Innwa-Ads-Banner-1-1170X200

Brentford 2-2 Chelsea (FT)သရေရလဒ် ချဲလ်ဆီးနဲ့ ထိုက်တန်ရဲ့လား?

လန်ဒန်မြို့ရဲ့ ကောင်းကင်အောက်မှာ Brentford နဲ့ Chelsea တို့ဟာ ဂိုးတွေ၊နောက်ဆုံးမိနစ် ဒရာမာတွေ၊ အားပြိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ပွဲစဉ်တစ်ခုကို ဖန်တီးခဲ့ကြပါတယ်။ ၂-၂ ဆိုတဲ့ ရလဒ်နဲ့ ပြီးဆုံးသွားခဲ့တယ်။ Chelsea ရဲ့လိုအပ်ချက်တွေကိုမြင်တွေ့ရခဲ့သလို Brentford ရဲ့ အားသာချကိအချို့ကိုလဲမြင်တွေ့ခဲ့ရတဲ့ပွဲပါ။

Brentford ဟာ သူတို့ရဲ့ ဝိသေသလက္ခဏာအတိုင်း စတင်ခဲ့တယ်။ နည်းပြသစ်Andrews ရဲ့ အသင်းဟာ အမြင့်ဘောတွေကစားတယ်၊ ဘောလုံးလမ်းကြောင်းတွေကို ပြတ်ပြတ်သားသား ဝင်ဖြတ်တယ်၊ Chelsea ရဲ့ အဓိကကစားသမားတွေကို ကျင်းတည်းကျပ်တည်း အနေအထားထိဖိအားပေးခဲ့တယ်။ ဒီနည်းစနစ်ဟာ ဘရန်ဖို့ရဲ့ အဖွင့်ဂိုးရရှိခဲ့တဲ့အဓိကအားသာချက်ဖြစ်ခဲ့ပါတယ်။- လျင်မြန်တဲ့ အပြောင်းအလဲ၊ ထက်မြက်တဲ့ တောင်ပံတိုက်စ်ကစားဟန်နဲ့ ကြမ်းတမ်းတဲ့ ဂိုးသွင်းမှုတစ်ခုပါ။ သူတို့ရဲ့ အိမ်ကွင်းမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ဟာ ဘာကြောင့် သူတို့ကို ဘယ်တော့မှ မပေါ့မဆ ကစားသင့်တဲ့ ပြိုင်ဘက်တစ်ဦးဖြစ်တယ်ဆိုတာကို နောက်တစ်ခါထပ် သတိပေးခဲ့ပါတယ်။ နည်းဗျူဟာဆိုင်ရာ ရှုထောင့်ကကြည့်ရင် Brentford ရဲ့ ချဉ်းကပ်မှုဟာ ရိုးရှင်းပေမယ့် အလွန်ထိရောက်မှုရှိပါတယ်။ သူတို့ဟာ Chelsea ရဲ့ခံစစိလိုင်းကို တောင်ပံကနေထိုးဖောက်ဝင်ရောက်ခဲ့ကြတယ်၊ အထူးသဖြင့် ညာ/ဘယ်နောက်ခံလူတွေနားက နေရာလွတ်တွေကို ပစ်မှတ်ထားခဲ့တယ်။ Enzo Fernández ဆီကို လာတဲ့ဘောလုံးလမ်းကြောင်းတွေကို ဖြတ်တောက်ပစ်ပြီး Chelsea ကစားသမားတွေကို တောင်ပံဘက်ခြမ်းတွေဆီရောက်
အောင် တမင်ပြုလုပ်တယ်။ အဲ့တော့ ချဲလ်ဆီးဟာကစားရတာ နေရာကျဉ်းလာတယ်။ Brentford ဟာ အဲ့အချက်ကို အသုံးချပြီး ဘောလုံးပြန်လည်ရရှိအောင်ဖန်တီးနိုင်ခဲ့ပြီး မြန်ဆန်တဲ့တိုက်စစ်တွေကို စတင်နိုင်ခဲ့တယ်။

