တကယ်တော့ ၃-၄-၃ ဟာ တော်တော်ကို ကြာခဲ့ပြီဖြစ်ပြီး ထက်မြက်တဲ့နည်းပြကြီးတွေလည်း သုံးစွဲခဲ့ဖူးတဲ့ အခင်း အကျင်းတစ်ခုပါ။ ယိုဟန်ခရိုက်လည်း ဘာစီလိုနာနဲ့ အိုင်းယက်မှာ ဒီစနစ်ကို သုံးဖူးပါတယ်။ ဒါက သူ့ရဲ့ Total Football အတွေးအခေါ်ပေါ်မှာ အခြေခံပြီး သုံးခဲ့တာဖြစ်ပါတယ်။ ဒီမှာပဲ သူက Pressing စနစ်တွေကိုလည်း ထည့် သွင်းခဲ့ပါတယ်။
နောက်တစ်ယောက်ကတော့ အဲလ်ဘာတို ဇက်ခီရိုနီ ပါ။ နာမည်ကျော် အီတလီနည်းပြဖြစ်ပြီး ၁၉၉၀ ခုနှစ်တွေ နှောင်းပိုင်းတုန်းက အေစီမီလန်မှာ ၃-၄-၃ နဲ့အတူ စကူဒက်တို စီးရီးအေဖလားကို ရယူခဲ့ဖူးတဲ့နည်းပြကြီးပါ။ သူ့ အသင်းမှာ အိုလီဗာ ဘီယာဟော့ဖ်၊ ဂျော့ချ် ဝီယာ၊ လီယိုနာဒို၊ ရှက်ချင်ကိုတိုလိုတိုက်စစ်မှူးတွေကစားခဲ့သလို၊ နောက်ခံလူအဖြစ် မာဒီနီ၊ ကော်စတာကာတာ တိုလည်း ပါဝင်ခဲ့ပါတယ်။ ကွင်းလယ်မှာတော့ အဲဘာတီနီ၊ အမ် ဘရိုစီနီ၊ ဂတ်တူဆို၊ သောမတ်စ် ဟဲဗက်တိုပါဝင်ပါတယ်။ ၁၉၉၉ စကူဒက်တိုအောင်မြင်မှုက နာမည်ကျော်ပါပဲ။
မော်ရင်ညိုလည်း သူ ချယ်လ်ဆီးကို စကိုင်တုန်းက တစ်ချိုပွဲတွေမှာ ၃-၄-၃ ကို သုံးလေ့ရှိခဲ့ပါတယ်။ သူက ခံစစ် အသားပြုနည်းပြတစ်ယောက်အဖြစ် နာမည်ကျော်တာ ဒါတွေကြောင့်ပါ။ ခံစစ်အသားပြုပြီး တန်ပြန်တိုက်စစ် တွေနဲ့ ထိုးနှက်ခဲ့တာဖြစ်ကာ အဲဒီတုန်းက ဒရော့ဘာတိုလို ကစားသမားတွေအပြင် ကွင်းလယ်အင်အားရော၊ တောင်ပံအင်အားကပါ တောင့်တင်းခဲ့ပြီး ကစားသမားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကလည်းကောင်းခဲ့ပါတယ်။
အန်တိုနီယို ကွန်တီလည်း ဒီစနစ်ကို သုံးပါတယ်။ ချယ်လ်ဆီးမှာပါပဲ။ ဟာဇက်ကို လွတ်လွတ်လပ်လပ်ကစားစေပြီး ဇုန်အလိုက်တွေခွဲထားတဲ့စနစ်နဲ့အတူ သူ့ရဲ့ ၃-၄-၃ က အလုပ်ဖြစ်သွားခဲ့ပါတယ်။ သောမတ် တူခဲလ်လည်း ချယ်လ်ဆီးမှာ ၃-၄-၃ သုံးခဲ့သေးပြီး သူ့နာမည်ကျော် WM ပုံစံ Shape ကိုရဖိုအတွက် ဒီကစားကွက်သုံးတာပါ။ သူ့ အတွက်လည်း အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးနဲ့ ရှေ့ကို တောက်လျှောက်လိုက်ကစားနိုင်တဲ့ Wing-back တွေ ကအရေးပါပါတယ်။
ဂက်စ်ပါရီနီလည်း အတ္တလန္တာမှာ ၃-၄-၃ ကိုသုံးပြီး သောမတ်ဖရန့်လည်း ဘရန့်ဖိုဒ်မှာတုန်းက တစ်ချိုပွဲတွေကို အမ်ဘွေးမိုးကို Wing-back ထားပြီး 3-4-3 ကစားပါတယ်။ ပွဲအခြေအနေပေါ်မူတည်ပြီး လိုအပ်သလိုတော့ပြောင်း လဲတာပေါ့။ အခု အမော်ရင်နဲ့ အိုလီဗာ ဂလက်စနာတို သုံးနေကြပါတယ်။ အမော်ရင်က စပိုတင်းမှာတော့ အလုပ် ဖြစ်ခဲ့ပေမဲ့ ယူနိုက်တက်မှာတော့ ရုန်းကန်နေရပြီး အိုလီဗာ ဂလက်စနာကတော့ ခရစ္စတယ်ပဲလေ့စ်မှာ အခုထိ အလုပ်ဖြစ်နေတုန်းပါ။
