Super Sunday ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ Manchester United နဲ့ Fulham တို့ ပွဲစဉ်ကတော့ 1-1နဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ Manchester United အသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲကစားအပြီးမှာ ၁ မှတ်သာ ရရှိထားသလို ဂိုးသွင်းယူနိုင်တဲ့ကစားသမားလည်း မရှိခဲ့သေးပါဘူး ။ ဒီနေ့ပွဲမှာလည်း ကစားပုံမကောင်းခဲ့ဘဲ Fulhamကစားသမားရဲ့ own goal ကြောင့်သာ ဂိုးရရှိခဲ့တာပါ ။ ဒါပေမယ့် Fulham ဘက်က လူစားဝင်လာတဲ့ Arsenal ကစားသမားဟောင်း Smith rowe က ချေပဂိုးပြန်လည် သွင်းယူသွားခဲ့ပါတယ်။
ပွဲအစမှာ Manchester United က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဦဆောင်ထားနိုင်ပြီး Fulhamကို ဖိအားပေးကစားနိုင်ခဲ့ပါတယ်။ Cunha အတွက် ဂိုးရဖို့အခွင့်ရေး ၂ကြိမ်ထိ ပွဲစစချင်းမိနစ်တွေမှာ ရခဲ့ပေမဲ့ ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းမရှိခဲ့ပါဘူး။ Manchester United ဘက်ကဖိအားများစွာနဲ့ စတင်ခဲ့သည့်တိုင် Fulham အသင်းဟာ အခက်အခဲမရှိအောင် ကာကွယ်ပြီး ကစားနိုင်ခဲ့ပါတယ်။ပထမပိိုင်းမှာ United အသင်းအတွက် အဓိက အခွင့်အရေး ဖြစ် တဲ့ ပင်နယ်တီကို Bruno Fernandes ကန်သွင်းခဲ့ရမှာ အံဩသင့်စရာ ဂိုးဘားတန်းပေါ် ထောင်ကန်ခဲ့ပါတယ်။ Bruno အနေနဲ့ ဖိအားအလွန်များနေပြီး ပုံမှန်ခြေစွမ်းအောက်ကို ပွဲစထဲကရောက်နေတာပါ။ ပင်နယ်တီကန်သွင်းရမှာလဲ ကန်သွင်းဖို့အရှိန်ယူရင်းဒိုင်လူကြီးနဲ့ထိခဲ့တာကြောင့် momentum ကိုချက်ချင်းရုတ်သိမ်းပြီး အစက ပြန်ကန်ဖို့ ဆုံးဖြတ်လိုက်တာဟာ မှားယွင်းတယ်လို့မြင်မိပါတယ်။ Bruno တစ်ယောက် Momentum ဖျက်လိုက်တာကြောင့် Fulham ဂိုးသမား Lenoတစ်ယောက်ရှေ့ထွက်လာပြီး Brunoကို Mind Game ဆော့ခွင့်ရခဲ့တယ်။ ဒါကြောင့် အာရုံထွေပြားပြီး Penalty လွဲချော်ခဲ့ပါတယ်။ အဲ့တစ်ချက်ကြောင့်မဟုတ်ရင် Brunoလို ပင်နယ်တီအရမ်းစိတ်ချရတဲ့သူက ကြည့်ရတာ စိတ်မပါလက်မပါလိုမျိုးဖြစ်နေတာ မေးခွန်းထုတ်စရာပါ။တစ်ချိန်တည်းမှာ Amad နဲ့ Mbemo တို့လည်း ရုန်းကန်ခဲ့ရပြီး Fulham အနေနဲ့ အေးအေးဆေးဆေးထိန်းကစားနိုင်ခဲ့ပါတယ်။Fulham အသင်းက ပွဲကစားချိန်ကြာလာတာနဲ့အမျှယုံကြည်မှုရလာပြီးကွင်းလယ် ကို ထိန်းချုပ်နိုင်ခဲ့တယ်။ Iwobi နဲ့ Sessegnon တို့က United ကွင်းလယ်ကို စိုးမိုးထားနိုင်ပြီး United အသင်းရဲ့ transition တွေကို နှေးကွေးစေခဲ့ပါတယ်။ ဘယ်ညာနောက်ခံလူတွေဖြစ်တဲ့ Amad နဲ့ Dorgu က တိုက်စစ်ကစားဖို့ကို ဝန်လေးနေခဲ့ပြီး ခံစစ်ကိုသာ အာရုံစိုက်ခဲ့ကြတာမို့ ကန်တင်ပြေးအကွက်ကိုသာအားထားခဲ့ရတာပါ။ဂိုးသမားAltay Bayindir ရဲ့ ကန်တင်ပေးမှုတွေ့တကယ်ကောင်းခဲ့တာတွေ့ရပြီးပထမပိုင်း