ပြီးခဲ့တဲ့နှစ်တွေအတွင်း Brighton & Hove Albion အကြောင်းပြောမယ်ဆိုရင် အဓိကပေါ်လွင်နေတဲ့ အချက်တစ်ခုရှိပါတယ်။ ဒါကတော့ကြယ်ပွင့်ကစားသမားရှာဖွေရေး၊ လူငယ်ကစားသမားတွေကို ယုံကြည်မှုနဲ့ နာမည်ကြီး ကစားသမားတွေအဖြစ်ပြောင်းလဲတည်ဆောက်နိုင်စွမ်းပါပဲ။ Moisés Caicedo, Alexis Mac Allister, Marc Cucurella နဲ့ မကြာသေးခင်ကမှ João Pedro တို့ဟာ ဘရ်ိုက်တန်ကိုလာရောက်ချိန်မှာ မှေးမိန်နေတဲ့ကြယ်ကလေးအဆင့်သာရှိခဲ့တာပါ။ Brighton ကနေထွက်ခွါသွားတဲ့အခါမှာတော့ ဒေါ်လာသန်းချီတန်တဲ့ကြယ်ပွင့်တွေဖြစ်လာခဲ့ကြပါတယ်။ João Pedro ရဲ့ Chelsea ကို ဒီနွေရာသီပြောင်းရွှေ့မှုဟာ၊ ပေါင်သန်း ၆၀ အထိတန်ဖိုးရှိတဲ့ လတ်တလောဥပမာအဖြစ်ရှိနေပါတယ်။ သူ့ကို Chelsea ရဲ့ စီမံကိန်းအတွက် ဦးဆောင်နိုင်မယ်လို့ယုံကြည်စေဖို့လုံလောက်ခဲ့တယ်။ Brighton အတွက်ကတော့ ဒါဟာနောက်ထပ် သတိပေးချက်တစ်ခုပါပဲ။ ဒီကလပ်ဟာ ရောင်းချမှုကိုမကြောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နောက်မျိုးဆက်သစ်တွေဟာ လမ်းမှာရှိနေပြီလို့ သူတို့အမြဲယုံကြည်နေလို့ပါ။
ဒီတော့ ဘယ်သူတွေကနောက်တစ်လှည့် ဖြစ်လာမလဲ။ လာမယ့်နှစ်တွေအတွင်း Premier League ရဲ့ မီးမောင်းထိုးပြခံရမယ့် ကစားသမားတွေကဘယ်သူတွေလဲ။ အသင်းကြီးတွေအနေနဲ့ ပေါင်သန်း၁၀၀ ငွေထုပ်ပြင်ထားဖို့ဂရုတစိုက်တည်ဆောက်ထားတဲ့ စနစ်တစ်ခုထဲမှာရှိပါတယ်။ကစားသမားရှာဖွေရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့ကိုရောစပ်ပြီး၊ ဒီလူငယ်တွေကို အတိအကျသင့်တော်တဲ့ ထုတ်လုပ်မှုပေးတဲ့စနစ်ပါ။ Premier League မှာ ကစားချိန်တွေပေးခြင်း (သို့မဟုတ်) မတူညီတဲ့ ပတ်ဝန်းကျင်တွေမှာသူတို့ကိုစမ်းသပ်ငှားရမ်းခြင်းနည်းလမ်းတွေနဲ့ပါ။
လက်ရှိအချိန်မှာစိတ်ဝင်စားစရာအကောင်းဆုံး နာမည်တစ်ခုကတော့ Evan Ferguson ပါ။ သူဟာ Brighton ရဲ့ အပြိုင်အဆိုင် အကြားခံရဆုံးလူငယ် strikerတစ်ယောက်ဖြစ်ခဲ့တယ်။ Premier League ထိပ်တန်း ကစားသမားတွေနဲ့ နှိုင်းယှဉ်ခံရပြီးဂိုးတွေသွင်းနေတဲ့ဆယ်ကျော်သက်တစ်ယောက်ပေါ့။ ဒဏ်ရာတွေနှိပ်စက်ခဲ့တဲ့ ဒီကစားသမားကို Roma