Innwa-Ads-Banner-1-1170X200

အာဆင်နယ်ရဲ့ ချိုမြမြ အနိုင်အားခံစားခြင်း

St. James’ Park ညပိုင်းမှာ ပြင်းထန်တဲ့ ယုံကြည်မှုတွေနဲ့ ဆူညံနေခဲ့တယ်။ Newcastle က Arsenal ကို အပိုင်နိုင်မယ်လို့ ယုံကြည်နေခဲ့ကြတာပါ။ ပွဲစစချင်း အိမ်ကွင်းအသင်းက ပြင်းပြင်းထန်ထန် ကစားနိုင်ခဲ့ပြီး Arsenal ကို ဘောလုံးကိုင်အချိန်ယူခွင့်မပေးခဲ့ဘူး။ ဒါပေမယ့် ဒါဟာခဏပါ။ ပွဲချိန်တော်တော်များများက်ိုတော့ အာဆင်နယ်ကပဲ ဖိကစားနိုင်ခဲ့တာပါ။မိနစ်၃၀လောက်မှာ Nick Woltemade က နေရာလွတ်တစ်ခုထဲ တိုက်စစ်မှူးပီပီစိတ်ရှည်သည်းခံမှုနဲ့ ခေါင်းတိုက်ပထမဂိုးကို သွင်းလိုက်နိုင်တယ်။ Newcastle ပရိသတ်တွေ ပျော်ရွှင်ပေါက်ကွဲခဲ့ကြပြီး Arsenal ကတော့ ခက်ခဲတဲ့ အဝေးကွင်းမှာ သူတို့ကိုယ်သူတို့ ဖိအားထဲ ထပ်မံချထားမိခဲ့တာကို သိလျက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ငေးကြည့်နေခဲ့ကြပါတယ်။

ဒါပေမယ့် ပထမပိုင်းကို သတ်မှတ်ပေးခဲ့တာက Newcastle ရဲ့ ဦးဆောင်ဂိုးတစ်ခုတည်းမဟုတ်ခဲ့ဘူး… ဒိုင်ရဲ့ ဆုံးဖြတ်ချက်တစ်ချို့ရဲ့ ပြဿနာတွေလည်း ပါဝင်နေခဲ့တယ်။ Gyökeres က ကာဆယ်ဂိုးသမား Pope နဲ့ ပင်နယ်တီဧရိယာထဲ ထိပြီး လဲကျသွားတဲ့အခါ Arsenal က သူတို့ရဲ့ ကယ်တင်ခြင်းရောက်လာပြီလို့ ထင်ခဲ့ကြတယ်။ ဒိုင် VAR ဆီဆွဲခေါ်သွားပြီး ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပစ်လိုက်တယ်။ Arsenal ကစားသမားတွေ အရမ်းဒေါသထွက်သွားခဲ့ကြပြီး Mikel Arteta တစ်ယောက် မချိပြုံးတာ တတ်နိုင်ခဲ့တာပါ။ ဒါဟာArsenal ကို တရားမျှတမှုကနေ ထပ်မံလုယက်သွားတဲ့ နောက်ထပ်အခိုက်အတန့်တစ်ခုလို့ ခံစားရခဲ့တယ်။

နည်းဗျူဟာအရ ပထမပိုင်းမှာ Arsenal က အလျင်စလိုဖြစ်နေခဲ့တယ်။ သူတို့ရဲ့ ပုံမှန် စိတ်ရှည်သည်းခံတဲ့ Build up တည်ဆောက်မှုကို Newcastle ရဲ့ ကျစ်လစ်တဲ့ ခံစစ်ကြောင့် နှောင့်ယှက်ခံခဲ့ရတယ်။Zubimendi နဲ့ Rice ဟာ Double Pivotပီပီမကြာခဏဆိုသလို နှစ်ယောက်တွဲပြီး ကွင်းလယ်က်ုချုပ်ကိုင်ထားနိုင်ခဲ့ကြတယ်။ ခံစစ်တိုက်စစ် အသွင်ပြောင်းလဲမှုတွေမှာ သူတို့နှစ်ယောက်ဟာ တာဝန်ခွဲမယူခဲ့ကြပါဘူး။ Match Dutyအာလုံးကို တစ်ပြိုင်နက်ထဲ လုပ်ဆောင်ခဲ့ကြတာကို အာတီတာရဲ့ ဒီကနေ့ နည်းစနစ်မှာ မြင်ခဲ့ရတယ်။ နယူးကာဆယ် ကောင်တာစဖို့ကြံတိုင်း အာတီတာရဲ့ပလန်ကြောင့် အရာမရောက်ခဲ့ပါဘူး။ Newcastle ရဲ့ ဂိမ်းအစီအစဉ်က ရှင်းတယ်… ခံစစ်ထိုင်ပြီး Gordonရုန်းအားပေါ်လိုက်ပြီး ကောင်တာ အတက်ကျ ထိန်းဆော့မယ် ဒါပါပဲ။

