Innwa-Ads-Banner-1-1170X200

ကြက်ဥဘယ်ကစဖြစ် (သို့) မန်ယူပြဿနာဘယ်ကစ?

မန်ချက်စတာယူနိုက်တက်ရဲ့ အနေအထားကတော့ အဆိုးရွားဆုံးဖြစ်နေပါပြီ ။ အခုနှစ်ဘောလုံးရာသီမှာ ၃ ပွဲကစားပြီးချိန်မှာ တပွဲမှ အနိုင်မရသေးပါဘူး ။ မနေ့ညက လိဂ်ဖလားဒုတိယအဆင့်ပွဲစဉ်မှာ လိဂ်တူး ( အင်္ဂလန်ရဲ့ စတုတ္ထတန်း ) ကလပ်အသင်း ဂရင်စ်ဘီတောင်းအသင်းကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ် ။

အသင်း ၂ သင်းအကြားက ကစားသမားအနေအထားဟာ အလွန်ကွာခြားခဲ့ပေမယ့် မန်ယူအသင်းရဲ့ ခြေစွမ်းကတော့ တကယ့်ကို အံ့အားသင့်စရာကောင်းအောင် ညံ့ဖျင်းနေခဲ့တာပါ ။ ပွဲကစားချိန်အတွင်းမှာ ၂ ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီမှာတော့ ၁၂-၁၁ နဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ် ။ မန်ယူနိုက်တက်ဖန်တွေကို ပိုပြီးစိတ်ပျက်စေခဲ့တာက မန်ယူအသင်းက ၂ ဂိုးပြတ်ဦးဆောင်နေတာမဟုတ်ဘဲ အိမ်ရှင် ဂရင်စ်ဘီတောင်းအသင်းက ၂-၀ နဲ့ ဦးဆောင်နေကာ မန်ယူအသင်းက ၈၉ မိနစ်မှ ဒုတိယချေပဂိုး သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အမော်ရင် တစ်ယောက် 3-4-2-1 ချည်းပဲကစားတာက ပြဿနာမဟုတ်ဘူး 3-4-2-1 ကို မကစားတတ်တာက ပြဿနာဖြစ်နေပါပြီ။ အမော်ရင်သွားနေတဲ့ ပုံစံက classic 3 back ပုံစံပါ။ ဒါကလဲ ကူကယ်ရာမရလွန်းလို့ ရွေးချယ်လိုက်တာဖြစ်ဖို့ များပါတယ် ။ သွားချင်တာက Modern 3 back ပုံစံပါ။ လက်ရှိမှာ Shaw-De Ligt-Yoro 3 backs ကိုမှ Dalot-Amad / Dorgu wing back ပုံစံ သွားနေတာမျိုး ဖြစ်ပါတယ်။off the ball ရော on the ball ရောမှာ 5 men ပုံစံ ကစားတာ ဖြစ်လို့ တိုက်စစ်က ပေါင်းသန်းရာချီ သုံးထားသည့်တိုင် အားနည်းနေဆဲဖြစ်ပါတယ်။ လူပိန်းနည်းနဲ့ကြည့်မယ်ဆိုရင်တောင် 3 backs system မှာ Full Backတွေက ကြောက်စရာ လန့်စရာ လုပ်အားနှုန်းနဲ့ ရှေ့နောက် လှော်ထိုးကစားရတယ်ဆိုတာ လူတိုင်းသိပါတယ်။ ခုမန်ချက်စတာယူန်ိုက်မှာမြင်ရတဲ့ Fullback ကစားပုံက ရှေ့လဲမတက်၊ ခံစစ်ကိုပဲ အာရုံစိုက်နေရတဲ့ပုံစံမျိုးကြီးပါ။ Amadလို ကစားသမားမျိုးကို ခံစစ် အာရုံစိုက်ခိုင်းထားတာ အမ်မိုရင်းတစ်ယောက်ဘယ်လို အတွေးနဲ့များ တွေးထားလဲဆိုတာ နားလည်ရခက်ခဲလွန်းပါတယ်။ တစ်ချိန်က အောင်မြင်ခဲ့တဲ့ ကွန်တီရဲ့ 3 backs system ကို ပရီးမီးယားလိဂ် ပရိသတ်တွေကောင်းကောင်းရင်းနှီးပါတယ်။ အိုလီဗာဂလက်စနာက ရွိုင်းဟော့ဆန်ရဲ့ ခရစ္စတယ်ပဲလေ့စ်ကို လွှဲပြောင်းရယူပြီး ၃−၄−၂−၁ ကစားကွက်ကို အလျင်မြန်ဆုံး၊ အထိရောက်ဆုံး အသက်သွင်းပြထားတယ်။ သောမတ်စ်တူခဲလ်ဟာ လမ်းပတ်ရဲ့ ချယ်လ်ဆီးအသင်းကို လွှဲပြောင်းရယူပြီး ၃−၄−၂−၁ နဲ့အတူ အချိန်တိုအတွင်း ချန်ပီယံလိဂ်ချန်ပီယံ ဖြစ်ခဲ့တယ်။ ကစားရအခက်ဆုံးအသင်းလို့ နည်းပြအများစု ညည်းညူရတဲ့အသင်းကို တည်ဆောက်ပြခဲ့တယ်။ ခုအမ်မိုရင်းဆော့နေတဲ့ ပုံစံနဲ့ တူလားဆိုတာ ချိန်းထိုး နှိုင်းယှဉ်လို့ရပါတယ်။ ဒါ့အပြင် ကွင်းတွင်း နည်းပြ ရဲ့ command ကို 100% နားလည်တဲ့ ကစားသမားက လက်ချိုးရေလို့ရတယ်။ ပြောရမယ်ဆို wing backs ပုံစံ ကစားမဲ့ ကစားသမားတွေက နည်းစနစ် ပိုင်း ကျေညက်နားလည်ဖို့ များစွာ လိုအပ်နေသေးတာပါ။ ဒီကစားသမားတွေအကြောင်း ပြောရတာကလဲ ဖန်တရာထပ်တလဲလဲဖြစ်နေပါပြီ။ ပေးဆပ်ချင်စိတ်မရှိတာ၊ စိတ်မပါတာ နဲ့ ဘာမှန်းကိုမသိတာပါ။ Cunha, Sesko, Mbeumo) အတွဲသစ်ဟာ ပရီးမီးယားလိဂ် အခုထိတော့ဂိုးမရသေးပါဘူး။ ပြိုင်ဘက်အသင်းတွေရဲ့ တိုက်စစ်ကစားသမားသစ်အများစုဟာ ကိုယ်စီအဖွင့်ဂိုးတွေရရှိနေကြပေမဲ့၊ ယူနိုက်တက်ကတော့ရာသီအဖွင့်နှစ်ပွဲလုံးမှာ ပြိုင်ဘက်ရဲ့ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့တစ်ဂိုးကလွဲရင် ဂိုးပေါက်ပျောက်နေရဆဲပါ။ ဒါတွေအားလုံးမှာ တာဝန်အရှိဆုံးက အမ်မိုရင်းမှာပါပဲ။ သူ့ကိုယ်သူလဲသိနေပါပြီ။ သူရဲ့ Win Percentage က တော်တော်ဆိုးရွားတယ်။ ပရီးမီးယားလိဂ် ၂၉ ပွဲမှာ ၇ ပွဲပဲ နိုင်တာဆိုတော့ ၂၄.၁% ပဲရှိတယ်။ အသင်းကြီးတွေရဲ့ နည်းပြအဆိုးရွားဆုံးစာရင်းကို နည်းမျိုးစုံနဲ့ ချရေးလိုက်၊ အမ်မိုရင်း ပါလာမှာပါ။ ညက ရှုံးပွဲအပြီး သူပြောသွားတာကို ဘာသာပြန်ကြည့်ရရင် “ကျွန်တော်တို့ အပြောင်းအလဲအများကြီး လုပ်ဖို့ကြိုးစားပေမယ့် တကယ်အရေးကြီးတဲ့အချိန်မှာ ဘာမှအရာထင်မနေခဲ့ပါဘူး။ အဲ့လိုမျိုးအရာမထင်ဘူးဆိုရင် တစ်ခုခုတော့ ပြောင်းလဲဖို့လိုနေပါပြီ။ ပြီးတော့ ကစားသမား ၂၂ ယောက်ကိုတော့ ခင်ဗျားတို့ လဲလို့မရဘူးလေ။ ကျွန်တော် ပရိသတ်တွေကို ဘယ်လိုမျက်နှာပြရမှန်းကို မသိတော့ပါဘူး။ ပြောင်းလဲဖို့က နည်းပြတစ်ယောက် တာဝန်ဆိုပေမယ့် ကျွန်တော် ဘာမှလုပ်မပြနိုင်ခဲ့ပါဘူး။ လောလောဆယ်မှာ ကျွန်တော်တို့ ရှေ့လာမယ့်ပွဲကို ဆက်အာရုံစိုက်ပါမယ်။ အဲ့ပွဲပြီးရင်တော့ ကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ခုခုချရပါတော့မယ်။” ဒီစကားကိုကြည့်ရင် ဘန်လေနဲ့ပွဲမနိုင်တာနဲ့ အမ်မိုရင်း နည်းပြရာထူးကနှုတ်ထွက်တော့မှာပါ။ သေချာသလောက်ပါပဲ။ ဖြစ်လဲဖြစ်သင့်ပါတယ်။ ကစားသမားတွေလဲ သူ့အတွက် မကစားပေးချင်တော့တာ အသိသာကြီးပါ။ နောက်နည်းပြလာလဲ ဒီကစားသမားတွေကြောင့် ထွက်ရဦးမှာပါ။ ပြဿနာထိုးချစရာ နည်းပြပဲရှိလို့ နည်းပြကိုပဲထိုးချနေရတာပါ။ အဆုံးသတ်ရရင်မန်ယူရဲ့ ပြဿနာက ကြက်ဥဘယ်ကစဖြစ်တာလဲဆိုတဲ့ သီအိုရီ အတိုင်းပါပဲ။