Innwa-Ads-Banner-1-1170X200

Man utd 2-1 Chelsea (FT)Emotional Game ကစားခဲ့ကြသူများ

စနေနေ့ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့တဲ့ Man U နဲ့ Chelsea ပွဲဟာ အကြိတ်နယ်ရှိခဲ့ပြီး ပွဲကောင်းတစ်ပွဲလဲဖြစ်ခဲ့ပါတယ်။ နှစ်သင်းလုံးဖိအားကိုယ်စီနဲ့ ယှဉ်ပြိုင်ခဲ့ကြပြီး System Play ထက် Emotional Playကို ဦးတည်ခဲ့ကြတာပါ။ ထောက်ပြစရာ၊ အံဩသင့်စရာကောင်းလောက်တဲ့ နည်းစနစ်ပိုင်းမရှိပေမဲ့ တစ်ပွဲလုံးဖြစ်ပျက်ခဲ့တဲ့ အခိုက်တန့်တွေကတော့ ပြောစရာရှိနေတာလဲဖြစ်ပါတယ်။ ဒီ videoဟာ review ဆိုတာထက် ဘောလုံးပွဲပရိသတ်တစ်ယောက်ရဲ့ ခံစားချက်အတိုင်းပဲ သုံးသပ်မှာဖြစ်ပါတယ်။

ချဲလ်ဆီ ရှုံးနိမ့်ခဲ့မှုကို နည်းပြမာရက်စကာအပေါ် ပုံချလို့ရမလားဆိုတဲ့မေးခွန်းအပေါ် အရင်သုံးသပ်ချင်ပါတယ်။ အတော်များဝေဖန်နေကြတဲ့ အနီကဒ်ပေးလိုက်ရပြီး အသင်းရဲ့တောင်ပံတိုက်စစ်တစ်စုံလုံးကို ဖြုတ်ပလိုက်တဲ့ ကိစ္စပါ။ ကြားနေပရိသတ်အနေတစ်ယောက်နဲ့ဆိုရင်တော့ ဒါဟာ အပြစ်သွားတင်လို့ လုံးဝမရပါဘူး။ Commons Senseလို့ခေါ်တဲ့ အလိုလျောက် တုန်ပြန်ချက်ကို မာရက်စကာမရှိဘူးဆိုပြီး အပြစ်တင်ချင်တင်လိုရပေမဲ့ ခင်ဗျားသာဆိုရင် နိုင်ပွဲ၂ပွဲဆက်ပျောက်နေမယ်၊ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ်ရှုံးထားတယ်၊ ဘရန့်ဖို့ဒ်ကို သရေကျထားတယ်၊ ဒီလိုအခြေနေမျိုးမှာ ဖိအားက မတရားဝင်နေမှာပါ။ ခုလိုပွဲကြီးမှာ အသင်းက အမှားအကြီးတစ်ခု လုပ်လိုက်ချိန် သူအနေနဲ့ နိုင်ဖို့ဆိုတာထက် သရေကျဖို့ကို ရွေးချယ်လိုက်တာ ပိုပြီး ယုတ္တိရှိပါတယ်။ အချက်လက်နဲ့ အလုပ်လုပ်နေကြတဲ့ခေတ်မို့ statistically mindset ဘက်ယိမ်းသွားတာကို လက်ခံပေးရပါမယ်။ မာရက်စကာအနေနဲ့ မန်ယူအသင်း အနီကဒ်ထိမှာကို ကြိုသိနေရင်တော့ ဒါမျိုးလုပ်ချင်မှလုပ်မှာပါ။ မသိနိုင်လိုပေ့ါ။ မာရက်စကာကိုယ်တိုင်လဲ သူရွေးချယ်လိုက်တဲ့ Right or Left ကိစ္စမှာ အကြီးကြီးလွဲသွားတာကို Gulity ဖြစ်နေတာ ကင်မရာပြချက်အရ သိနိုင်ပါတယ်။ ကမ္ဘာ့ကလပ်ဖလားမှာ PSGကို ဖွတ်ဖွတ်ညက်ညက်ထောင်းလာတဲ့သူက ကျွန်တော်တို့ထောက်ပြနေတာတွေကို မသိပဲမနေပါဘူး။ မမြင်နိုင်တဲ့ နောက်ကွယ်က အလုပ်လုပ်ပေးနေတဲ့သူတွေအများကြီးရှိပါတယ်။ ဒီမှာဟာ ရွေးချယ်မှု အမှားဆိုတာထက် မပိုပါဘူး။

