Innwa-Ads-Banner-1-1170X200

Burnley 0-1 Liverpool (FT)ပွဲပြီးနည်းစနစ်ပိုင်းသုံးသပ်ချက်

လီဗာပူးလ်က Turf Moor မှာ Burnley ကို လွယ်လွယ်ကူကူအနိုင်ရမယ်လို့ မျှော်လင့်ခဲ့ကြတယ်။ စာရွက်ပေါ်မှာကြည့်ရင် နှစ်သင်းအင်အားကွာဟမှုက ထင်ရှားနေတယ်။ ဒီမတိုင်ခင် လိဂ်ကစားပွဲတွေမှာ မရှုံးသေးတဲ့ လီဗာပူးလ်က ယုံကြည်ချက်အပြည့်နဲ့ကစားခဲ့တယ်။ Burnley ကတော့ ခံစစ်ကို အာရုံစိုက်ပြီး ပြင်းထန်တဲ့အရှုံးမျိုးမဖြစ်အောင် ကစားဖို့ စီစဉ်ထားဟန်ရှိတယ်။ ဒါပေမယ့် လက်တွေ့အခြေအနေမှာတော့ ပြောင်းပြန်ဖြစ်ခဲ့ပြီး လီဗာပူးအတွက်တော့သာမန်နိုင်ပွဲတစ်ခုမဟုတ်ခဲ့ဘူး။ ဒီပွဲဟာ Arne Slot ရဲ့သူရဲကောင်းတွေအတွက် သည်းခံမှု၊ စိတ်ဓာတ်နဲ့ နည်းဗျူဟာပိုင်းဆိုင်ရာ ပြဿနာဖြေရှင်းနိုင်မှုဆိုတဲ့ ကြမ်းတမ်းတဲ့ စမ်းသပ်မှုတစ်ခုဖြစ်လာတယ်။

ပွဲစကနဦးကတည်းက ပွဲရဲ့ပုံစံက ရှင်းတယ်။ လီဗာပူးလ်က ပိုင်ဆိုင်မှုကို လွှမ်းမိုးထားပြီး ဘောလုံးကို နောက်တန်းနဲ့ အလယ်တန်းတစ်လျှောက် လှည့်ပတ်ကစားကာ ထိုးဖောက်ဖို့ အခွင့်အရေးရှာခဲဘတယ်။ Burnley ကတော့ deep blockထိဆင်းပြီး ခုခံခဲ့တယ်။ မကြာခဏဆိုသလို ကစားသမား ၉ ယောက်၊ ၁၀ ယောက်နဲ့ ကာကွယ်ကစားပြတယ်။ သူတို့ရဲ့နည်းဗျူဟာက ရိုးရှင်းပေမယ့် ထိရောက်တယ်။ လီဗာပူးလ်ကို စိတ်ပျက်အောင်လုပ်ဖို့၊ တိုက်စစ်တွေဆီ သွားမယ့်လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့နဲ့ သူတို့ကိုယ်ပိုင်အခွင့်အလမ်းတွေ ဖန်တီးဖို့ မြန်နှုန်းမြင့် ချိုးဖောက်ဖို့ပါပဲ။ ဒီအချက်က လီဗာပူးလ်ကို မိနစ်၉၀လုံး ဘောလုံးပိုင်ဆိုင်ခွင့်ရစေခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေအတွက်အတော်လေး ကစားရခက်ခဲစေခဲ့ပါတယ်။

ပထမပိုင်းမှာ အဓိကဆွေးနွေးစရာတစ်ခုက Milos Kerkez ရဲ့အခြေအနေပါ။ ဒီကစားသမားဟာ ခက်ခဲတဲ့ညတစ်ညကို ကြုံတွေ့ခဲ့ရတယ်။ အဝါကဒ်တစ်ကြိမ်နဲ့ ဘယ်တောင်ပံကနေ လာတဲ့ Burnley ရဲ့တိုက်စစ်ကို ထိန်းချုပ်ဖို့ ရုန်းကန်ခဲ့ရတယ်။ Arne Slot က ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချပြီး Andy Robertson နဲ့ လူစားလဲခဲ့ရပါတယ်။။ ဒီဆုံးဖြတ်ချက်က အနည်းငယ်ရှက်စရာကောင်းပေမယ့် Slot ရဲ့ပြတ်သားမှုကို မီးမောင်းထိုးပြနေတယ်။ ဒီလိုခက်ခဲတဲ့ပွဲမှာ အနီကတ်နဲ့ထွက်ရမယ့် အန္တရာယ်ကို သူယူမှာမဟုတ်ပါဘူး။ Robertson ဝင်လာတာက လီဗာပူးလ်ရဲ့ ဘယ်ဘက်ခြမ်းကို တည်ငြိမ်သွားစေပေမယ့် ပိုကြီးတဲ့ပြဿနာက ရှိနေဆဲပါ။ လီဗာပူးလ်က Burnley ရဲ့ခံစစ်ခုခံမှုကို မထိုးဖောက်နိုင်ခဲ့ပါဘူး။

