Premier League ၂၀၂၅-၂၆ ရာသီအတွက်ကျွန်တော်တို့အားလုံး စောင့်နေကြတဲ့ ပွဲကြီးတစ်ပွဲဟာ လာမယ့်တနင်္ဂနွေမှာ ရောက်လာတော့မှာပဲဖြစ်ပပါတယ်။ ဖလားစိန်ခေါ်သူတွေဖြစ်တဲ့ Liverpool နဲ့ Arsenal တို့ယှဉ်ပြိုင်ကြမှာပါ။ ဒီနှစ်သင်းရဲ့ နည်းစနစ်တွေ၊ ကစားဟန်တွေကို ကြည့်ရှုရတာကိုက ပရိသတ်တိုင်းအတွက် စိတ်လှုပ်ရှားဖို့ ကောင်းနေမှာဖြစ်ပါတယ်။
နှစ်သင်းလုံက ရာသီစ နှစ်ပွဲလုံးကို အနိုင်ကန်ထားနိုင်ကြပါတယ်။ Liverpool က Bournemouth ကို ၄-၂ နဲ့ အနိုင်ရခဲ့သလို၊ Newcastle ကို လည်း၃-၂ နဲ့ နောက်ဆုံးမိနစ်တွေမှာ အနိုင်ဂိုးတွေသွင်းယူပြီး ရမှတ်တွေစုဆောင်းထားတာပါ။ လီဗာပူးဟာ အဓိကစွမ်းဆောင်ရည်အဖြစ်offensive potencyနဲ့ နောက်ဆုံးအချိန်ထိ မလျှော့တဲ့ ဇွဲ (late-game resilience) ကို ပြသထားနိုင်ပါတယ်။ဒါပေမယ့် လီဗာပူးနိုင်ခဲ့တဲ့ ပွဲတွေထဲမှာ လည်း အားနည်းချက်တစ်ချို့ကို တွေ့ထားခဲ့ရပါတယ်။ ခံစစ်ဟာ လုံးဝ မတည်ငြိမ်ပဲ ပေးဂိုးတွေတော်တော်များများပေးထားရတာပါ။ ပြိုင်ဘက်ရဲ့ Counter Press နဲ့ ကစားဟန်ပြောင်းတဲ့အချိန် (Transition play) တွေမှာ လီဗာပူးဟာ ရုန်းကန်ရလေ့ရှိပါတယ်။ Mohamed Salah, Eikiete နဲ့ Cody Gakpo တို့ရဲ့ မြန်နှုန်းမြင့် ပြေးလွှားကစားဟန်၊ ဘောလုံးကိုင် ကျွမ်းကျင်မှု၊ ဂိုးသွင်းရာမှာ တိကျသေချာမှုတွေကLiverpool ခက်ခဲတဲ့အခိုက်တန့်တိုင်းမှာရုန်းထွက်နိုင်ဆဲဆိုတာ အာဆင်နယ်အနေနဲ့ သဘောပေါက်ထားရပါမယ်။ နောက်ဆုံးမိနစ်တွေမှာ ဂိုးတွေရှာဖွေနိုင်စွမ်းဖြစ်ပါတယ်။ Slott ရဲ့ ပွဲအတွင်း ဗျူဟာပြင်ဆင်မှုတွေ၊ ပိုင်ဆိုင်မှုအသားပေးကစားဟန်တွေက ပြိုင်ဘက်အသင်းတွေထက်နှာတစ်ဖျား သားလေ့ရှိတာကလဲ ငြင်းမရတဲ့ အချက်ပါ။ အရန်ကစားသမားတွေကို အသုံးချနိုင်စွမ်းတွေဟာ ပြိုင်ဘက်အသင်းကို (competitive edge) အမြဲရှိအောင် လုပ်ဆောင်ပေးလေ့ပြီး ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ပွဲတိုင်းလိုလို ထိုးနှက်နိုင်လေ့ရှိပါတယ်။
