Innwa-Ads-Banner-1-1170X200

Newcastle 2-3 Liverpool (FT) Review

အီဆက် ကိစ္စနဲ့ပတ်သက်ပြီး ခံစားချက်တွေ ရှိနေတဲ့ နယူးကာဆယ် အသိုင်းအဝိုင်းတခုလုံးက ဒီပွဲအတွက် သေချာပြင်ဆင်လာပုံရပါတယ်။ ကစားသမားတွေဟာ ပုံမှန်ထက် 4/5ဆလောက် တင်ကစားတယ်၊ ပရိသတ်တွေကလည်း တပွဲလုံးအသံမတိတ်စေဘဲ တောက်လျောက်အော်ဟစ်အားပေးနေကြတယ်။ ဒီအခြေအနေမှာ လီဗာပူးအတွက် အင်မတန်ခက်ခဲခဲ့ပါတယ်။

ဒီပွဲဟာ ဗျူဟာရေးရာအရ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ နယူးကာဆယ်က ဒုတိယပိုင်းတစ်ပိုင်းလုံးကစားသမား ၁၀ ယောက်နဲ့ ကစားခဲ့ရတဲ့ ပွဲပါ။ ပွဲအစပိုင်းမှာ နယူးကာဆယ် နည်းပြ Eddie Howe က ၄-၃-၃ စနစ်နဲ့ စတင်ခဲ့တယ်။လီဗာပူးရဲ့ ကစားကွင်တည်ဆောက်မှု(Build Up)ကို ဖျက်ဆီးဖို့ ကွင်းလယ်တန်းမှာ အပြင်းအထန် ဖိအားပေးကစားခဲ့တယ်။ Bruno Guimarães က အလှည့်အပြောင်းတွေကို စီမံခဲ့ပြီး Anthony Gordon က ခံစစ်ထိကို ပထမပိုင်းမှာဆင်းကူပေးခဲ့တယ်။ ဒါပေမယ့် Gordon အနီကတ်ထိသွားတော့..
နယူးကာဆယ်က ၄-၄-၁ ခံစစ်ကစားပုံစံကို ပြောင်းလိုက်ရတယ်။ ကွင်းလယ်ကို overloadလုပ်ပြီး Tonali နဲ့ Gumarares တို့က လီဗာပူးတိုက်စစ်ဆင်မဲ့လမ်းကြောင်းအကုန်လုံးကို ဒိုင်ကန်ဖြတ်ထုတ်ခဲ့ပါတယ်။ Bruno နဲ့ Osula တို့က လီဗာပူးကစားသမားတွေရဲ့ အမှားကနေ ဂိုးတွေရခဲ့တယ်။ နည်းဗျူဟားပိုင်ဆိုင်ရာထက် တစ်ဦးချင်းစွမ်းဆောင်ရည်ရယ်၊ လီဗာပူးအသင်းပေါ့ဆမှုတွေကြောင့် ခြေပဂိုးတွေပြန်ရခဲ့တာပါ။ ဒါပေမယ့် ၁၀ယောက်တည်းကစားနေရတာကြောင့် ကာဆယ်တို့ ဖိအားပေးကစားဖို့ ခက်ခဲခဲ့ပါတယ်။

