Innwa-Ads-Banner-1-1170X200

Arsenl 1- 1 Manchester City ( FT)မျှတတဲ့ သရေရလဒ်

ဒီပွဲက အာဆင်နယ်ရဲ့ တိုက်စစ်နဲ့ မန်စီးတီး ခံစစ်တို့ အသေလဲ အားပြိုင်ကြတဲ့ပွဲပါ။ မန်စီးတီးက ဦးဆောင်ဂိုးစောစောစီးစီးရရှိခဲ့သည့်တိုင် ကစားသမားတွေ ပွဲအရမ်းပန်းနေတာကြောင့် အာဆင်နယ်ကသာ တစ်ဖက်သတ်ဖိအားပေးကစားခဲ့ပ့တယ်။။ အာဆင်နယ်ကတော့ Title Contenders အသင်းကြီးတွေနဲ့ယှဉ်ပြိုင်ရတဲ့ ၂ပွဲမှာ ၁ပွဲရှုံး၊ ၁ပွဲသရေ နဲ့ မဆိုးဘူးပြောရပါမယ်။ ဒါဟာ အရမ်းကောင်းတဲ့ အချက်လက်တော့မဟုတ်ပေမဲ့ လက်ခံလို့ရတဲ့အနေထားပါ။

ပွဲကိုချဉ်းကပ်ရရင် အာဆင်နယ်အနေနဲ့ ပထမပိုင်း မိနစ်၂၀လောက်ထိအမှားတွေများခဲ့ပြီး ကစားသမားတွေအနေနဲ့အတော်လေး မန်စီးတီးနဲ့ယှဉ်ပြိုင်ရမှာကို ဖိအားများနေခဲ့ပါတယ်။ အာဆင်နယ်ရဲ့ ကွင်းလယ်လူ ဇူဘီမန်ဒိ အနေနဲ့ High Line Defensive ဆော့ဖို့ အသားမကျသေးပါဘူး။ Zubimendiကို မန်စီးတီးကွင်းလယ်လူ ၂ယောက်လောက် ဝင်ဖိလိုက်ရင် ဘောလုံးကအမြဲပျက်သွားလေ့ရှိပါတယ်။ ရိုက်စ်လဲ ပထမပိုင်းအစလောက်မှာ ဖိအားဝင်နေခဲ့ပြီး အတော်လေးရုန်းကန်ခဲ့ရတာကိုတွေ့ရပါတယ်။ ဦးဆောင်ဂိုးပေးပြီးမှ အာဆင်နယ်တို့ Awarnes ရသွားပြီး ပွဲကိုပြန်လည်စိုးမိုးနိုင်ခဲ့ပါတယ်။ အာတီတာရဲ့ High Line Defensive မန်စီးတီးကို ဆော့ရဲတဲ့ သတ္တိကိုတော့ အတော်လေးချီးကျူးပါတယ်။ ဒီလို သတ္တိဟာ သူရဲ့ ကစားသမားတွေအပေါ် ယုံကြည်မှုကလာပါတယ်။ အတော်လေးလဲအလုပ်ဖြစ်ခဲ့သလို မန်စီးတီးတို့ ဘောလုံးမကိုင်ထားရဲပဲ တိုက်စစ်စဖို့ အတော်လေး ခဲရင်းခဲ့ပါတယ်။ ဘယ်လောက်ထိတောင် ဆိုးခဲ့သလဲဆိုရင် မန်စီးတီး တောင်ပံကစားသမား ဒိုကူခြေထောက်ထဲ ဘောလုံးရတိုင်း ကွင်းအလယ်လောက်မှာ အမြဲဖြစ်နေတာပါ။ ဒိုကူတောင်ပံကို ဆွဲချဲ့လဲ အာဆယ်နယ်ခံစစ်အနေနဲ့ လုံးဝ လိုက်မကပ်ပဲ အလယ်မှာသာ ခံစစ်ကစားကွက်ကို တည်ထားခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာတော့ ဆာကာ၊ ထရောဒ်ဆက်၊ အီဇီတို့ဝင်လာမှ လူမှန်နေရာမှန်ဖြစ်ပြီး မန်စီးတီး ခံစစ်ကြောင်းကို ဒုတိယပိုင်းတစ်ပိုင်းလုံး ရိုက်နိုင်ခဲ့ပါတယ်။ ဆာကာပြန်ပါလာခြင်းဟာ တောင်ပံတိုက်စစ်အတွက် ပြန်စိတ်ချရပြီဖြစ်ပြီးနောက်ပိုင်းပွဲတွေမှာ ပိုအားကိုးနိုင်တော့မှာပါ။ ထောက်ပြစရာရှိတဲ့တစ်ချက်ကတော့ ယိုးကရက်စ်ရဲ့ စွမ်းဆောင်ရည်ပါ။ First Ballအတော်များကို မန်စီတီးခံစစ်နဲ့ ယှဉ်လုတိုင်း ရှုံးတာများပြီး တိုက်စစ်ကစားကွက်က သူ့ကို တည်ပြီး တည်ဆောက်ထားသည့်တိုင် သက်ရောက်မှုမရှိခဲ့ပါဘူ။ အာဆင်နယ်အနေနဲ့ တောင်ပံကိုချည်းအားကိုးနေရတဲ့ ဘဝက မလွတ်မြောက်သေးပါဘူး။ နောက်ဆုံးမိနစ်ခြေပဂိုးကလဲ လူစားဝင်ကစားသမားတွေဖြစ်တဲ့ အီဇီရဲ့ အကွက်မြင်မြင်ဖန်တီးပေးမှုကနေ မာတင်နယ်လီ အလှပဆုံးသွင်းနိုင်ခဲ့တာပါ။ မာတင်နယ်လီ ၂ပွဲဆက် ဂိုးရခဲ့တာကြောင့် ယုံကြည်မှုအတော်လေးမြင့်တက်ခဲ့ပြီး နေဋက်ပိုင်းပွဲတွေ ဒီထက်ပိုပြီး ကစားခွင့်ရသင့်ပါတယ်။