ထံ အငှါးချလိုက်တယ်။ Daniele De Rossi ရဲ့ လက်အောက်မှာကစားရမယ့်အခွင့်အရေးပေါ့။ Brighton အတွက်တော့ ဒါဟာ စွန်စားမှုတစ်ခုပါ။ Ferguson ဟာ အီတလီမှာ သူ့ရဲ့ ခြေစွမ်းကိုပြန်လည်ရှာဖွေနိုင်မလား? (သို့မဟုတ်) ပိုပြီးဝေးရာကို ရောက်သွားမလား? ဘယ်လိုပဲဖြစ်ဖြစ်၊ ဒါဟာ Brighton ရဲ့ ပုံစံကိုပြနေတာပါ။ လူငယ်ကစားသမားတွေကို အခွင့်အရေးအစစ်အမှန်ပေးပါ။ လိုအပ်ရင်၊ သူတို့ကိုယ်သူတို့ ပြန်လည်ရှာဖွေဖို့ တစ်ခြားအသင်းကိုပို့ပေးပါ။ ဒါပါပဲ
ကွင်းလယ်မှာတော့ Brighton ဟာ သန်း၁၅ဝငွေထုပ်ကိုပြုစုပျိုးထောင်နေပါတယ်။ Carlos Baleba၊ အသက် ၂၁ နှစ်သာရှိသေးတဲ့ သူဟာ Caicedo ရဲ့ ခိုင်မာတဲ့ ကစားဟန်ကို အစားထိုးဖို့တာဝန်ပေးခံထားရသူပါ။ ဒါဟာဘယ်တော့မှ မလွယ်ကူပါဘူး။ ဒါပေမယ့် Baleba ဟာ ကိုယ်ခန္ဓာကြံ့ခိုင်မှု၊ စွမ်းအင်ပြည့်ဝမှုနဲ့ သင်ယူလိုစိတ်ရှိမှုကိုပြသနေပါပြီ။ သူဟာ ပြီးပြည့်စုံတဲ့ ထုတ်ကုန်တစ်ခုမဟုတ်သေးပေမယ့်၊ သူ့ရဲ့ လမ်းကြောင်းဟာအပေါ်ကို ထောင်တက်နေပါတယ်။ သူနဲ့အတူ၊ Mainz ကနေ ရောက်ရှိလာတဲ့ တိုက်စစ်မှူး Brajan Gruda ဟာ စတင်တောက်ပနေပါပြီ။ Wolves ကို သူသွင်းလိုက်တဲ့ ပထမဆုံး Premier League ဂိုးဟာ သူ့ရဲ့ ဖန်တီးနိုင်စွမ်းဗီဇတွေကိုမြင်ခဲ့ရတယ်။ ဒီကစားသမားနှစ်ယောက်ဟာ လာမယ့်နှစ်အနည်းငယ်အတွင်း Brighton ရဲ့အနာဂတ်ကို ပုံဖော်ကြမှာဖြစ်ပြီး၊ ကြီးမားတဲ့ ကလပ်တွေဟာသူတို့ကိုစောင့်ကြည့်နေပြီဆိုတာပါပဲ။
Brighton ရဲ့ အနာဂတ်မျှော်လင့်ချက်ဇာတ်လမ်းဟာ ကျွန်တော်တို့သိထားပြီးသား နာမည်တွေနဲ့ ပ်တန့်မသွားပါဘူး။ နည်းနည်းလေး နက်ရှိုင်းစွာကြည့်လိုက်ရင်၊ အကယ်ဒမီကနေ တစ်ရှိန်ထိုးပေါ်ပေါက်နေပါတယ်။ Yussif Moro Owusu၊ ၂၀၀၆ ခုနှစ်ဖွား Ghana က လူငယ်ကွင်းလယ်ကစားသမားလေကလပ်နဲ့ သူ့ရဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ် စာချုပ်ကိုလက်မှတ်ရေးထိုးလိုက်ပါပြီ။ လူငယ်စနစ်ထဲမှာ နှစ်ပေါင်းများစွာ ဖွံ့ဖြိုးပြီးနောက်၊ U21 ပွဲတွေမှာ သူ့ကိုစတင်သတိထားမိလာကြတယ်။ သူ့အသက်ထက် ပိုရင့်ကျက်တဲ့ စွမ်းအင်နဲ့ နည်းဗျူဟာ ရင့်ကျက်မှုကိုပြနေတယ်။ နောက်ပြီး