Emirates အားကစားကွင်းမှာ လက်ခုပ်ဩဘာသံတွေကြားလိုက်ရတဲ့အချိန်မှာ ဘယ်အသင်းက ပွဲရဲ့စည်းချက်ညှိမှုကို ထိန်းချုပ်ထားတယ်ဆိုတာ မေးခွန်းထုတ်စရာတောင် မလိုတော့ပါဘူး။ International break ခရီးစဉ်ကနေ ပြန်ရောက်လာတဲ့ အာဆင်နယ်ဟာ ယုံကြည်ချက်ရှိရှိနဲ့ မြက်ခင်းပြင်ပေါ်ကို ခြေချနိုင်ခဲ့တယ်။ နော့တင်ဟမ် ဖောရက်စ်ကတော့ နည်းပြအပြောင်းလဲနဲ့အတူစမ်းတဝါးဝါးနဲ့ စတင်လိုက်ရတာပါ။ ဒီနေ့ပွဲမှာ အာဆင်နယ်ရဲ့ ရင့်ကျက်လာမှုနဲ့ အသင်းအနေနဲ့ အနိုင်ရလိုစိတ်ပြင်းထန်လာမှုကို မီးမောင်းထိုးပြတဲ့ ကစားဟန်တစ်ခုမြင်တွေ့ခဲ့ရပါတယ်။ အာဆင်နယ် ၃-၀ နဲ့ အနိုင်ရလိုက်တာဟာ လူတိုင်းအံ့အားသင့်သွားစေတဲ့ အရာတစ်ခုတော့မဟုတ်ပေမယ့်၊ Mikel Arteta ရဲ့ အသင်းဟာ ဒီရာသီမှာ ဘယ်လိုလမ်းကြောင်းကို ဦးတည်နေတယ်ဆိုတာကိုတော့ ကျွန်တော်တို့ကို သိသာအောင် ပြနေခဲ့ပါတယ်။
ဂိုးတွေကိုတော့ မိနစ် ၃၂မိနစ်မှာ Zubimendi ရဲ့ ထောင်ကန်ဘောကနေ ပြန်ကျလာတဲ့ ဘောကို မြေမထိကန်သွင်းပြီး ဦးဆောင်ဂိုးရယူနိုင်ခဲ့ပါတယ်။ ဒုတိယ ဦးဆောင်ဂိုးကိုလဲ Gyokeres က သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲစစခြင်း ပြိုင်ဘက်အနေနဲ့ အာရုံမစိုက်နိုင်သေးတဲ့ချိန်မှာ Ezeရဲ့ အကွက်မြင်မြင်ဖန်တီးပေးမှုကို အကောင်းဆုံးအသုံးချနိုင်ခဲ့တာပါ။ တတိယဦးဆောင်ဂိုးကလဲ လူစားဝင် Trossardရဲ့ ဖြတ်တင်ဘောကို Zubimendi အမှားယွင်းမရှိ ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။
အာဆင်နယ်ရဲ့ အနိုင်ရရှိမှုဟာ ကစားသမားတစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည်တင်မကဘဲ ရှင်းလင်းတဲ့ နည်းဗျူဟာအစီအစဉ်ရဲ့ ရလဒ်လည်းဖြစ်ပါတယ်။ ပွဲစတင်ကတည်းက Mikel Arteta ဟာ သူ့အသင်းကို ကျစ်လစ်တဲ့ ၄-၃-၃ ပုံစံနဲ့ ပွဲထွက်ခဲ့ပြီး Martin Zubimendi ကို Single Pivotအဖြစ် ထားရှိခဲ့တယ်။ Zubimendi ကဏ္ဍက အဆုံးအဖြတ်ပေးခဲ့ပါတယ်။ ပြိုက်ဘက်တိုကစ်စစ်အသွင်ကူးပြောင်းမှုတွေကို ထိန်းချုပ်ခဲ့ပြီး