ဂိုးမရှိသရေနဲ့ပြိီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်အနေနဲ့ ကစားသမားအချို့လဲပြီး ကစားပုံပြောင်းခဲ့တယ်။ ခြေကျနေတဲ့ Casemiro နဲ့ Amadကို ထုတ်ပြီး တိုက်စစ်မှူး Sesko နဲ့ ညာနောက်ခံလူ Dalotကို ထည့်ပြီး တိုက်စစ်မြှင့်တင်ခဲ့တာပါ။ Dalot ဝင်လာမှ ညာခြမ်းတိုက်စစ် အသက်ဝင်လာပြီး ဂိုးရဖို့အခွင့်ရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ Mebumo ကန်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကတစ်ဆင့် Yoro ခေါင်းတိုက်ရာမှာ Fulham ကစားမား Munizနဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်သွားပြီး Unitedတို့ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ United အတွက် ပရီးမီးယာလိဂ် ပွဲစဉ် ၂ထိ Open Playကနေ ဂိုးမရသေးပါဘူး။ ဒီဂိုးဟာလဲ Own goalဖြစ်တဲ့အပြင်ထောင့်ကန်ဘောက ရခဲ့တာကြောင့် United တို့ တိုက်စစ်အင်အားဘယ်လောက် အားနည်းနေလဲဆိုတာ အတော်လေသိသာခဲ့ပါတယ်။ ပွဲကို ပြန်ချဉ်းကပ်ရရင် United အနေနဲ့ ဦးဆောင်ဂိုးရပြီးထဲက နိုင်ပြီဆိုတဲ့စိတ်နဲ့ ကစားအားကိုချခဲ့တာ တကယ်အမှားကြီးပါ။ Fulham ဘက်က တိုက်စစ်စဆင်လာတဲ့ချိန်မှာ ခံစစ်ကအတော်လေး အမှားများခဲ့ပြီး ဒါဟာ လုံးဝမဖြစ်သင့်ပါဘူး။ ကစားအားလဲမချသင့်သလို ပွဲကိုဖိဖိစီးစီး ကစားရမှာပါ။ Fulham ဘက်ကချေပဂိုးကို Smith Rowe ကသွင်းယူခဲ့ပြီး Manchester United ကစားသမားတွေရဲ့ လူကပ်ပုံအားနည်းပုံက သင်ခန်းစာပေးသွားတာပါ။ Fulham ဘက်က Iwobi ကို လုံးဝမထိန်းနိုင်တဲ့အပြင် Iwobi ပေးသမျှဘောလုံးတိုင်းကိုလဲ United ကစားသမားတွေ မဖျက်ထုတ်နိုင်ခဲ့ပါဘူး။ ခြေပဂိုးပြန်ပေးလိုက်ရတဲ့နောက်မှာလဲ Unitedတို့ ဘာမှထူးထူးခြားခြားမလုပ်နိုင်ပဲ သရေတစ်မှတ်ခွဲပေးလိုက်ရပါတယ်။ United ကစားကွက် အားနည်းချက်ပြောရမလား၊ ကစားသမားတွေရဲ့ အားနည်းချက်ပြောရမလားမသိပေမဲ့ United အနေနဲ့ သူတို့ကို ဖိအားမပေးပဲ ဘောလုံးပေးကိုင်ထားရင် ဘာမှမလုပ်နိုင်ပါ။ ပွဲတစ်ပွဲလုံးကို ခြုံငုံကြည့်ရရင် အစစအရာရာ အောက်သင်းဖြစ်တဲ့ Fulhamက အနိုင်ရခဲ့တာပါ။ United အနေနဲ့ ပွဲကို Kill the game မလုပ်နိုင်သေးသရွေ့ဒီလိုအဖြစ်မျိုးနဲ့ ကြုံရဦးမှာဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ပျင်းရိလေးလံမှု၊ အဆုံးသတ်မသေချာမှု၊ စိတ်အားထက်သန်မှု မရှိခြင်းတို့က တိုးတက်လာခြင်းမရှိပဲ အရင် ဒုံရင်းက ဒုရင်းပါပဲ။ နည်းပြ Amorim လဲ တော်တော်လေးစိတ်ပျက်နေတာတွေ့ရပြီး Manchester United ကိုဘယ်သူမှ မကယ်နိုင်တော့ဘူးထင်ပါရဲ့။ တကယ်တမ်းက ဒီနေ့လိုပွဲမျိုးက နိုင်ကိုနိုင်ထားရမှာပါ။ ဦးဆောင်ဂိုးလဲအရင်ရထားရဲ့သားနဲ့ နှမြောဖို့ကောင်းပါတယ်။ Manchester United ပရိသတ်တွေအနေနဲ့တော့တစ်ပတ်တပွဲပဲကန်ရတော့မို့ တစ်ပတ်တစ်ခါထပ်ပိုပြီး စိတ်ညစ်စရာမလိုတော့ပါဘူး။