ဒီအသင်းတွေမှာ ကွာခြားချက်တွေကို ရှာမယ်ဆိုရင်တော့ အသင်းမှာရှိတဲ့ ကစားသမားတွေရဲ့ တစ်ဦးချင် ကြံ့ခိုင်မှု နဲ့ စွမ်းရည်၊ ဆုံးဖြတ်ချက်ပြတ်သားပြီး အတွေ့အကြုံရင့်ကျက်မှု၊ စိတ်ပိုင်းဆိုင်ရာတွေလည်း ပါမှာဖြစ်သလို နည်းပြ တွေရဲ့ ခံစစ်ပုံစံ၊ တိုက်စစ်ပုံစံတွေလည်း ပါမှာပါ။ သောမတ်ဖရန့်ဆိုရင် ဘရန့်ဖိုဒ်နဲ့ ၃-၄-၃ ကစားတဲ့အခါ Build-up တည်ပြီဆိုရင် CM နှစ်ယောက်လုံးကို အနီးကပ် ကပ်နေစေပြီး နောက်အထိ ဆင်းလာယူခိုင်းတာမျိုး လုပ်လေ့ရှိပါ တယ်။ ဒါက AM နှစ်ယောက်ကို နေရာလွတ်ရစေပြီး WB တွေကိုလည်း လှုပ်ရှားဖို ပိုဖြစ်နိုင်စေပါတယ်။ ဂိုးသမား အနေနဲ့ ဘယ်အချိန်မှာကန်တင်မယ်၊ ဘယ်အချိန်မှာတည်ကစားမယ်ဆိုတာကို သူ့ဘာသာ အခြေအနေကြည့်ပြီး ဆုံးဖြတ်ရတာပါ။
ဒီနှစ်ရာသီအဖွင့်ပွဲမှာ ပဲလေ့စ်နဲ့ ချယ်လ်ဆီးနဲ့တွေ့တော့လည်း ချယ်လ်ဆီးက စာရွက်ပေါ်မှာသာ ၄-၃-၃ ဆိုပေမဲ့ တကယ်တမ်းမှာကူကူရယ်လာကကွင်းလယ်ထဲဝင်သွားပြီး ၃-၄-၃ ကိုမှ တိုက်စစ်အစွန်နှစ်ယောက်က အစွန်ကို ချဲပြီး ကွင်းလယ် ၄ ယောက်က ဒိုင်းမွန်းပုံစံနေရာယူခဲ့ပါတယ်။ ဒါကို ဂလက်စနာက အကောင်းဆုံး ၃-၄-၂-၁ နဲ့ပဲ တုံပြန်ခဲ့ပြီး တိုက်စစ်မှူးမာတေးတာကို ကိုင်စီဒိုနား Shadow Marking လိုက်ယူစေတာမျိုးတွေ၊ အီဇီက ဘောလုံး ပေးမယ့်အပေါက်တွေကို လိုက်ပိတ်တာတွေ၊ ကိုးလ်ပါးမားကို ဂွီဟီက ခပ်ကြမ်းကြမ်းဖိအားပေးတာတွေနဲ့တုံပြန် သွားခဲ့တာပါ။ သူ့မှာက ဝါတန်လို ကွင်းလယ်လူလည်းရှိတာကိုး။
ဆိုတော့ EPL မှာ ၃-၄-၃ သုံးမရဘူးဆိုတာ မဟုတ်ပါဘူး။ ဒီကစားကွက်က ခံစစ်ပဲကစားတဲ့ ကစားကွက်ဆိုတာက လည်း နည်းပြရဲ့ညွန်ကြားချက်နဲ့ပဲ သက်ဆိုင်ပြီး ဒီကစားကွက်နဲ့ပဲ တူခဲလ်က တိုက်စစ်ကစားခဲ့တာပါ။ ၃-၄-၃ အလုပ်ဖြစ်တယ်မဖြစ်တယ်ဟာ လိဂ်ကြောင့်၊ ဒီကစားကွက်ကြောင့်ရယ်လို မဟုတ်ဘဲ ကစားသမားတွေနဲ့ နည်းပြ အပေါ် အများကြီးမူတည်ပြီး အဓိကအားဖြင့်တော့ နည်းပြပါပဲ။ ဘောလုံးကိုင်ကစားတဲ့အခါ ဘယ်လို Set-up လုပ်ရမယ်ဆိုတာကို သေချာမချနိုင်ရင်တော့ ဂိုးရဖို ရုန်းကန်ရတဲ့ အသင်းမျိုးဖြစ်သွားမှာပါ။ ၃-၄-၃ ကစားကွက် အလုပ်မဖြစ်ရင် ၃-၄-၃ ကို ပြောင်းဖိုမလိုဘဲ ကစားကွက်အတွင်းပိုင်းထဲက Set-up အသေးလေးတွေနဲ့ ကစားသ မားတွေကို ခိုင်းထားတဲ့ Duty-function တွေကိုသာ ပြောင်းဖိုလိုအပ်မှာဖြစ်ပါတယ်။