အလယ်ကနေ ထိုးဖောက်မလာနိုင်အောင် ဟန့်တားခဲ့တယ်။ သူ့ရဲ့ ဖိအားအောက်မှာ အေးဆေးတည်ငြိမ်နေမှုက ပိုထင်ရှားခဲ့ပါတယ်။ပွဲရဲ့ အလှည့်အပြောင်းက Odegaardကနေ စတယ်လို့ပြောရမှာပါ။ Martin Ødegaard ဟာ ကံမကောင်းစွာပဲ ဒဏ်ရာရသွားခဲ့တာကြောင့် ကြာကြာမကစားနိုင်ခဲ့ပါဘူး။ မတော်တဆထိခိုက်မှုကြောင့် သူဆက်ကစားဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ လူစားလဲလိုက်ရပါတယ်။ Ødegaard ဆုံးရှုံးရတာဟာ အသင်းကို မငြိမ်မသက်ဖြစ်စေနိုင်လောက်တဲ့ အရာပါပဲ။ အဲ့လိုဖြစ်မလာပဲ ဒီ့ထက်ပိုပြီး ကျွန်တော်တို့မြင်ရတာက ဖိအားဒဏ်ခံနိုင်မှုနဲ့ Martin Zubimendi ရဲ့ ပေါ်ထွန်းလာမှုပါပဲ။ကွင်းလယ်တန်းကို အားဖြည့်ဖို့ နွေရာသီမှာ ဝယ်ယူခဲ့တဲ့ Zubimendi ဟာ ချက်ချင်ကို အသားကျသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ သူဟာ ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။ ပြိုင်ဘက်ကစားဟန်ကိုပဲ ဖြတ်တောက်တာတစ်ခုတည်းမဟုတ်ဘဲ တိုက်စစ်အတွက်ပါ အတော်လေး အကျိုးရှိအောင် ကစားပြနိုင်ခဲ့ပါတယ်။ Ødegaard မရှိတော့တာကြောင့် လစ်ဟာသွားတဲ့ Box to Box Actionတွေကို Zubimendi တစ်ယောက် အတော်လေး ဖြည့်စွက်ကစားပေးနိုင်ခဲ့ပါတယ်။
ညာဘက်ခြမ်းမှာ Noni Madueke က အာဆင်နယ်အတွက် အမြဲတမ်း ထွက်ပေါက်တစ်ခုဖြစ်စေခဲ့တယ်။ သူ့ရဲ့ ဘောလုံးကိုင်ဟန်က ဖောရက်စ်ရဲ့ ခံစစ်ကို ဆန့်ထုတ်လိုက်ပြီး shapeပျက်အောင် ဆွဲခေါ်ကာ အတွင်းပိုင်းပြေးထွက်မှုတွေနဲ့ နေရာလွတ်တွေဖန်တီးပေးနိုင်ခဲ့တယ်။ သူရဲ့ ခန့်မှန်းရခက်တဲ့ ကစားဟန်ဟာ အာဆင်နယ်ရဲ့ တိုက်စစ်ကို ပိုမိုအသက်ဝင်စေခဲ့ပြီး Forrest တို့ အတော်လေး ထိန်းချုပ်ရခက်ခဲခဲ့ပါတယ်။ သူ့ရဲ့ကစားဟန်က ဘယ်ဘက်ကို ဆွဲပြေးပြီး ရုတ်တရက် ညာဘက်ကို ဖြတ်တင်တာ၊ အတွင်းဘက်ကို ချိုးပြီး ကန်ဖို့အပေါက်ရှာတာမျိုးတွေပါ။ ချဲလ်ဆီးက ကစားဟန်ထက် ပိုပြီး ပိုစမတ်ကျလာပါတယ်။ ဘယ်ရော ညာရော နှစ်ဖက်စလုံးကို အသုံးချတယ်။ ဖြတ်တင်ဘောတွေကိုလည်း အနိမ့်အမြင့် စုံလင်အောင် ပေးနိုင်စွမ်းရှိတယ်။ ဒီအချက်တွေက အာဆင်နယ်အတွက် အားရစရာဖြစ်ပြီး ဒီပွဲအနိုင်ရခဲ့တဲ့အချက်တွေထဲက တစ်ချက်ဖြစ်ပါတယ်။
