Innwa-Ads-Banner-1-1170X200

Man City 0-2 Spurs (FT) Review

တော့တင်ဟမ်ရဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတစ်ရပ် အဖြစ် မှတ်တမ်းတင်ခံရမယ့် ပွဲစဉ်လိုအရင်ဆုံးပြောချင်ပါတယ်။ ဒီလိုပွဲမှာ Thomas Frank ဦးဆောင်တဲ့ Spurs က အီတိဟတ်ကွင်းမှာ Manchester City ကို ၂-၀ နဲ့ အံ့သြဖွယ် အနိုင်ရယူခဲ့ပါတယ်။ ဒီအောင်မြင်မှုမှာ နည်းဗျူဟာပိုင်း စည်းကမ်း၊ ခက်ထန်ပြတ်သားတဲ့ ထိုးစစ်နဲ့ ခိုင်မာတဲ့ ခံစစ်စွမ်းဆောင်ရည်တို့ ပေါင်းစပ်ပါဝင်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်မျိုး က မန်နေဂျာသစ်Thomas Frankအပေါ် သံသယတွေကို ကင်းစေရုံသာမက ဒီရာသီ Premier League မှာ သူတို့ဟာ မေ့ထားလို့မရတဲ့ပြိုင်ဘက်တစ်ဦး အဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။

ပွဲအစမှာ City က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူပြီးပြီး ပုံမှန်အတိုင်း တိုက်စစ်ဆင်ခဲ့ပါတယ်။ပွဲစထဲက တော့တင်ဟမ်ရဲ့ တည်ဆောက်ပုံဟာ City ကို အာရုံနောက်စေစေဖို့ ရည်ရွယ်ထားတာ ရှင်းနေခဲ့ပါတယ်။ Palhinha က အလယ်တန်းဗဟိုနေရာကို အံ့သြဖွယ် ထိန်းချုပ်နိုင်ခဲ့ပြီး Sarr က ထိရောက်တဲ့ ဖိအားပေးမှုအတွက် ကွင်းလယ်နေရာအလွတ်တွေကို ဝင်ရောက်ကစားပြသွားတာပါ။ Brennan Johnson နဲ့ kuadus တို့လို တောင်ပံတိုက်စစ်ကစားသမားတွေက City ရဲ့နောက်တန်းကိုဖယိုဖယဲဖြိုအောင် လုပ်နိုင်ခဲ့ပါတယ်။ စပါးရဲ့ နည်းစနစ်က ပထမပိုင်းအလယ်လောက်မှာစတင်အသက်ဝင်ခဲ့တယ်။။။ Johnson က City က High- Line Defenseရဲ့နောက်က မြန်နှုန်းမြင့် ထိုးဖောက်ဝင်ရောက်ပြီး ဂိုးသွင်းယူခဲ့တာပါ။ ဒီဂိုးက ဖိအားကို ခံနိုင်ရည်ရှိပြီး အမှားတွေကို အပြစ်ပေးတတ်တဲ့ Spurs ရဲ့ နည်းဗျူဟာကို ပြည့်ပြည့်ဝဝ သရုပ်ဖော်နိုင်ခဲ့ပါတယ်။

City က ချက်ချင်းပြန်တုံ့ပြန်ဖို့ ကြိုးစားခဲ့ပြီး Haaland က ကွင်းထဲမှာ အတော်လေးတိုင်ပတ်နေတာပါ။ Ederson အစား ပွဲထွက်ခွင့်ရခဲ့တဲ့ဂိုးသမား James Trafford က Spurs ရဲ့ ဖိအားပေးမှုအောက်မှာ ဘောလုံးရှင်းထုတ်ရမှာကို မဝံ့မရဲဖြစ်ခဲ့ရပါတယ်။ Palhinhaရဲ့ဂိုးက တော့တင်ဟမ်ရဲ့ ဦးဆောင်နိုင်မှုကို နှစ်ဆတိုးစေခဲ့ပါတယ်။ ဒီအချိန်မှာ City ကို စိတ်ဓာတ်လုံးဝကျသွားပြီး ပွဲတစ်ပွဲလုံး Spurs လက်ထဲ လုံးဝထည့်လိုက်ရပါတယ်။

