Innwa-Ads-Banner-1-1170X200

Amorim ပြောတဲ့ Brentford ရဲ့ ထောင်ချောက် “

Brentford က ထပ်ပြီး အောင်မြင်သွားပြီ။ Long Ball တွေ အသုံးပြာတာ၊ Tight Space တွေကို ချိုးဖျက်တာ၊ build – up playအခြေအနေတွေကို အကောင်းဆုံး အသုံးချပြီး ပုံစံတစ်မျိုးတည်းနဲ့ ကစားတဲ့ မန်းယူနိုက်တက်နဲ့ Ruben Amorim ကို ကောင်းကောင်း ဝါးမျိုပလိုက်တယ်။မန်ယူနိုက်တက်အတွက်ကတော့ ၃-၁ နဲ့ အရှက်တကွဲရှုးနိမ်ခဲ့ရတယ်။ ကစားသမားအပေါ်ယုံကြည်မှုမရှိတဲ့ Amorim ၊ ယုံကြည်ဖိုလဲမထိုက်တန်တဲ့ ကစားသမားဆွေ ဒီလို သံသယာဝဲလည်လည်နဲ့ပဲအဆုံးသတ်သွားတယ်။ Amorim အတွက်ကတော့ ပွဲပြီးပြောစကားက စိတ်တိုချင် စရာနဲ့ ရိုးရိုးသားသား ဝန်ခံချက်တွေပါပဲ။ ဇာတ်လမ်းတစ်ပုဒ်လုံးက တစ်ခုတည်းသော ကောက်ချက်ဆီကို ညွှန်ပြနေတယ် – Brentford ဆိုတာ အသင်းကြီးတွကို သူတိုရဲ့ အပိုင်နိုင်ဆုံး ကစားကွက်တည်ဆောက်နိုင်တဲ့ ဇိမ်ခံဧရိယာကနေ ဆွဲထုတ်ပစ်နည်းကို အတိအကျ သိကြတယ်ဆိုတာပါပဲ။Amorim ရဲ့ စကားက အတော်လေး Sharp ဖြစ်တယ်။ သူ့အသင်းဟာ ကိုယ့်ပွဲကိုယ်မကစားခဲ့ဘဲ၊ Brentford ရဲ့ပွဲကို ကစားမိတယ်လို သူက ဝန်ခံခဲ့တယ်။ ဒီဝါကျတစ်ကြောင်းတည်းက အားလုံးကို ရှင်းပြသွားတာပဲ။ ခင်ဗျား Brentford ကို Rhythm စည်းချက်သတ်မှတ်ခွင့်ပေးလိုက်ပြီဆိုတာနဲ့ ခင်ဗျားပြဿနာရှိသွားပြီ။ ဒါဟာ မန်ယူနိုက်တက်ရဲ့ ပြိုလဲမှုအပြီး Erik ten Hag ဆီကလည်း အလွယ်တကူ ကြားနိုင်တဲ့ ဝန်ခံချက်မျိုးပါပဲ။