ဘယ်ဘက်ခြမ်းမှာတော့ Eberechi Eze က ခြားနားတဲ့ စွမ်းရည်ကို ပြသခဲ့တယ်၊ ကွင်းလယ်အတွင်းပိုင်ထိဝင်ရောက်ကာ ကစားဟန်ကို ချိတ်ဆက်ပေးခဲ့တယ်။ ဒုတိယဂိုးကို ဖြစ်စေခဲ့တာက Eze ရဲ့ ဖိကစားမှုပဲဖြစ်ပြီး အာဆင်နယ်ရဲ့ တိုက်စစ်ဟာ တိုက်စစ်မှူးတွေတင်မကဘဲ ပထမဆုံး ခံစစ်တန်းလည်းဖြစ်တယ်ဆိုတာ ပြသခဲ့တယ်။ Viktor Gyökeres က အာဆင်နယ် ကြာမြင့်စွာ လိုအပ်နေခဲ့တဲ့ တိုက်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့တယ်။ သူက ဘောလုံးကို ထိန်းထားနိုင်တယ်၊ ခံစစ်မှူးတွေကို သူနဲ့အတူ ဆွဲခေါ်သွားတယ်၊ အရေးကြီးတဲ့အချိန်မှာ အဆုံးသတ်ပေးနိုင်ခဲ့တယ်။ ဒုတိယပိုင်း ပွဲစစချင်းမှာ သူသွင်းလိုက်တဲ့ဂိုးက ဖောရက်စ်ရဲ့ အရှိန်ကို လုံးဝချေမှုန်းလိုက်ပြီး အာဆင်နယ်ရဲ့ ဖိကစားမှုစနစ် ဘယ်လိုအလုပ်လဲဆိုတာကို မီးမောင်းထိုးပြနိုင်ခဲ့တယ် – ခံစစ်မှာ တစ်ခုခုမှားယွင်းလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်းမှာ ဘောလုံးက ဂိုးအတွင်းရောက်သွားတယ်ဆိုတာ ဖောရက်စ်တို့ သင်ခန်းစာရသွားလောက်ပါပြီ၊
ခံစစ်မှာတော့ အာဆင်နယ်က ကျစ်လစ်စွာကစားနိုင်ခဲ့ပြီး Gabriel နဲ့ Mosquera တို့ရဲ့ကစားဟန်ကနေ Clean sheet အနိုင်ရအောင် ကစားနိုင်ခဲ့တယ်။ ဖောရက်စ်က long ballတွေနဲ့ ထိုးနှက်ဖို့ကြိုးစားကစားခဲ့သည့်တိုင် အာဆင်နယ်ရဲ့ ခံစစ်တည်ဆောက်ပုံက ခိုင်မာနေဆဲပါပဲ။ David Raya ကလည်း ယုံကြည်မှုရှိရှိ နဲ့ ဂိုးပေါက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။
ဒီတော့ နည်းဗျူဟာအရ အာဆင်နယ်က အဓိကသော့ချက်သုံးခုကို ပြသသွားခဲ့တယ် – Zubimendi ရဲ့ ပွဲတွေကို ညွှန်ကြားနိုင်စွမ်း၊ တစ်ဦးနဲ့တစ်ဦး ကစားဟန်ကို ဖြည့်ဆည်းပေးနိုင်တဲ့ ကစားသမားတွေ၊ အမှားတွေကို ချက်ချင်းအပြစ်ပေးနိုင်တဲ့ ဖိအားပေးကစားဟန်တို့ကိုပါ။ Arteta အတွက်တော့ ဒီအနိုင်ရရှိမှုဟာ Ødegaard လို အဓိကကစားသမားတွေ မပါဝင်ချိန်မှာတောင် သူ့အသင်းကလိုက်လျောညီထွေရှိနိုင်တယ်၊ လွှမ်းမိုးနိုင်တယ်၊ ပြီးအောင်လည်း ဆောင်ရွက်နိုင်တယ်ဆိုတာ ပြသလိုက်တဲ့ အနိုင်ပွဲမျိုးပါပဲ။