ဒီအချိန်ကစပြီး Spurs ရဲ့ ခံစစ်ကစားဟန်က ပိုတင်းကျပ်လာခဲ့ပါတယ်။ Cristian Romero နဲ့ Micky van de Ven တို့က ဗဟိုနောက်ခံလူပြီပြီး ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ကစားခဲ့ပါတယ်။Bentancur နဲ့ Palhinha တို့က ကွင်းလယ်နေရာတွေကို အထိရောက်ဆုံး ပိတ်ဆို့ထားနိုင်တာမို့ City က အဝေးကန်ချက်ကိုသာ အားကိုးလာရပါတယ်။

ဒုတိယပိုင်းဟာ Spurs အတွက် ပွဲကိုထိန်းချုပ်နိုင်စံမ်း သင်ခန်းစာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပွဲရဲ့ tempo ကိုချပြီ ဘောလုံးIQ နဲ့ အေးဆေးဆေးပွဲထိန်းကစားသွားတာပါ။ စည်းချက်မပျက်ဖို့ကို အဓိက Focusထားခဲ့ပါတယ်။ Spurs အသင်းရဲ့ energy နဲ့ သက်လုံက တစ်ပွဲလုံးမကျဆင်းခဲ့ပါဘူး။ ခံစစ်ရှင်းထုတ်မှုတိုင်း ၊ တိုက်စစ်ဆင်တိုင်း teamwork အတော်လေးအားကောင်းတာတွေ့ရပါတယ်။ နောက်ဆုံး ၁၅မိနစ်မှာ Etihad က ပရိသတ်တွေက မန်စီးတီးအသင်းတွက်အသေလဲ အားပေးခဲ့ကြပေမယ့် စပါးအတွက်အရာအားလုံးဟာ ခန့်မှန်းရလွယ်ကူခဲ့ပါတယ်။ City တို့ သူတို့ရဲ့ ဂိုးသမား ရွေးချယ်မှု၊ ထိုးဖောက်နိုင်စွမ်းမရှိတဲ့ ကွင်းလယ်ကြောင့် အိမ်ကွင်းမှာ ရှုံးခဲ့ရတာဖြစ်ပါတယ်။

တော့တင်ဟမ် ပရိသတ်တွေကတော့ မျှော်လင့်ချက်သစ်တွေ စတင်လို့ရပါပြီ။ ဒီပွဲက ရင့်ကျက်ပြီး စနစ်ကျကာ အကောင်းဆုံးတွေနဲ့ ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်တဲ့ Spurs အသင်း တစ်သင်း ပေါ်ထွန်းလာခြင်းရဲ့ အစပါပဲ။Thomas Frank ဟာ တော့တင်ဟမ်မှာ ခေတ်သစ်တစ်ခုရဲ့ အစပိုင်းကို ရေးသားခဲ့ပါပြီ။ Premier League ခေတ်ရဲ့ အင်အားအကြီးဆုံး အသင်းကို ယှဉ်ပြိုင်ရာမှာ ဒီလိုနိုင်လာဖို့ဆိုတာမလွယ်ပါဘူး။ စီးတီးအဖို့လဲ ဒီလို နည်းစနစ်ပိုင်းအားကောင်းတဲ့ အသင်းနဲ့တွေရင် ဘယ်လိုတုန့်ပြန်ရမလဲဆိုတာ စဉ်းစားနေလောက်ပါပြီ။ စီးတီးမကောင်းခဲ့တာမဟုတ်ပဲ နည်းစနစ်ပိုင်း ကျရှုံးခဲ့တာပါ။ ပပ်ရဲ့ ခေတ်ကုန်ပြီလားဆိုတာ နောက်ပွဲတွေဆက်လက်စောင့်ကြည့်ရမယ်ဆိုတာ ပြောကြားရင်းး..