီးပါး ကုန်ကျထားတဲ့ တိုက်စစ်မှူးတွေပါဝင်မယ့် ဆွီဒင်အသင်းကိုတော့ သေချာပေါက်စောင့်ကြည့်ရမှာပါ။ Alexander Isak၊ Viktor Gyökeres နှင့် Anthony Elanga တို့က ဦးဆောင်လာမှာဖြစ်ပြီး မန်ယူအသင်းတိုက်စစ်မှူး Sesko ရဲ့ ဆလိုဗေးနီးယားအသင်းနဲ့ စတင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
နော်ဝေ
နော်ဝေအသင်းဟာ နာမည်ကြီး အီတလီအသင်းကို ၆မှတ်အသာနဲ့ ဦးဆောင်ထားနိုင်တာဖြစ်ပါတယ်။
Erling Haaland မမွေးခင်ထိ ကမ္ဘာ့ဖလားဝင်ခွင့်မရခဲ့တဲ့ နော်ဝေအသင်း ခုချိန်မှာတော့ အတော်လေးအခြေနေကောင်းနေပါပြီ။ မတ်လတွင် စတင်ခဲ့တဲ့ နော်ဝေရဲ့ ခြေစစ်ပွဲ ခရီးစဉ်ဟာကြယ်ပွင့်တိုက်စစ်မှူး Erling Haalandရဲ့ လေးပွဲဆက် ဂိုးသွင်းယူနိုင်မှုနဲ့အတူ အုပ်စုပထမအဆင့်မှာ ဦးဆောင်နေတာလဲဖြစ်ပါတယ်။ ဒါ့အပြင် နော်ဝေအသင်းဟာ အောက်တိုဘာ ၁၁ ရက်နေ့ အော်စလိုမြိုမှာ အစ္စရေးကိုအိမ်ရှင်အဖြစ်လက်ခံကစားမည်ဖြစ်ပြီး ပွဲမှ ရရှိသော ဝင်ငွေအကျိုးအမြတ်များကို ဂါဇာတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီလုပ်ငန်းများအတွက် လှူဒါန်းဖိုစီစဉ်ထားတာကိုလဲသိရပါတယ်။