အရေးကြီးတာက ရမှတ်တစ်ခုတည်းမဟုတ်ဘဲ၊ ဒီရမှတ်ကို ရရှိလာပုံပါ။ အာဆင်နယ်က လိုက်လျောညီထွေဖြစ်မှုနဲ့ တည်ငြိမ်မှုကို ပြသသွားခဲ့တယ်။ သူတို့ရဲ့ ကပ္ပတိန်ကို စောစောစီးစီးဆုံးရှုံးခဲ့ရပေမယ့် သူတို့ရဲ့ စည်းချက်ညှိမှုကိုတော့ မဆုံးရှုံးခဲ့ကြဘူး။ သူတို့က ကစားသမားအသစ်တွေကို မိတ်ဆက်ပေးခဲ့ကြတယ်။ နေရာလွတ်တွေကို ဖြည့်ကစားနိုင်ခဲ့ရုံတင်မကဘဲ ကြယ်ပွင့်တွေအဖြစ် တောက်ပစေခဲ့ကြတယ်။အာဆင်နယ်ပရိသတ်တွေအတွက်ကတော့ ဒါဟာ အားတက်စရာအကောင်းဆုံးသတင်းလို့ ဆိုနိုင်ပါတယ်။ ဒါဟာ တစ်ကိုယ်ကောင်းဆန်တဲ့ ကစားဟန်တစ်ခု ဒါမှမဟုတ် ကံကောင်းတဲ့နေ့တစ်နေ့မဟုတ်ခဲ့ပါဘူး။ ဒါဟာ လွန်ခဲ့တဲ့နှစ်တွေထက် ပိုပြီး ဟန်ချက်ညီတဲ့ အသင်းတစ်သင်းရဲ့ စွမ်းဆောင်ရည်ကောင်းပြသမှုတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်လာမယ့်ပွဲမှာ Manchester City ကို ရင်ဆိုင်ရမှာဖြစ်တဲ့အတွက်၊ ဒီကစားဟန်ဟာ ယုံကြည်မှုနဲ့ အရှိန်ကို တည်ဆောက်ဖို့ အကောင်းဆုံးအချိန်မှာ ရောက်ရှိလာခဲ့တာပါပဲ။
နော့တင်ဟမ် ဖောရက်စ်အတွက်ကတော့ ဒါဟာ စိတ်ညစ်စရာညနေခင်းတစ်ခုဖြစ်ခဲ့ပါတယ်။ Ange Postecoglou ရဲ့ အသင်းကကျစ်လစ်အောင်ကစားဖို့ ကြိုးစားခဲ့ကြပေမယ့်၊ အမှားတွေကြောင့် ပျက်စီးသွားခဲ့ရပြီး အာဆင်နယ်ရဲ့ အရည်အသွေးကို မခံနိုင်ခဲ့ကြပါဘူး။ ဒီလိုပြင်းထန်ပြီး တိကျမှုရှိတဲ့ ကစားဟန်နဲ့ ကစားနေတဲ့အသင်းကို ခံနိုင်ရည်ရှိဖို့တော့ မလုံလောက်ခဲ့ပါဘူး။ ဖောရက်စ်အတွက် အချိန်ယူပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဖို့လိုအပ်ပေမယ့်၊ ဒီပွဲဟာ ချန်ပီယံဖြစ်ဖို့ ကြိုးစားနေတဲ့အသင်းနဲ့ ကိုယ်ပိုင်လက္ခဏာကို ရှာဖွေနေဆဲအသင်းကြားက ကွာဟချက်ကို မီးမောင်းထိုးပြနေပါတယ်။