ချဲလ်ဆီးပရ်ိသတ်ဘက်ကကြည့်ကြည့်ပါမယ်။မာရက်စကာရဲ့ နည်းစနစ်ပိုင်းအမှားကို သေချာထောက်ပြမယ်ဆိုရင်ဒီပွဲရှုံးရတဲ့ အဓိကအချက်ဟာ Sanchez​ ကြောင့်ဆိုပေမယ့်​ Maresca​ အနေနဲ့​ ပြင်ဆင်ချိန်​အလုံလောက်ရှိရဲ့သားနဲ့ ဆုံးဖြတ်ချက်ကို အလျင်စလိုချလိုက်တာပါ။ တိုက်စစ်အတွက်ခေါ်ထားတဲ့ Garnacho ကို ဘာကြောင့်မထည့်ရဲခဲ့တာလဲ၊ လှည့်ကြည့်ရင် အရှူံးနဲ့ သရေပဲရှိနေတဲ့ချိန်မှာ သူဟာ သတ္တိကြောင်ခဲ့ပါတယ်။ Enzo Fernedez ထွက်သွားရင် ပိုဆိုးမလားဆိုတဲ့ ကြောက်စိတ်ကိုလဲ ချဲလ်ဆီးပရ်ိသတ်တွေ ခွင့်လွှင့်မယ်မထင်ပါဘူး။ မိနစ် ၇၀နောက်ပိုင်း ချဲလ်ဆီး ကစားပုံဟာ အတော်လေးကောင်းခဲ့ပြီး မန်ယူခံစစ်အားနည်းချက်တွေ ပြသခဲ့သည်တိုင် ဂိုးမရခဲ့ပါဘူး။ ကစားသမားတွေ ပွဲပန်းနေခဲ့တာကြောင့်လဲ အတော်များပုံမှန်ခြေစွမ်းအောက်ရောက်နေခဲ့ပါတယ်။ ချဲလ်ဆီးရှုံးတာ ဘာလို့ရှုံးဆို အနီကဒ်ထိလို့ရှူံးတာပါ။ 11 vs 11ဆို ပွဲကတစ်မျိုးတစ်ဖုံပြောင်းသွားမှာပါ။

မန်ယူဘက်ကို ချဉ်းကပ်ရရင် ကစားသမားတွေရဲ့ နိုင်လိုစိတ်ပြင်းပြခဲ့တာကို အတိုင်းသားမြင်ခဲ့ရပါတယ်။ ဒီအချက်ဟာ နောက်ပွဲတွေထက် အရမ်းအရေးပါပြီး bounce back အကောင်းဆုံးလုပ်လို့ကောင်းတဲ့ အနေထားကို ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ကစားပုံက တိုးတက်လာတယ်လို့ ဆိုလို့မရသေးတဲ့အနေထားပါ။ ကစားပုံဆိုတာ ကစားအားနောက်မှာပဲရှိတာပါ။ နိုင်လိုစိတ်ပြင်းထန်မှ ကစားအားတက်လာမယ်။ ကစားအားတက်လာမှ ကစားပုံကောင်းလာမယ်။ ဒါဟာ ရိုးရှင်းတဲ့ သီအိုရီပါ။ Kill the game လုပ်ဖို့ အချိန်ပိုင်းအလိုမှာ တစ်ဂ်ိုးပြန်ပေးလိုက်ရတာကြောင့် ဖိအားများခဲ့ရပါသေးတယ်။ အမ်မိုရင်းလဲ ဖိအားများနေတာ ပွဲပြီးခါနီး အရမ်းသိသာပါတယ်။ ပိုင်ရှင်၊ကိုယ်တိုင် အိုးထရက််ဖို့ရောက်နေတယ်၊ အဓိကအကြောင်းရင်းက သူနဲ့စကားပြောဖို့။ အသင်းရဲ့ ဂန္တဝင် နည်းပြကိုယ်တိုင်တောင် လာကြည့်နေတာမို့ ပုံမှန်ထက် ဒီပွဲဟာ မန်ယူနိုက်တက် အသင်းသားတွေအဖို့ ပိုကြိုးစားပြရမယ်ဆိုတာ ကောင်းကောင်းနားလည်ထားကြပါတယ်။ ရှင်းရှင်းပြောရရင် ချဲလ်ဆီးက အထင်သေးပြီး လာကန်တာကို လက်တုန့်ပြန်ခဲ့တဲ့ပွဲပါ။ ၁၀ယောက် -၁၁ယောက်အနေထားမို့ နိုင်တာဖြစ်ဖြစ်ဘယ်လိုဖြစ်ဖြစ် လိုအပ်တဲ့အရာက်ိုရခဲ့တာမို့ အမ်မိုရင် အသက်ရှုချောင်ခဲ့ရပါပြီ။

နည်းစနစ်ပိုင်း ကြံဖန်ထောက်ပြလဲ ဒီအချက်လက်တွေပဲ ဖန်တရာထပ်နေမှာမို့ ဒီ ဂိမ်းကို Emotional Game လို့ပဲ ခေါင်းစဉ်တပ်ပရစေ။ ဖိအားများနေကြတယ့် နည်းပြနှစ်ယောက်၊ အမှားအရင်ဆုံးလုပ်လိုက်တဲ့ အသင်းက ပိုဖိအားများ၊ ပိုအမှားလုပ်ပြီး ရှုံးသွားတဲ့ ပွဲပါ။ဆုံးဖြတ်ချတွေ မှားယွင်းခဲ့တဲ့ ချဲလ်ဆီး နည်းပြမာရာစကာ မှာလဲ မှားပိုင်ခွင့်ရှိပါတယ်။ သူတို့ထမ်းထားရတဲ့ ဖိအား ကိုယ်တွေမှ မမြင်နိုင်တာ။ မန်ယူအတွက်လည်း ဒီနိုင်ပွဲကနေ ရလာတဲ့အရာတွေကိုနောက်လာမယ့်ပွဲတွေအတွက် အသုံးချနိုင်ဖို့အရေးကြီးပါတယ်။