Enzo Maresca ရဲ့ အသင်းဟာ သူထည့်သွင်းလာခဲ့တဲ့ နည်းဗျူဟာဆိုင်ရာ Patience ဖြစ်မှုကို ပြသခဲ့တယ်။ ပွဲကို နှေးကွေးသွားအောင် လုပ်ခဲ့တယ်၊ ကစားကွက်ကိုနောက်ခံကနေ တည်ဆောက်ခဲ့တယ်၊ နောက်ဆုံးမှာတော့ သူတို့ရဲ့ တိုက်စစ်ကစားသမားတွေ ညက်ညက်ညောညော ပေါင်းစပ်ကစားခဲ့တဲ့ လှုပ်ရှားမှုလေးတစ်ခုကနေ ခြေပဂိုးကို ရှာနိုင်ခဲ့တယ်။ တစ်ပွဲလုံး ခြေစွမ်းပြခဲ့တဲ့ João Pedro ဟာ အဓိကကျခဲ့တယ်၊ ခံစစ်မျဉ်းကြောင်းတွေကြားကနေ ကွင်းလယ်နဲ့ တိုက်စစ်ကို ချိတ်ဆက်ပေးခဲ့တယ်။

အခွင့်ရေးတွေရဖို့ Patience ဖြစ်ရမယ်ဆိုတဲ့ နည်းစနစ်ကို အခြေခံခဲ့တဲ့ Chelsea ကတော့ ၄–၁-၄-၁ စနစ်နဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ ၃-၂-၅ ပုံစံအဖြစ် ပြောင်းလဲသွားတယ်။ ပထမပိုင်း မှာ အသင်းရဲ့ အဓိကကစားသမားတွေကို အနားပေးခဲ့ပြီး လူငယ်ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပါတယ်။ အတွေ့ကြုံနုနယ်နေတဲ့ ချဲလ်ဆီး ဟာ မထင်မှတ်ဘဲ နောက်ခံလူ တိုဆင်ရဲ့ပေါ့ဆမှုနဲ့ ဂိုးပေးလိုက်ရပါတယ်။ ချဲလ်ဆီး​တို့​ ဂိုး​ရ​ဖို့​ရုန်းကန်​နေရ​ရင်း​ Quick​ Counter​ Attack​ ကနေဂိုးပေးလိုက်ရတာကြောင့် ပိုခက်သွားခဲ့ပါတယ်။ဒီ​ဂိုး​မှာ​ Henderson လှမ်းတင်ပေးလိုက်ချိန်မှာရော Shade ထံရောက်သွားချိန်မှာပါ Tosin​ အနေနဲ့ကာကွယ်ချိန်ရခဲ့ပေမယ့် တွက်ဆမှုအားနည်းသလို နှေးနေတာကြောင့် ဂိုးပေးလိုက်ရတာတွေ့ရပါတယ်။ချဲလ်ဆီး​ရဲ့ခံစစ်ညာခြမ်းဟာ နှစ်နှစ်ဆက်တိုက်လုံခြုံမှုမရှိသေးဘူးဆိုတာသိသာနေပါတယ်။ ဒုတိယပိုင်း မှာ ကိုးလ်ပါမား ဝင်လာတာနဲ့ ပွဲအလှည့်အ​ပြောင်းဖြစ်ခဲ့ပါတယ် ချေပဂိုးရလိုက်ပြီးနောက် ချဲလ်ဆီး ဟာ အနိုင်ဂိုးရဖို့ဆက်တိုက်တင်ကစားခဲ့ပြီး မွိုက်ဆက်ကိုင်စီဒိုရဲ့ ဧရိယာထိပ်အပြင်းကန်ချက်နဲ့ အနိုင်ဂိုးပါရရှိခဲ့ပါတယ်။ ပွဲကို ဖိကစားလာနိုင်တဲ့ ဒုတိယပိုင်းမှာ Cucurella က တိုက်စစ်ကိုကူညီဖို့ အတွင်းဘက်ကို ဝင်ရောက်ခဲ့တယ်။ João Pedro က ချိတ်ဆက်သူအဖြစ် ကစားခဲ့တယ်။ ကွင်းလယ်လမ်းကြောင်းတွေကြားကနေ ဝင်ကစားပြီး Brentford ရဲ့ ကွင်းလယ်တန်းကို ပုံသဏ္ဍာန်ပျက်ယွင်းအောင် ဆွဲဆောင်ခဲ့တယ်။ Chelsea က ဘောလုံးကို ပိုမြန်မြန်ရွေ့လျားလာတဲ့အခါမှာတော့Neto နဲ့ Garnachoတို့က ကစားဟန်ကို ဆန့်ထုတ်ရင်း Brentford ရဲ့ Wings Backaတွေနောက်မှာ နေရာလွတ်ရှာတွေ့ခဲ့တယ်။ အဲ့ဒီကနေ Chelsea တို့ ကောင်းကောင်းကစားနိုင်ခဲ့ပြီး ဂိုးတွေရခဲ့တယ်။ တစ်ပွဲလုံးပြသာနာတက်နေခဲ့တဲ့ အသင်းရဲ့ ညာခြမ်းခံစစ်ဖက်အခြမ်းကနေ ဘဲ အချိန်ပိုမှာ ဘရန့်ဖို့ဒ်အသင်းရဲ့လက်ပစ်ဘော ကို နောက်ခံလူတွေ ပေါ့ဆခဲ့ပြီးမပေးသင့်တဲ့ ဂိုးပေးခဲ့ရကာအဖိုးတန်အနိုင်အနိုင်သုံးမှတ်ဆုံးရှုံးခဲ့ပါတယ်။အသင်းရဲ့တာဝန်ရှိသူတွေအနေနဲ့ အပြောင်းအရွေ့ရာသီမပိတ်ခင် နောက်ခံလူတစ်​ယောက် မခေါ်ယူပေးခဲ့တဲ့အကျိုးဆက်ကို ချဲလ်ဆီး အသင်းအနေနဲ့ခံစားနေခဲ့ရပြီဖြစ်ပါတယ်။ ခံစစ်ကတော့လိုအပ်နေဆဲဖြစ်ပြီး International Breakရဲ့ sequence ကို Chelsea တို့ခံစားလိုက်ရတာပဲဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ သရေပွဲဖြစ်ခဲ့တယ်။ Brentford ဟာ သူတို့ရဲ့ ယှဉ်ပြိုင်မှု၊ သူတို့ရဲ့ စနစ်ကျမှု၊ သူတို့ရဲ့ မရပ်မနားကစားနိုင်တဲ့ စိတ်ဓာတ်ကို ပြသခဲ့တယ်။ Chelsea ကတော့ အမာခံကစားသမားတွေရဲ့ရင့်ကျက်မှုကိုပြသနိုင်ခဲ့တယ်၊ ဖိအားအောက်ရောက်နေချိန်မှာ တုံ့ပြန်နိုင်စွမ်းကို ပြသခဲ့တယ်။ Enzo Maresca အတွက်ကတော့ ဒါဟာ တိုးတက်မှုရဲ့ နောက်လက္ခဏာတစ်ခုပါပဲ – ပြီးပြည့်စုံတဲ့ အနုပညာလက်ရာတော့မဟုတ်သေးပါဘူး။Brentford အတွက်ကတော့ သူတို့ရဲ့အိမ်ကွင်းဟာ ခံတပ်တစ်ခုဖြစ်တယ်၊ Premier League အသင်းတိုင်းကို ဒုက္ခပေးနိုင်တယ်ဆိုတာကို နောက်ထပ် သက်သေပြချက်တစ်ခုပါပဲ။