Tyler Silsby ဆိုတဲ့ U18 အဆင့်ကနေရာပေါင်းစုံကစားနိုင်တဲ့ forward တစ်ယောက်ရှိပါတယ်။ ပြီးခဲ့တဲ့ရာသီက ၁၇ ပွဲမှာ ၉ ဂိုးနဲ့ တောက်ပခဲ့ပြီး နည်းပြတွေကို စိတ်လှုပ်ရှားစေတာက သူ့ရဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုပါ။ သူဟာ တောင်ပံ၊ အလယ်၊ တိုက်စစ်မှူး အထိပါ ကစားနိုင်တယ်။ Brighton ရဲ့ နည်းစနစ်အရာရှိတွေက သူ့ကိုခေတ်မီ forward တစ်ယောက်၊ နည်းပညာကောင်းပြီး ဉာဏ်ကောင်းတဲ့၊ ကလပ်က သေချာပြင်ဆင်ရတာ ကြိုက်နှစ်သက်တဲ့ ပရိုဖိုင်းတစ်ခုအဖြစ် မြင်ကြတယ်။
ခံစစ်မှာတော့ Charlie Tasker ကိုစောင့်ကြည့်သင့်ပါတယ်။ ခြောက်နှစ်သားကတည်းက Brighton နဲ့ ရှိခဲ့တဲ့ ညာသန်ကစားသမားလေဟာ အခု U21 အဆင့်ကိုတက်ရောက်ပြီး၊ စီနီယာအသင်းနဲ့ပါ လေ့ကျင့်ခန်းလုပ်ခဲ့ပါပြီ။ Wing back နေရာဟာ Brighton က အမြဲဂရုတစိုက်ဖွံ့ဖြိုးအောင်လုပ်တဲ့နေရာတစ်ခုပါ။ Cucurella, Lamptey, Estupiñán တို့ဟာ ကလပ်ရဲ့ ထုတ်ကုန်သက်သေတွေပါပဲTasker ဟာ နောက်တစ်ယောက်ဖြစ်လာနိုင်ပြီး၊ သူဆက်လက်တိုးတက်နေမယ်ဆိုရင် Premier League ထဲကို ဝင်ရောက်နိုင်ဖို့ ဝေးကွာမှာမဟုတ်ပါဘူး။
Brighton ဟာ အင်္ဂလန်ပြင်ပက လူငယ်တွေကိုလည်းရှာဖွေနေဆဲပါ။ Southampton ကနေ ခေါ်ယူထားတဲ့ Kamari Doyle ကို အောက်ခြေလိဂ်တွေဆီငှားရမ်းထားပြီး ခံနိုင်ရည်ရှိမှုကိုတည်ဆောက်ခိုင်းထားတယ်။ ဒါဟာ ဥာဏ်ကောင်းတဲ့ နည်းဗျူဟာတစ်ခုပါ။ ဒီလူငယ်တွေကို League One ဒါမှမဟုတ် League Two ရဲ့ ရုပ်ပိုင်းဆိုင်ရာရှုပ်ထွေးမှုထဲကို ပစ်ချလိုက်ပါ။ သူတို့ ခံနိုင်ရည်ရှိရဲ့လားဆိုတာ ကြည့်ပါ။ ခံနိုင်ရည်ရှိမယ်ဆိုရင် Brighton အနေနဲ့ သူတို့ဟာ ပိုမြင့်တဲ့အဆင့်အတွက် အဆင်သင့်ဖြစ်နေပြီဆိုတာ သိရပါလိမ့်မယ်။
ဒီအရာတွေအားလုံးကို စနစ်တကျချည်နှောင်ပေးတာက Brighton ရဲ့ တည်ငြိမ်မှုပါပဲ။ ကြယ်ပွင့်တစ်ယောက် ထွက်သွားရင် သူတို့ စိတ်မရှုပ်ကြဘူး။ Mac Allister က Liverpool ကိုသွားတဲ့အခါ၊ အစားထိုးဖို့ ကစားသမားတွေကိုသူတို့ အဆင်သင့်ထားရှိပြီးသားပါ။ Caicedo က Chelsea ကိုသွားတဲ့အခါ၊ သူတို့ရဲ့ ပုံစံကိုမပျက်စီးစေခဲ့ဘူး။ အခု João Pedro သွားပြီဆိုတော့၊ သူတို့ဟာ စနစ်ကိုနောက်တစ်ကြိမ်ယုံကြည်ကြမှာပါ။ ဖွံ့ဖြိုးအောင်လုပ်၊ စမ်းသပ်၊ ရောင်းချ၊ ပြန်လုပ်ပါ။ ဒါပါပဲ။ ရိုးရှင်းသလိုပဲထင်ရပေမယ့်၊ Brighton လောက် ဒီလိုအရာတွေကိုကောင်းကောင်းလုပ်နိုင်တဲ့ ကလပ်တွေကရှားပါတယ်။
