လီဗာပူးအသင်းဟာ ၂၀၂၅ ခုနှစ် နွေရာသီအပြောင်းရွှေ့ကာလမှာ ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုပြုလုပ်နိုင်ခဲ့ပါတယ်။ Nunez နဲ့ Jota တိုလို အဓိကတိုက်စစ်မှူးတွေ ဆုံးရှုးရလိုက်ပြီးနောက်အားကိုးအားထားပြုစရာ နံပါတ်(၉) တိုက်စစ်မှတစ်ဦးကို အသည်းအသန် လိုအပ်ခဲ့တာလဲဖြစ်ပါတယ်။ ဒါကြောင့်လီဗာပူးရဲ့ နည်းပြအဖွဲ့နဲ့ ဒေတာခွဲခြမ်းစိတ်ဖြာရေးဌာနတိုရဲ့ မျှော်မှန်းချက်က Alexender Isak ပါ။ ဒါပေမယ့် လီဗာပူးရဲ့ ဒေတာအဖွဲဟာ Isakကို မရခဲ့ရင် Hugo Eikiteke ကိုလည်း ခေါ်ယူဖို စာရင်းထဲထည့်ခဲ့ပါသေးတယ်။ Eikiteke ဟာ အနာဂတ်မှာ Isak ရဲ့ အဆင့်အတန်းကို ရောက်ရှိနိုင်တဲ့အပြင် ပိုမိုတောင် ကျော်လွန်နိုင်စွမ်းရှိတယ်လိုလဲဆိုထားပါတယ်။ ဒါကြောင့်လည်း လီဗာပူးအသင်းဟာ နယူးကာဆယ်ကိုအကြိမ်ကြိမ် ကြိုးစားဆက်သွယ်ခဲ့ရခြင်းဖြစ်ပါတယ်။ နယူးကာဆယ်ဘက်က ငြင်းဆန်နေခဲ့ပေမယ့်… ဈေးကွက်ပိတ်မယ့်နေ့ နာရီပိုင်းအလိုမှာတော့ လီဗာပူးရဲ့ နောက်ဆုံးထိုးစစ်ဟာ အောင်မြင်သွားခဲ့ပြီး Isak ကို အောင်ပွဲခံခေါ်ယူနိုင်ခဲ့ပါတယ်။ Jota ဆုံးပါးပြီး Nunez ထွက်ခွါသွားချိန် Arne Slott ရဲ့ မဟာဗျူဟာမြောက် တိုက်စစ်အဖွဲအတွက် ဗဟိုချက်အဖြစ် ရပ်တည်ပေးမယ့် ကစားသမားကတော့ Isak ပါပဲ။
Slot ဟာ Hugo Ekitike ကို အမျိုးမျိုးသုံးလိုရတဲ့ (Multi-Functional) နံပါတ်(၉) အဖြစ် မြင်ပါတယ်။ သူ့ရဲ့ အားသာချက်က တိုက်စစ်ဗဟိုမှာ နေရာယူကစားနိုင်သလို… တောင်ပံဘက်ကို ထွက်ပြီး ပြိုင်ဘက်ခံစစ်တန်းကို ချိုးဖောက်နိုင်စွမ်းရှိတယ့်ယူဆတယ်။ Alexander Isak အတွက်ကျတော့ Slot ရဲ့ စိတ်ကူးက ပိုပြီးနက်ရှိုင်းတယ်။ သူ့ကိုတိုက်စစ်ဗဟိုမှာ ထားရှိပြီး ကစားသမားတွေကို ချိတ်ဆက်ပေးမယ့် (Creative Hub) အဖြစ် အသုံးချမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်… ‘ဒုတိယ တိုက်စစ်မှုး (Second Striker) ရဲ့ ကဏ္ဍမှာပါ။ဆိုလိုတာက.Ekitike တိုက်စစ်ဗဟိုမှာ နေရာယူကစားနေချိန်မှာ Isak က အတွင်းဘက်ကိုဆင်းပြီး ချိတ်ဆက်မယ်… တောင်ပံဘက်ကို ထွက်ပြီး အခြားကစားသမားတွေအတွက် အခွင့်အလမ်းတွေ နေရာလွတ်တွေဖန်တီးပေးမယ် သူကိုယ်တိုင် ဂိုးသွင်းပြီး အဆုံးသတ်နိုင်မယ်။ ဒါမျိုးပုံစံလိုမြင်ထားတာပါ။ ဒါဟာ ခေတ်သစ်(Hybrid No.9) ရဲ့ ပြည့်စုံတဲ့ ပုံရိပ်ပါပဲ။ Alexander Isak ဟာ လီဗာပူးရဲ့ အနာဂတ် တိုက်စစ်အစုအဖွဲအတွက် သော့ချက်ကျတဲ့ ကစားသမားတစ်ဦးဖြစ်လာမှာပါ။
