လီဗာပူးအသင်းဟာ မြို့ခံပြိုင်ဘက် အဲဗာတန်ကို အနိုင်ယူပြီး ရာသီအဖွင့် အမှတ်ပေးပွဲစဉ် ၅ ပွဲကစား
၅ ပွဲနိုင်ဆိုတဲ့ ရာနှုန်းပြည့်ရလဒ်ကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ လီဗာပူးအနေနဲ့ ဒီပွဲမှာ နိုင်ရင်ရပြီ ဘယ်လိုနိုင်နိုင်ဆိုတဲ့ ပုံစံနဲ့ကန်သွားတာ အရမ်းသိသာပါတယ်။ ဒုတိယပိုင်းအရမ်းသိသာပါတယ်။ပထမပိုင်းအတော်လေးကောင်းတဲ့ခြေစွမ်းကို ပြသနိုင်ခဲ့တာကြောင့် ၂ ဂိုးရပြီးထဲက ဂိုးမပေးရရေးပုံစံနဲ့ ကန်သွားတာပါ။ အရင်ဒါဘီပွဲတွေလောက် ပြိုင်ဆိုင်မှု မပြင်းထန်တော့ပဲ နှစ်သင်းလုံးက ရလဒ်ပေါ်မှာသာ အာရုံစိုက်ကစားခဲ့ကြပါတယ်။. ပွဲချိန် မိနစ်၆၀လောက်ထိ လီဗာပူးက ပွဲစဉ်ရဲ့ အခိုက်အတန့် အတော်များများမှာ ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာတော့ အဲဗာတန်ဘက်ကလည်း ခြိမ်းခြောက်မှုတွေ လုပ်ပြခဲ့နိုင်ပါတယ်။
လီဗာပူးအသင်းရဲ့ ပထမပိုင်း ကစားပုံနဲ့ ကစားအား အတော်လေးကောင်းသလို အဲဗာတန်က ခံစစ်ကြီး ပိတ်ကစားနေတာ မဟုတ်လို့လည်း ပွဲက ကြည့်ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်ခြေစွမ်းက တော့ အဲဗာတန်က တိုက်စစ်တင်ခဲ့တာကြောင့် လီဗာပူးတို့ အနည်းငယ် ယိမ်သွားခဲ့ပြီး ရုန်းကန်ခဲ့ရတာပါ။ ဂရာဗင်ဘက်ချ် တော်တော်လေး ခြေပေါ်ပြီး ဆာလာ၊ အက်ကီတီကေတို့ တိုက်စစ်မှာ ခြေစွမ်းကောင်းတွေမြင်တွေ့ခဲ့ရပါတယ်။ဘရတ်ဒလေက ဒီရာသီ ခြေစွမ်းပြနေတဲ့ ဂရီလစ်ကို ထိန်းချုပ်ဖို့ ခက်ခဲခဲ့ ပြီး ကာကက်ဇ် အရင်ပွဲတွေထက်စာရင် ခြေစွမ်း တက်လာတယ် ပြောရမှာပါ။ စလော့ရဲ့ နည်းစနစ်သစ်နဲ့ အသားကျဖို့ ခက်ခဲနေသေးတဲ့ ဗက်စ်ကို အရန်ခုံထားခဲ့တဲ့ စလော့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်ပါတယ်။ ဗက်စ်အနေနဲ့ လူစားလဲ ဝင်လာချိန်မှာလဲ ခြေစွမ်းက ပုံမှန်ထက်မပိုခဲ့ပါဘူး။ ဂရာဗင်ဘက်ချ် တစ်ယောက်ကတော့ ပရိသတ်တွေကြားရေပန်းအစားဆုံးကစားသမားဖြစ်နေပါပြီ။ နယ်သာလန် ကစားသမားဖြစ်သည့်တိုင် စပိန်ကစားဟန်အပြည့်ဖြစ်နေတဲ့အပြင် တစ်ခေတ်တစ်ခါက ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးတဲ့ ဆာဂျီယို ဘစ်စကွက်ကစားဟန်ကို တစ်ဆင့်မြင့်ထားတဲ့ ပုံစံကိုမြင်တွေ့နေရပါပြီး။ တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးနိုင်ခဲ့သလို ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုပါရရှိခဲ့ပါတယ်။
နည်းဗျူဟာပိုင်း ချဉ်းကပ်ရရင် 4-2-3-1 Formation ကို ပွဲထုတ်ခဲ့တာဖြစ်ပြီး ပွဲထဲမှာတော့ ကွင်းလယ်တန်းက အဓိကထား switch play ကို ကစားခဲ့တာပါ။ ဆိုဘိုအနေနဲ့ ကွင်းလယ်တိုက်စစ်နေရာမှာ ကစားခဲ့ပေမဲ့ တစ်ခါတစ်လေ ဘယ်ခြမ်းထွက်ပြီး မာကာနဲ့ ဂတ်ပိုကြား ဝင်ရောက်ကစားပေးခဲ့ပါတယ်။ ဆိုဘိုဝင်လာရင် မာကာက တစ်ထစ်ဆင်းပြီး ခံစစ်ဦးစားပေးနေရာကို ဆင်းယူပါတယ်။ ဂရာဗင်ဘက်ချ်က တိုက်စစ်လိုက်ပြီဆိုရင် မာကာက ဂရာဗင်ဘက်ချ်နေရာဝင်ကစားပါတယ်။ အီကေတီကေသွင်းလိုက်တဲ့ ဂိုးက အဲ့နည်းစနစ်က ရလာတာပါ။ ပုံမှန်မြင်တွေ့နေကြက မာကာ ချပေးတဲ့ ဘောလုံးကို အီကေတီကေး ပိတ်သွင်းသွားနေကြပါ။ ဘုန်းမောက်နဲ့ပွဲမှာမြင်နိုင်ပါတယ်။ ဒီပွဲမှာတော့ switch play အရင်ဖြစ်ပြီးမှ လေ့ကျင့်ထားတဲ့အတိုင်း မာကာ-ဂရာဗင်ဘက်ချ်၊ အီကေတီကေး open playကို ကွက်တိမြင်ခဲ့ရပါတယ်။ လိုအပ်တာထက်ပိုပြီး လီဗာပူးတို့ မကစားခဲ့သလို Control Play၊ System Playကိုသာ ဦးတည်ကစားခဲ့ပါတယ်။ တစ်ခါတစ်လေ အနိုင်ရလဒ်ဆိုတာ ယူတတ်မှရတယ်ဆိုတာ လီဗာပူးက သက်သေပါပဲ။
ဘာပဲဖြစ်ဖြစ် ၅ပွဲကစား၊ ၅ပွဲနိုင် ဆိုတဲ့ Formက ကြောက်စရာအနေထားဖြစ်ပြီး ကွင်းတွင်းခြေစွမ်းကတော့ ပရိသတ်တွေအဖို့တော့ ကြိုက်ချင်မှကြိုက်ကြမှာပါ။ တစ်ခု သတိထားးမှာက လီဗာပူးပရိသတ်တွေအနေနဲ့ ကစားပုံအရမ်းကောင်းပြီးဖျော်ဖြေမှုတွေပေးနိုင်တဲ့ Klopp ခေတ်ကို ကျော်လွန်ခဲ့ပြီဆိုတာပါ။ ခုလက်ရှ်ိရောက်နေတဲ့ စလော့ခေတ်ဆိုတာ Control x Data အပေါ်အခြေခံပြီး ပွဲစဉ်တွေကို ဘယ်လိုအနိုင်ယူမလဲဆိုတဲ့ ခေတ်ပါ။ ခုလီဗာပူးပြသနေတဲ့ခြေစွမ်းက စလော့ကိုယ်တိုင် လိုချင်နေတဲ့ ပုံစံလားဆိုတာ သူကိုယ်တိုင်ပဲသိပါလိမ့်မယ်။