Innwa-Ads-Banner-1-1170X200

EPL Week 3ရဲ့အကောင်းဆုံးကစားသမား ၅ယောက်

ဒီအပတ်ပရီးမီးယားလိဂ်မှာတော့ အသင်းတော်တော်များများဟာ International Break ရှိတာကြောင့် အနားရမှာဖြစ်တဲ့အတွက် ရေကုန်ရေးခမ်း ကစားခဲ့ကြပါတယ်။ ဒီအပတ်မှာ ဂိုးပြတ်နိုင်ပွဲတွေနည်းခဲ့ပြီး ခံစစ်အားပြိုင်ကြတဲ့ အပတ်လို့လဲဆိုရမှာပါ။ လီဗာပူး နဲ့ အာဆင်နယ်တို့လို ဖလားစိန်ခေါ်တဲ့ အသင်းချင်းချင်းထိပ်တိုက်ရင်ဆိုင်ခဲ့ကြတဲ့ ပွဲစဉ် ၃ မှာ ဘယ်ကစားသမားတွေက အကောင်းဆုံးဖြစ်ခဲ့လဲဆိုတာ ကြည့်လိုက်ကြရအောင်

5)) Marcos Sensi (Bournemouth )

ဘုန်းမောက်အသင်းရဲ့ နောက်ခံလူ မားကိုစ် ဆန်စီကို ဒီအပတ်ရဲ့ Top 5မှာ နံပါတ်၅နေရာမှာပေးချင်ပါတယ်။ စပါးအသင်းကို ၁-၀ နဲ့နိုင်ခဲ့တဲ့ပွဲမှာ ဖျက်ထုတ်ရှင်းလင်းမှု ၇ကြိမ်ထိလုပ်နိုင်ခဲ့ပြီး ဘုန်းမောက်အသင်း Clean Sheetရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အနိုင်ဂိုးကို သပ်သပ်ရပ်ရပ်နဲ့ ဖန်တီးပေးနိုင်ခဲ့တဲ့အပြင် ပရိမီးယားလိဂ်ကပေးတဲ့ MOTM ကိုပါရရှိခဲ့ပါသေးတယ်။

4)) Bruno Fernandes (Manchester United)

မန်ချက်စတာယူနိုက်တက်ရဲ့ ဒီနှစ် ပိမီးယားလိဂ် ပထမဆုံး နိုင်ပွဲကို ရှာဖွေပေးနိုင်ခဲ့တဲ့ ဖာနန်ဒက်စ်
ကတော့ အဆင့် ၄ နေရာမှာရှိနေပါတယ်။ ၉၇မိနစ် အနိုင်ဂိုး ပင်နယ်တီကို ဖိအာတွေအောက်မှာဂိုးဝင်အောင် သွင်းပေးနိုင်ခဲ့ပြီး တစ်ပွဲထဲမှာ chance-created ၆ကြိမ်ထိ လုပ်ပေးသွားခဲ့ပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလဲပြောစရာမရှိအောင် ကစားပြနိုင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကို အသင်းခေါင်းဆောင်ပီပီ ဥိီးဆောင်နိုင်ခဲ့တာပါ။

3)) Jack Grealish ( Everton)

အဲဗာတန်အသင်းရဲ့ အချစ်တော်ကစားသမားဖြစ်လာခဲ့တဲ့ ဂရင်းလစ်ချ်ဟာ ပွဲစဉ် ၃မှာလဲ ဂိုးဖန်တီးမှု ၂ကြိမ် ထပ်လုပ်နိုင်ခဲ့ပါတယ်။ ကစားခွင့်ရတဲ့ ၂ပွဲမှာ ၄ကြိမ်ထိရှိလာခဲ့ပြီး ဂိုးဖန်တီးမှု အများဆုံးကစားသမားဖြစ် ထိပ်ဆုံးမှာ လက်ရှိရပ်တည်
နေပါတယ်။ အဲဗာတန်အသင်းရဲ့ တိုက်စစ်သွေးကြောကစားသမားအဖြစ်ပါ သတ်မှတ်ခံခဲ့ရတာကြောင့် ဂရင်းလစ်ချ်ကိုတော့ အဆင့် ၃နေရာမှာ ထားချင်ပါတယ်။

2)) Szobosalai (Liverpool)

ဆိုဘိုဟာ မှော်ဆန်တဲ့ ဖရီးကစ်နဲ့ အာဆင်နယ်ကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ညာနောက်ခံလူတွေနာနေလို့ နောက်ဆင်းဆော့ပေးရချိန်မှာတောင် အပိုလိုမရှိပဲ တိုက်စစ်ရော ခံစစ်ရော အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။ ညာနောက်ခံလူအဖြစ် ကစားပြိီး ဖရီးကစ်ကနေ ဂိုးသွင်းနိုင်တာ အားနိုးလ်ပဲရှိတာမဟုတ်ဘူးဆိုတာလဲ လီဗာပူးတွေ့ရှေ့မှာသက်သေပြခဲ့တာပါ။ ဒီလို အရေးကြီးတဲ့ ဖလားစိန်ခေါ်ပွဲလို ပွဲမျိုးမှာ အကောင်းဆုံးခြေစွမ်းပြပြီး အသင်းဖော်တွေရဲ့ လိုအပ်တဲ့နေရာတွေကိုလည်းကွင်းထဲမှာဖြည်းစည်းကစားပေးနိုင်ခဲ့တာပါ။ ဒါကြောင့် ဆိုဘိုကို နံပါတ် ၂နေရာထားပါရစေ။

1)) Guhei ( Palace)

ပဲ့လေစ်ရဲ့ အသင်းခေါင်းဆောင် ဂူဟီဟာ ဒီအပတ်ရဲ့ အလှဆုံးသွင်းဂိုးတွေထဲက တစ်ဂိုးကို သွင်းပြနိုင်ခဲ့ပြီး Clean Sheetရအောင်ပါ စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ဗဟိုနောက်ခံလူ ဖြစ်သည့်တိုင် တိုက်စစ်
လိုက်ပါမှုနှုန်းမြင့်မားခဲ့ပြီး အသင်းရဲ့ ကစားကွက်မှာ ထဲထဲဝင်ဝင်ကစားပေးနိုင်ခဲ့ပါတယ်။ ဘောလုံးရှင်းထုတ်မှု ၅ကြိမ်၊ အမြင့်ဘော ပေးမှု၂ကြိမ်ထိ အောင်မြင်ခဲ့ပါတယ်။ ပဲလေ့စ် အခက်ခဲကြုံတိုင်း ဂူဟီရဲ့ လိုက်ပါကစားပေးနိုင်မှုကြောင့် အသင်းဟာ အတော်လေး သက်တောင့်သက်တာဖြစ်ခဲ့ပါတယ်။ ဒီအချက်တွေကြောင့် နံပါတ် ၁နေရာဂူဟီကိုပေးလိုက်ရခြင်းဖြစ်ပါတယ်။