ဒုတိယပိုင်းမှာတော့ Arsenal က ပိုမိုထိန်းချုပ်မှုရှိရှိ ကစားခဲ့ပြီး ဘောလုံးကို ခပ်သွက်သွက်စကစားနိုင်ခဲ့ပါတယ်။ ပွဲရဲ့ Tempoကလည်း ပွဲချိန်ကြာလာတာနဲ့အမျှ ပိုမိုမြင့်တက်ခဲ့ပြီး အာဆင်နယ်တို့ကသာ ပွဲကိုတစ်ဖက်သတ်ဖိကစားခဲ့တာပါ။ ဘောလုံးလုယုတွေမှာလဲ Dirty Playတွေ စတင်လာကြပြီး နယူးကာဆယ်ကတော့ အိမ်ကွင်းဆိုတဲ့ အတိုင်း ညစ်ကျယ်ကျယ် ကစားခဲ့ပါတယ်။ ဒုတိယပိုင်း အာတီတာပြောင်းလဲလိုက်တာက Rice Advance 8 role ထိတင်ပြီး တိုက်စစ်မြင့်တင့်ခဲ့ပါတယ်။ Newcastle ရဲ့အားနည်းချက်ဖြစ်တဲ့ shoot stoppage အားနည်းတဲ့အချက်ကို အခွင့်ကောင်းယူပြီး advance 8 ဖြစ်လာတဲ့ Riceက တိုက်စစ်ကစားသမားတွေ ကန်ချက်ထွက်လာအောင်ကူညီနိုင်ခဲ့ပါတယ်။ ဒါဟာ ဂိုးမရခဲ့သည်တိုင် အာတီတာရဲ့ပြောင်မြောက်တဲ့ နည်းစနစ်ပိုင်းကြွယ်ဝမှုပါပဲ။ ပွဲချိန်၈၄ မိနစ်မှာ လူစားဝင် Mikel Merino ခြေပဂိုးကိုသွင်းယူနိုင်ခဲ့တယ်။ ဒါဟာ အာဆင်နယ်ရဲ့ မရပ်မနား ဖိအားပေးမှုနဲ့ကာဆယ် ရဲ့ ပင်ပန်းနွမ်းလျနေတဲ့ ခြေထောက်တွေကြောင့် ရရှိခဲ့ ဂိုးတစ်ဂိုးဖြစ်ခဲ့တယ်။ နောက်ဆုံးမိနစ် အချိန်ပို ၆မိနစ်မှာ အာဆင်နယ်ရဲ့ ဦးဆောင်ဂိုးက တစ်ပွဲလုံးက်ို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တယ်။ Garbriel ရဲ့ ခေါင်းတိုက်သွင်းဂိုးဟာ Skillပိုင်းအရ အရမ်းသေသပ်တဲ့ဂိုးတစ်ဂိုးဖြစ်ပြိီး Ødegaard ရဲ့ corner ဘောပေးပို့မှုက သပ်ရပ်ထွက်နေခဲ့တာပါ။ Newcastle က သူတို့ရဲ့ နာရီဝက်ကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူး။ Arsenal ရဲ့ ဇွဲရှိမှုက နောက်ဆုံးမှာတော့ သူတို့ကို ချေမှုန်းပစ်လိုက်နိုင်ခဲ့တယ်။အာဆင်နယ်ရဲ့ကစားအားကတော့ အတော်လေးအားရခဲ့ပြီး ချန်ပီယံလက္ခဏာနဲ့အတော်လေးပြည့်စုံခဲ့တဲ့ပွဲလို့ပြောရမှာပါ။

VAR က အငြင်းပွားဖွယ်ရာတွေကို ဖန်တီးခဲ့တယ်။ ဒါပေမယ့် အမှန်တရားကတော့ Arsenal က စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်၊ နည်းဗျူဟာဆိုင်ရာ လိုက်လျောညီထွေဖြစ်အောင်ပြုလုပ်နိုင်မှုနဲ့ ချန်ပီယံတွေမှာ လိုအပ်တဲ့ မရပ်မနား ကြိုးစားအားထုတ်မှုမျိုးကို ပြသနိုင်ခဲ့တယ်။ သူတို့က St. James’ Park ကို သိမ်းပိုက်ခဲ့ကြတယ်။ ပြီးတော့ အဖိုးတန်တဲ့ သုံးမှတ်ကိုလည်း ယူဆောင်ပြီးထွက်ခွာသွားခဲ့ကြတယ်။