မန်စီးတီး ပွဲတွင်း အာဆင်နယ်ရဲ့ အားနည်းချက်လို့ယူဆထားတဲ့ High Line Defensiveကို အကောင်းဆုံးချိုးဖျက်ဖို 4-4-1-1 ပုံစံအသင့်အနေထား အမြဲပြင်ဆင်ထားခဲ့ပါတယ်။ အာဆင်နယ်ဘောလုံးပျက်တိုင်း Haaland နဲ့ Reijnder က ရှေ့ဆင့်နောက်ဆင့်အမြဲရှိနေတာကို သတိထားပြီးတွေ့နိုင်ပါတယ်။ ဦးဆောင်ဂိုးက ဒီလိုပုံစံနဲ့ဂိုးရသွားသည့်တိုင် အာဆင်နယ်ကစားသမားတွေရဲ့ နည်းစနစ်ပိုင်း စည်းကမ်းရှိမှုကြောင့် အရမ်းတော့ အလုပ်မဖြစ်ခဲ့ပါဘူး။ တစ်ချက်ပေါက် တစ်ချက်ဂိုးသွားတယ်ဆိုတာမျိုးပေါ့။ မန်စီးတီး တိုက်စစ်ဟန့်တားပုံက ရိုးရှင်းပြီး အံထွက်လာသမျှဘောလုံးတိုင်းကို ရိုဒရီက တက်ရှင်းးတာပါ။ နည်းပြ ပပ်အနေနဲ့ ဘောလုံးက်ို စောင့်ရှင်းခိုင်းတာ မလိုချင်ခဲ့ပဲ ရှေ့တက်ရှင်းဖို့ ရိုဒရီကို မှာကြားခဲ့ပုံပါ။ ရိုဒရီတက်ရှင်းလို့ မအောင်မြင်ရင် သူအထိုင်ချထားတဲ့ တောင်ပံနဲ့ ကွင်းလယ်ကြား Half Space တွေ အရမ်းများပြီး အာဆင်နယ်တောင်ပံတိုက်စစ်ကို စတင်ဖို့ အမြဲအခွင့်ရေးပေးခဲ့ရပါတယ်။ ဒီပုံစံကို အာတီတာကောင်းကောင်းသိပြိီး အသုံးချခဲ့ပေမဲ့ မန်စီးတီး ခံစစ်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုကြောင့် လိုချင်တဲ့ဂိုးတွေတော့မရခဲ့ပါဘူး။ မန်စီးတီးက တစ်ပွဲလုံးနီးပါး low block ဆော့သွားခဲ့တာကိုကြည့်ရင် မန်စီးတီးအနေနဲ့ ၁ဂိုးအသာကို ဆက်ထိန်းဖို့ ကြိုးစားခဲ့တယ်ဆိုတာ ကောက်ချက်ချလို့ရပါတယ်။ နောက်ဆုံးမှာတော့ low blockကို ဖြည်ဖို့ long ballကသာ အဖြေဖြစ်ခဲ့တာကို အာဆင်နယ်တို့ လုပ်ပြနိုင်ခဲ့တာကြောင့် မန်စီးတီးအနေနဲ့ အနိုင်၃မှတ်ကို သရေရလဒ်နဲ့ ခွဲပေးလိုက်ရပါတယ်။

အာဆင်နယ်အနေနဲဘ လိုချင်တဲ့ ရလဒ်မဟုတ်ပေမယ့် ရှုံးနေရာကနေ သရေရအောင် ကစားသွားတာတခုနဲ့ ကျေနပ်ရမှာပါ။ မန်စီးတီးလိုအသင်းက တသင်းလုံး စနစ်တကျ ပိတ်ဆို့ကစားသွားတာကို ရအောင်ဂိုးသွင်းသွားတာက တိုးတက်မှုလို့ ပြောရမှာပါပဲ။ မန်စီးတီးဘက်ကလဲ ကစားသမားတွေ နားချိန်နည်းနေသေးတာကြောင့် အကောင်းဆုံးဖြစ်မယ် နည်းစနစ်ကို ပပ်ဂွါဒီယိုလာ ရွေးထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘာပဲဖြစ်ဖြစ် မျှတတဲ့ရလဒ်ပါပဲ။