စနေနေ့ရဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်ဟာ လိဒ်စ်ယူနိုက်တက်ကို ၅ဂိုးဂိုးမရှိဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အာဆင်နယ်အတွက် သွင်းဂိုးတွေကိုတော့ ဂျုယီယံတင်ဘာနဲ့ ဗစ်ခ်တာယိုးခရက်စ်တို့က ၂ဂိုးစီ၊ ဘူကာယိုဆာကာက ၁ဂိုးစီသွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ပွဲထွက်အခင်းကျင်းကစာရွက်ပေါ်မှာ ၄-၃-၃ဖြစ်ပေမဲ့ ကွင်းထဲမှာတော့ ၄-၄-၂ ဖြစ်ဖြစ်သွားတတ်ပါတယ်။ ပွဲအစပိုင်းမှာတော့ အာဆင်နယ်အသင်းရဲ့ လူသစ်တွေ၊ စနစ်အသစ်တွေနဲ့အတူ play rhythm ကသေချာမမိသေးတာကြောင့် ပွဲကခဏတာ ငြိမ်သက်ခဲ့ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ အချိတ်အဆက်တွေ တဖြည်းဖြည်း ကောင်းလာပြီး တော်တော်လေးပွဲကို စိုးမိုးနိုင်ခဲ့ပါတယ်။တိုက်စစ်မှူးသစ် ယိုးခရက်စ်က အာဆင်နယ်ကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ဒုတိယမြောက်ဂိုးကိုလည်း ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ တိုက်စစ်မှူးသစ်ရဲ့ခြေစွမ်းကြောင့် ပျော်ရွှင်နေကြပါပြီ။ မာတင် အော်ဒီဂွါဒ်က ဒီနေ့ပွဲမှာ ခြေသိပ်မပေါ်ဘဲ သူ့ဆီက တိုက်စစ်ကို ဘောလုံးမထွက်လို့ စိုးရိမ်စရာဖြစ်ခဲ့တဲ့အချိန်မှာ ဒဏ်ရာကြောင့်လူစားပါအလဲခံခဲ့ရလို့ ပိုလို့တောင် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
အဖွင့်ဂိုးကို ၃၄ မိနစ်မှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေတဆင့် တင်းဘားက ဒီကလန် ရိုက်ရဲ့ ဖြတ်တင်ပေးပို့မှုကနေ ခေါင်းတိုက် အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ဒီဂိုးကလည်း တင်ဘားရဲ့ Premier League ပထမဆုံးးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဦးဆောင်ဂိုးရသွားချိန်မှာ အာဆင်နယ်အတော်လေး ဖိဖိစီးစီးပိုကစားလာနိုင်ပြီး Leedsကို အပြတ်ချေမှုန်းလိုက်ပါတယ်။ဒီသွင်းဂိုးကြောင့် လိဒ်တို့ ကြိုးစားခံစစ်ဆင်ထားသမျှ ပြိုဆင်းခဲ့ရပါတယ်။ အဖွင့်ဂိုးရှင် တင်းဘားကပဲ ပထမပိုင်းပြီးဆုံးခါနီး အချိန်ပိုမှာ ဆာကာအတွက် ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်အတွက်တော့ အာဆင်နယ်ကစားသမားဘဝ သွင်းဂိုး ၇၀ ပြည့်မြောက်တဲ့ဂိုး ဖြစ်ခဲ့ပါတယ်။ ဒ့ါအပြင် ဒီညရဲ့ အဓိက highlight တစ်ခုကတော့ အသက်ငယ်ဆုံး ကစားသမား Max Dowman ရဲ့ Premier League debut ဖြစ်ခဲ့တာပါ။ Dowmanရဲ့ လျင်မြန်သွက်လက်မှုတွေကြောင့် Leeds ရဲ့ ခံစစ်လိုင်းအတော်လေးဆောက်တည်ရာမရဖြစ်ခဲ့ပါတယ်။ Max Dowman ကို လိဒ်စ်နောက်ခံလူ တားရင်း ပြစ်ဒဏ်ဘောဖြစ်လို့ ပယ်နယ်တီ ရခဲ့ပြီး ယောကရက်ရှ်က ဒီပယ်နယ်တီကို ကန်သွင်းခဲ့ပါတယ်။ ဒေ့ါမန်းဟာ အာဆင်နယ်အသင်းကြီးအတွက် 15 နှစ် 229 ရက်ဖြင့် အသက်အငယ်ဆုံး ဂိုးရရှိအောင် ဖန်တီးပေးသူဖြစ်လာပါတယ်။ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာလည်း အာဆင်နယ်ကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဆက်လက်ကစားခဲ့ပြီး လိဒ်စ်တို့က ဘောလုံးပိုင်ဆိုင်မှု ၃၂ ရာခိုင်နှုန်းပဲ ရှိခဲ့တဲ့အထိ အိမ်ရှင်တွေရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်ပွဲကို တအိအိနဲ့ ဖိကစားခဲ့ပြီး ၅ဂိုးထိသွင်းယူနိုင်ခဲ့တာပါ။ ဒီအနိုင်ဟာ အာဆင်နယ်အတွက် ရှေ့ဆက်ပြိုင်ပွဲတွေအတွက် ယုံကြည်မှုတွေ ပိုမိုတိုးပွားစေခဲ့ပြီး၊ Liverpool နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက်လည်း စိတ်ဓာတ်တွေ မြှင့်တင်နိုင်ခဲ့ပါတယ်။ ပရိသတ်တွေအတွက်လည်း ဒီပွဲစဉ်ဟာ အနာဂတ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ဆက်လက်ရယူနိုင်ဖို့ သင်္ကေတတစ်ခုလို့ ခံစားရစေခဲ့ပါတယ်။
အဆုံးသတ်အနေနဲ့ ပြောရမယ်ဆိုရင်တော့… ဒီအနိုင်ဟာ ပုံမှန်နိုင်ပွဲမဟုတ်ဘဲ၊ အာဆင်နယ်ဟာ Premier League ချန်ပီယံဆုအတွက် အဓိကစိန်ခေါ်သူဖြစ်ကြောင်း ပြန်လည်ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်… ရှေ့ဆက်ကာလမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြတ်သန်းနိုင်ဖို့ သူတို့မှာ စွမ်းအားတွေ အပြည့်အဝရှိနေကြောင်းကိုလည်း ဒီပွဲစဉ်က သက်သေထူပြနိုင်ခဲ့ပါတယ်။