Arsenal ရဲ့ လက်ရှိခြေစွမ်းကလဲဖလားစိန်ခေါ်သူတို့ရဲ့ စရိုက်လက္ခဏာတိုင်းအပြည့်ဝ ပြသထားနိုင်ပါတယ် ။Leeds United ကို ၅-၀၊ Manchester United ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲနှစ်ပွဲက သူတို့ရဲ့ တိုက်စစ်စွမ်းဆောင်ရည်အပြင် နည်းစနစ်ပိုင်းစည်းကမ်းကောင်းမှု ၊ ကစားသမား နေရာချထားရေး ကောင်းမွန်ခြင်း တို့ဆိုတာ အာဆယ်နယ် လုပ်ပြနေတယ်ဆိုတာ သဘောပေါက်ထားရပါမယ်။ Declan Rice နဲ့ Zubemedi တို့ရဲ့ ကွင်းလယ်တန်းကို ထိန်းချုပ်နိုင်မှု ဟာ ဩချစရာကောင်းနေပြီး ပြိုင်ဘက်အသင်းတွေထက် ကွင်းလယ်ကစားဟန်က သိသိသာသာပိုကောင်းနေတာပါ။ တောင်ပံကစားသမားတွေရဲ့ အမြန်နှုန်း နဲ့ တစ်ဦးချင်းယှဉ်ပြိုင်ကစားနိုင်မှု တွေက Liverpool ရဲ့ Fullback တွေကို အင်မတန်မှ ဒုက္ခများစေမှာပါ။ ဒီပွဲမတိုင်ခင် ထိခိုက်ဒဏ်ရာရထားတဲ့ Bukayo Saka နဲ့ Martin Ødegaard တို့ရဲ့ မပါဝင်နိုင်မှုက Arsenal ရဲ့ ဖန်တီးမှုစွမ်းရည် ကိုအဟန့်တားဖြစ်စေမလားဆိုတာ မကြာခင်သိရတော့မှာပဲဖြစ်ပါတယ်။ ကစားသမားသစ်တွေဖြစ်တဲ့ Eberechi Eze နဲ့ Viktor Gyökeresတို့ရဲ့ လုပ်ပြချင်စိတ်တွေက လည်းအာဆင်နယ်ကို တစ်ပန်းသာစေမှာပါ။
ဒါကြောင့် Liverpool နဲ့ Arsenal တို့ ထိပ်တိုက်တွေ့ဆုံမှုဟာ… ကစားဟန် အမြန်ပြောင်းနိုင်မှု (transition speed) နဲ့ စနစ်တကျ ဖိကစားမှု (structured pressing) အကြား ယှဉ်ပြိုင်မှုဖြစ်လာမှာသေချာပါတယ်။။ ပွဲရလဒ်ကို ခန့်မှန်းကြည့်ရရင် ဂိုးကွာခြားချက် အနည်းငယ်နဲ့ သရေကျနိုင်တဲ့ ရလဒ်ကို နီးစပ်နေနိုင်ပါတယ်။ ဒါ့အပြင် နောက်ဆုံးမိနစ်တွေမှာ ဂိုးသွင်းပြီး အနိုင်ရလဒ်ဖော်ဆောင်နိုင်တဲ့ အသင်းလည်း ပေါ်ထွက်လာနိုင်မှာပါ။ အနှစ်ချုပ်ရရင်… Liverpoolဟာ တိုက်စစ်စွမ်းရည် (offensive potency)၊ နောက်ဆုံးအချိန်ထိ ဇွဲမလျှော့တဲ့ စိတ်ဓာတ် (late-game resilience) နဲ့ ဗျူဟာ ပြောင်းလဲနိုင်စွမ်း (tactical flexibility) တွေရှိတာကြောင့် အာဆင်နယ်ကို လုံးဝရှိန်နေမှာမဟုတ်ပါဘူး။ Arsenal ကတော့ စနစ်တကျ ဖိကစားမှု (structured pressing)၊ Midfield ထိန်းချုပ်မှု (midfield control) နဲ့ တောင်ပံတိုက်စွမ်းရည် (wide attacking options) တွေနဲ့ လီဗာပူးကိုရင်ဆိုင်မှာပါ။ ပရိသတ်တွေရဲ့ စိတ်လှုပ်ရှားမှုကို ပွဲအဆုံးသတ်ချိန်အထိ အပြည့်အဝ ဆွဲဆောင်ထားနိုင်မဲ့ ပွဲကောင်းတစ်ပွဲဆိုတာပြောကြားးရင်း…