ပရိသတ်တွေအတွက် မေးခွန်းကြီးတစ်ခုက Brighton ဟာ စျေးသည်ကလပ်အဖြစ်ကနေ တကယ့်ထိပ်တန်းယှဉ်ပြိုင်နိုင်တဲ့ ကလပ်တစ်ခုဖြစ်လာနိုင်မလားဆိုတာပါပဲ။ ဥရောပမှာ တစ်သမတ်တည်းစိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းကို တည်ဆောက်နိုင်ဖို့ ဒီမျှော်လင့်ချက်ရှိသူတွေထဲက တစ်ချို့ကိုကြာကြာထိန်းထားနိုင်မလား? ဒါမှမဟုတ် သူတို့ဟာ Chelsea, Liverpool, Manchester United တို့လို ကလပ်တွေဆီကို ပါဝါဆက်လက်လွှဲပြောင်းပေးနေတဲ့ generator တစ်ခုအဖြစ်ပဲ ရှိနေမှာလားဆိုတာပါပဲ။
လက်ရှိအချိန်မှာတော့ အဖြေကရောင်းချဖို့ဘက်ကိုယိမ်းနေပါဦးမယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်အတွင်းမှာ Brighton ဟာ အင်္ဂလန်မှာအတော်ဆုံး ကစားသမားထုတ်စက်ရုံကြီးအဖြစ် ဂုဏ်သတင်းတည်ဆောက်နေတယ်။ သူတို့အတွကလက်မှတ်ထိုးတဲ့ မျှော်လင့်ချက်ရှိသူတိုင်းဟာ အခွင့်အရေးတွေရမှာသိထားတယ်။ ကလပ်ကြီးတိုင်းကလည်း Brighton ရဲကစားသမားတွေကို စောင့်ကြည့်သင့်တယ်လို့သိထားကြတယ်။ ရာသီတိုင်းမှာ နာမည်အသစ်တစ်ခုပေါ်ထွက်လာတယ်။ ဒီနှစ်ဆို Baleba, Gruda, (သို့မဟုတ်) Owusu ဖြစ်နိုင်တယ်။ နောက်နှစ်ဆို Silsby, Tasker, (သို့မဟုတ်) Doyle ဖြစ်လာနိုင်တယ်။
သေချာတာကတော့ Brighton ဟာ နှေးကွေးမသွားဘူးဆိုတာပါပဲ။ သူတို့ ကစားသမားကောင်းတွေကိုဆုံးရှုံးသွားပေမယ့်၊ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာကိုတော့မဆုံးရှုံးသေးဘူး။ ပြောရမယ်ဆိုရင်၊ သူတို့ရဲ့ ထုတ်လုပ်မှုစက်ရုံကြီးဟာ ပိုမြန်လာနေတယ်။ နှစ်နှစ်၊ သုံးနှစ်ကြာရင် ကျွန်တော်တို့ဒီလက်ရှိလူငယ်အုပ်စုကိုပြန်ကြည့်မိမယ်။ ဒီ Videoကို saveထားပါ။ Brighton ဟာ နောက်တစ်ကြိမ်အနာဂတ်ကြယ်ပွင့်တွေကိုမြင်နိုင်စွမ်းမှာ လူတိုင်းထက်ရှေ့ရောက်နေသေးတယ်ဆိုတာသိရမယ်။