သူ့ရဲ့ အားသာချက်က ကွင်းအတွင်းပိုင်းကို ဆင်းပြီး ချိတ်ဆက်ကစားနိုင်တဲ့ စွမ်းရည်ပါ။ Dominik Szoboszlai နဲ့ Alexis Mac Allister တို့လို ကွင်းလယ်ကစားသမားတွေနဲ့ လွယ်လွယ်ကူကူ ချိတ်တဆက်ကစားနိုင်တာကြောင့် လီဗာပူးရဲ့တိုက်စစ်လမ်းကြောင်းတွေကို ခုထက်ပိုမြင်လာရနိုင်ပါတယ်။ဒါတင်မကသေးပါဘူး။ သူ့ရဲ့ ဘောလုံးထိန်းချုပ်မှုစွမ်းရည်ကလည်း ထူးချွန်ပြီး ဘောလုံးကို ကျွမ်းကျင်စွာ ထိန်းသိမ်းနိုင်တာကြောင့် လိုရင်လိုသလို ပွဲTempo အတင်ချကောင်းလာမှာဖြစ်ပါတယ်။ Isak ဟာ ခေတ်သစ် တိုက်စစ်မှူးတစ်ဦးအနေနဲ့ လီဗာပူးကို အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ့် ကစားသမားဖြစ်လာမှာပါ။ Jürgen Klopp ခေတ်ကနေ လက်ရှိချိန်ထိ လီဗာပူး တိုက်စစ်တစ်ခုလုံးက Mohamed Salah ရဲ့ ပုခုံးပေါ်မှာ အပြည့်အဝ မှီခိုနေရတာကို သတိထားမိကြမှာပါ။ အခု Isak ရောက်ရှိလာပြီဆိုတောါ Salah အနေနဲ့ အနည်းငယ် ဝန်လျော့သွားမှာပါ။။သူ့ရဲ့ လှုပ်ရှားကစားနိုင်မှု နေရာပြောင်းလဲကစားတတ်တဲ့ သဘာဝကြောင့် Salah, Florian Wirtz, Jeremie Frimpong တိုလို ကစားသမားတွေအတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
Slot ရဲ့ စနစ်ဟာ ကာကွယ်ရေးမှာ အင်တွေလေးယောက် (Back Four) ကို အခြေခံပြီးတိုက်စစ်မှာ ၄-၂-၃-၁ (သိုမဟုတ်) ၄-၃-၃ ပုံစံတွေကိုသာ အသုံးပြုနေပါတယ်။ဒီစနစ်ထဲမှာ Isak ရဲ့ အခန်းကဏ္ဍဟာ Roberto Firmino ကစားခဲ့တဲ့ ‘ချိတ်ဆက်ပေးတဲ့ တိုက်စစ်မှူး’ (False Nine) ရဲ့ ကဏ္ဍနဲ့ ဆင်တူပါတယ်။ ဒါပေမယ့် Isak မှာ အရပ်အမြင့်၊ ဘောလုံးကိုင်နှုန်း နဲ့ ဂိုးသွင်းနှုန်းတို ထပ်ဆောင်းပါဝင်နေတာကြောင့် ပိုပြီး အန္တရာယ်ရှိလာစေမှာပါ။အနာဂတ်မှာ လီဗာပူးအသင်းအနေနဲ့ Low Blockကစားတတ်တဲ့ အသင်းတွေကို ချိုးဖောက်နိုင်စွမ်း ပိုမိုကောင်းမွန်လာမယ်လို မျှော်လင့်ရပါတယ်။Alexander Isak ရဲ့ ရောက်ရှိလာခြင်းဟာ လီဗာပူးအတွက် ရိုးရိုးကူးပြောင်းရေး တစ်ခုတင်မကပါဘူး။ဒါဟာ ကြေညာချက်တစ်ရပ်ပါပဲ — “Klopp ခေတ်အပြီး လီဗာပူးဟာ ပြန်လည်တည်ဆောက်ရေးကို စတင်ပြီး အောင်မြင်မှုအတွက် ချီတက်နေပြီ” ဆိုတဲ့ သတင်းစကားကို Premier League ကို ကြေညာလိုက်တာပါပဲ။