ညက ပွဲကဇာတ်ညွှန်းအတိုင်းပါပဲ။ ကစားပုံကို ထိန်းချုပ်ဖို အရမ်းလိုလားနေတဲ့ မန်ယူနိုက်တက်ဟာ ရိုးရှင်းတဲ့ တိုက်ရိုက်ဆန်တဲ့ လှုပ်ရှားမှုတွေကြောင့် ဘရန့်ဖိုကို ဖိအားမပေးနိုင်ခဲ့ဘူး။ Brentford က Longball တွေနဲ့ မန်ယူ defend lineကို ဖောက်ထွက်တယ်။ဦးတည်ရာမရှိတဲ့ ဖျက်ထုတ်မှုတွေကို လုပ်တတ်တဲ့ မန်ယူခံစစ်ကစားသမားတွေကြောင့် Second Balll ဘရန့်ဖိုဒ်ကပဲ အသာလေးပြန်ရယူတယ်။ အခွင့်ရေးတွေဖန်တီးတယ်။ မန်ယူနောက်တန်းတွေကို အမှားတွေကို ဖြစ်စေကာတိကျတဲ့ ထိရောက်မှုနဲ့ တိုက်ခိုက်ခဲ့တယ်။ ပထမဆုံး ဂိုးက ဒီအကြောင်းကို အကောင်းဆုံး ခြုံငုံပြနေတယ် ။Amorim က ဒီဖြစ်စဉ်အတွက် တစ်သွေမသိမ်ပဲ သတိပေးထားခဲ့တယ်။ သူ့အသင်းဟာ long ballတွေ၊ Half Spaceရှာဖို့ ကစားသမားပေါင်းစပ်မှုတွေ၊ Counter Build Up Play အခြေအနေတွေကို ရင်ဆိုင်ဖို့ ရက်သတ္တပတ်တွေချီပြီး လေ့ကျင့်နေတယ်လို့ ဆိုခဲ့တယ်။ ဘာလာမယ်ဆိုတာ သူတိုသိခဲ့တယ်။ ဒါပေမယ့် အချိန်ကျတဲ့အခါမှာတော့ သူတိုဟာ မတားဆီးနိုင်ခဲ့ဘူး။ မန်ယူနိုက်တက်ရဲ့ ပြင်ဆင်မှုကလည်း ဒီထက်ပိုကောင်းတယ်လို မထင်ရဘူး။ သူတိုလည်း Brentford ရဲ့ လက်နက်တွေကို သိခဲ့တယ်၊ ဒါပေမယ့် သိရုံနဲ့တော့ ဘာမှ အဓိပ္ပာယ်မရှိဘူး။ဒီလို Big ကလပ်တစ်ခုအတွက် ကစားတဲ့အခါ၊ ရှုးနိမ့်မှုတွေက ပိုပြီးနာကျင်စေတယ်။ Amorim က Big ကလပ်တစ်ခုမှာ ရှုးတာဟာ နာကျင်စေတယ်လို ပြောခဲ့တယ်၊ ဘာလိုလဲဆိုတော့ ပွဲတိုင်းက အရေးပါလိုပဲ။ မန်ယူနိုက်တက်ကတော့ ဒီအမှန်တရားကို ခံစားနေရတယ်။ တစ်ပွဲတည်း ရှုးလိုက်ရုံနဲ့ လုံးဝကအကျပ်အတည်းတစ်ခု ဖြစ်သွားတယ်။ ပရိသတ်တွေက အဖြေတွေကို တောင်းဆိုကြတယ်၊ ဝေဖန်သူတွေက စနစ်ကို မေးခွန်းထုတ်ကြတယ်၊ ဖိအားတွေက တိုးလာတယ်။ နည်းစနစ်ဆိုင်ရာ အငြင်းပွားမှုကလည်း ပြီးသေးတာမဟုတ်ဘူး။ Amorim က အနိုင်ရတာတွေကို စနစ်ကြောင့်လို ချီးမွမ်းလေ့မရှိပေမယ့်၊ ရှုးတဲ့အခါတိုင်းကတော့ အပြစ်ကို စနစ်ဆီပဲ လှည့်ပစ်လေ့ရှိတယ်လို ထောက်ပြခဲ့တယ်။ မန်ယူနိုက်တက်ကလည်း ဒီသံသရာထဲမှာပဲ ညပ်နေတယ်။ Amorim ရဲ့ စနစ်ကြောင့်လား? ဒါမှမဟုတ် ကစားသမားတွေက စနစ်ရဲ့ တောင်းဆိုချက်တွေကို မလိုက်နာနိုင်လိုလား? ဘာကြောင့်ပဲဖြစ်ဖြစ်၊ အသင်းရဲ့ လက္ခဏာသြဇာက မှုန်ဝါးနေပြီး၊ ဒါဟာ Brentford တို ဖမ်းစားဖို့တိအကျ ရှာဖွေနေတဲ့ အရာပဲ။

ဘာလိုလဲဆိုတော့ Brentford က အသင်းတွေကို သူတိုရဲ့ နည်းစနစ်ကထဲကို ဆွဲသွင်းဖို ဆရာကြီးတွေပဲ။ သူတိုဟာ စိတ်ရှုပ်ထွေးမှု၊ ဒုတိယဘောလုံးတွေ၊ အခြေအနေပြောင်းလဲမှုတွေမှာ အင်မတန်ကောင်းတယ်။ ဒါဟာ Amorim ရဲ့ အမှားပဲ၊ ဒါဟာ မန်ယူနိုက်တက်ရဲ့ အမှားပဲ။ နှစ်ဦးစလုံးက ဒါအတွက် ပေးဆပ်ခဲ့ရတယ်။ဒီအဖြစ်အပျက်အပြီးမှာ Amorim ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ သူက ကစားသမားတွေကိုရော သူ့ကိုယ်သူရော ကာကွယ်ဖို မဟုတ်ဘူး၊ နောက်ပွဲအတွက် အသင်းကို ပြင်ဆင်ဖို၊ နိုင်နိုင်နင်းနင်း ကစားနိုင်မယ့် တစ်ခုခုကို တည်ဆောက်ဖို့ပဲလို ဆိုခဲ့တယ်။ မန်ယူနိုက်တက်ကလည်း အခု ဒီစိန်ခေါ်မှုကို ရင်ဆိုင်နေရတယ်။ သူတိုရဲ့ လက္ခဏာကို ပြန်လည်ရှာဖွေတာဟာ တစ်ခုတည်းသော ရှေ့ဆက်လမ်းပဲ၊ ဘာလို့လဲဆိုတော့ ဒါမရှိရင် ပွဲတိုင်းဟာ သူတို မထိန်းချုပ်နိုင်တဲ့ တိုက်ပွဲတစ်ခုလို ခံစားရမှာမိုပါပဲ။ဒီတစ်ပတ်ကနေ ရလာတဲ့ သတင်းစကားက Brentford ကို ဆန့်ကျင်တဲ့အခါ ခင်ဗျားက ခင်ဗျားဘယ်သူလဲဆိုတာ မေ့မထားနိုင်ဘူး။ ခင်ဗျားက သူတို့ကို ညွှန်ကြားခွင့်ပေးလိုက်ရင်၊ သူတိုရဲ့ပွဲကို ကစားမိရင်၊ ခင်ဗျားဟာ ရှုးရပါလိမ့်မယ်တဲ့။ ဒီလိုမျိုး ရှုးနိမ့်ခဲ့တဲ့
မန်ယူနိုက်တက်လို ကလပ်တွေအတွက်တော့ ဒါဟာ အကြီးမားဆုံးသော ရှုးနိမ့်မှုပဲဖြစ်တယ်။