Burnley အတွက်ကတော့ ခံစစ်ကစားပုံအတော်လေး ချီးကျူးစရာကောင်းတယ်။ သူတို့ရဲ့ ကွင်းလယ်ခံစစ် ကစားသမားတွေရဲဘတားဆီးမှုတွေက ပထမပိုင်းအချိန်အများစုမှာ Eiketike နဲ့ Mohamed Salah ဆီ ဘောလုံးလုံးဝမရောက်ခဲ့ပါဘူး။ လီဗာပူးလ်က ချက်ကောင်းရှာတွေ့တဲ့အခါတိုင်း Burnley ရဲ့ခံစစ်က အမြဲဟန့်တားနိုင်ခဲ့ပါတယ်။ လီဗာပူးလ် အတွက် ပထမပိုင်း ကစားဟန်က စိတ်ပျက်စရာကောင်းတဲ့အခြေအနေပါပဲ။ ဘောလုံးပိုင်ဆိုင်မှုများနေပေမယ့် အခွင့်ရေးလုံးဝမရခဲ့ပါဘူး။

ဒုတိယပိုင်းမှာတော့ ပွဲက နည်းနည်းပိုပွင့်လာတယ်။ လီဗာပူးလ်က ခံစစ်တန်းကို ပိုမြင့်လိုက်ပြီး တိုက်စစ်အသားပေးပိုဆော့လာတယ်။ Slot က တိုက်စစ်ကိုတင်ဖို့ Szoboကို ကွင်းလယ်ပြန်တင်တယ်၊ Bradely လူစားဝင်လာပြီး တိုက်စစ်ပိုင်းအတော်လေး အားကောင်လာပေမယ့် Burnley ဂိုးသမား အပိုင်ခွင့်ရေးတစ်ချိုကို့ ဟန့်တားနိုင်ခဲ့လို့ လီဗာပူးလိတို့ ဂိုးမရခဲ့ပါဘူး။ ပွဲ့ရဲ့ အလှည့်ပြောင်းဖြစ်တဲ့ ၈၄ မိနစ်လောက်မှာ Burnley ရဲ့ ကစားသမား Lesley Ugochukwu က ဒုတိယအဝါကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတယ်။ ဒီအနီကတ်က ချိန်ခွင်လျှာကို သိသိသာသာ ပြောင်းလဲသွားစေတပြီး ကစားသမား ၁၀ ယောက်နဲ့ပဲ ကစားရတဲ့ Burnley ရဲ့ ခံစစ်မျဉ်းတွေချဲထုတ်လိုက်ရပါတယ်။ Burnely ကစားသမား Hannibal Mejbri က ဖိအားအောက်မှာ ဘောလုံးကို လက်နဲ့ကာမိတယ်။ ပင်နယ်တီ Boxထဲမှာမို့ ဒီအမှားဟာ အတော်လေး Burnley အတွက် စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။။ Mohamed Salah အကောင်းဆုံး ပိတ်သွင်းနိုင်ခဲ့ပြီး လီဗာပူးတို့ အဖိုးတန် ၃မှတ် ရရှိခဲ့ပါတယ်။

နည်းဗျူဟာပိုင်းဆိုင်ရာအရ ဒီပွဲက နှစ်သင်းစလုံးအတွက် အများကြီးဖော်ပြနေတယ်။ Burnley အတွက်ကတော့ သူတို့ရဲ့ခံစစ်စည်းကမ်းက Premier League ရဲ့ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာ သက်သေပြနေတယ်။
လီဗာပူးလ်အတွက်ကတော့ ဇာတ်လမ်းက ကွဲပြားတယ်။ ဒါက နှစ်သက်စရာအဖြစ်အပျက်မဟုတ်ဘူး။ ပွဲချိန်အများစုမှာ ထင်ရှားမှုမရှိဘဲနဲ့ ဗဟိုနေရာတွေမှာ ဖန်တီးမှုအားနည်းနေခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှုတစ်ခုတည်းနဲ့ မလုံလောက်ဘူးဆိုတာ ဒီပွဲကသက်သေပါပဲ။ ကောင်းတဲ့ဘက်က ပြန်ကြည့်ရင် Slot ရဲ့ပွဲစီမံခန့်ခွဲမှုက ချီးကျူးထိုက်တယ်။ ကစားသမားတွေ အတော်လေးစိတ်ရှည်ပြီး အပိုင်ခွင့်ရေးကို အသုံးချနိုင်ခဲ့တယ်။ Burnley အတွက်ကတော့ သူတို့ရဲ့ခံစစ်စည်းကမ်းဆိုတာ ဖိအားအောက်မှာ ကျိုးပဲ့လွယ်တယ်ဆိုတာ သင်ခန်းစာပေးလိုက်တာပါ။ လီဗာပူးချန်ပီယံခြေစွမ်းမရှ်ိပေမဲ့ ချန်ပီယံလာဘ် ရှိနေတယ်ဆိုတာ လက်ခံရမှာပါပဲ။ဘန်လေအတွက်တော့ ၂ပွဲဆက်ပွဲပြီးခါနီးမှ ပင်နယ်တီပေးပြီး အမှတ်တွေဆုံးရှုံးနေရတာမို့ စိတ်မကောင်းစရာပါပဲ