လီဗာပူးက နေရာယူမှုနဲ့ ဘောလုံးပိုင်ဆိုင်မှုကို အဓိကထားပြီးလွှမ်းမိုးနိုင်ခဲ့တယ်။ စလော့က ၄-၃-၃ ကနေ ကွဲထွက်တဲ့ တိုက်စစ်ကစားဟန် ၄-၂-၃-၁ ပြောင်းလဲပြီး Gravenberch နဲ့ Jonesကို ကွင်းလယ်အသက်သွေးကြောအဖြစ်ထားခဲ့ကစားခဲ့ပါတယ်။Szobo က ညာနောက်ခံလူအဖြစ် ဝင်ကစားရသည့်တိုင် အတွင်းဘက်ဝင်ပြီး ကွင်းလယ်တန်း ၃ယောက်ပုံစံနဲ့ ကာဆယ်ရဲ့ ကွင်းလယ်ကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဒီပွဲစဉ်မှာ ဆိုဘော့ဇ်လိုင်းရဲ့ခြေစွမ်းကိုလည်း အသိအမှတ်ပြုရမှာပါ။ ဖရင်မ်ပေါင် ဒဏ်ရာရနေချိန်၊ ဘရက်ဒလေ ပွဲချိန်ပြည့် မကစားနိုင်သေးချိန်မှာ ဆိုဘော့ဇ်လိုင်းက Right back player အဖြစ် ပွဲထွက်ခဲ့ပါတယ်။နည်းပြတာ၀န်ပေးရာ role မှာ အကောင်းဆုံးကြိုးစားကစားခဲ့တဲ့ ဟန်ဂေရီသားဟာ အသင်းရဲနိုင်ပွဲမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။အဓိက ပြောင်းလဲမှုကတော့ နောက်ဆုံးအချိန်တွေမှာ ဖြစ်ခဲ့တာပါ။Slott က Rio Ngumoha ကို ထည့်ပြီး ကစားသမားတွေကို ဂိုးဝအနီးမှာ စုပြုံကစားခိုင်းခဲ့တယ်။၂-၃-၅ ပုံစံနဲ့ နောက်ဆုံးတိုက်စစ်ပုံစံဆင်ခဲ့တာပါ။ ပထမပိုင်းမှာ Vandijk၊ Szbo၊ Gravenberchတို့ ကောင်းခဲ့သလို Alison လည်း ဂိုးမပေးရအောင် တားဆီးနိုင်ခဲ့တယ်။ လီပါပူးလ်အသင်းရဲ့ တိုက်စစ်မှူး 𝐇𝐮𝐠𝐨 𝐄𝐤𝐢𝐭𝐢𝐤𝐞 ဟာ လီပါပူးလ်အသင်းမှာ (၃)ပွဲ ပွဲထွက် ကစားထားပြီး သွင်းဂိုး (၃)ဂိုး နဲ့ ဂိုးဖန်တီးမှု (၁)ကြိမ်၊ စုစုပေါင်း ဂိုးပါဝင် ပတ်သက်မှု (၄)ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထူးခြားချက်တခုအနေနဲ့ပြောရရင် Ekitike ကိုလူစားလဲပြီးတိုင်း လီဗာပူးလ်အသင်းဟာပြိုင်ဘက်အသင်းကိုချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရပါတယ်။(၃) ပွဲစလုံး Ekitike ထွက်ပြီးသိပ်မကြာဘူးချေပဂိုးပြန်ပေးရတာပါ။ ဒုတိယပိုင်းမှာတော့ ကာဆယ်ရဲ့ အရှိန်တင်လာမှုကို ဘယ်လိုမှ မတားဆီးနိုင်ခဲ့တာကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရတယ်။ နောက်ဆုံးမိနစ်မှာတော့ လူစားဝင် 16နှစ်သားလေးက မိုဆာလာ ရဲ့ ဖန်တီးပေးမှု ၊ ဆိုဘို ရဲ့ ပါးနပ်မှုတွေကတဆင့် အဖိုးတန်အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ Gordonရဲ့ ဖျက်ထုတ်မှုက ကြမ်းတမ်းတာကြောင့် Vandijk ကြီးကြီးမားမားမထိသွားတာကံကောင်းတယ်တယ်ဆိုရမှာပါ။ လီဗာပူးရဲ့ ကစားသမားအပြောင်းအလဲနဲ့ တိုက်စစ်အလှည့်အပြောင်းတွေကြောင့် နယူးကာဆယ်ရဲ့ပင်ပန်းနေတဲ့ ၁၀ ယောက်တန်း ခံစစ်ကို ချိုးဖောက်နိုင်ခဲ့တာပါ။ လီဗာပူးအတွက် ခက်ခဲခဲ့ပြီး ကစားသမားတွေ ဖိအားအောက်မှာ အလွန်အမင်းရောက်ခဲ့ပေမယ့် အနိုင်ရလဒ်ကြောင့် သက်သာရာရခဲ့ပါတယ်၊ ပွဲတိုင်း ဒီလိုကစားဖို့ရာ မလွယ်ကူပါဘူး တိုးတက်ရမှာတွေ အများကြီးရှိနေပါသေးတယ်။ဒီပွဲဟာ Slottရဲ့ လူငယ်ကစားသမားတွေကို ယုံကြည်မှုနဲ့ Howe ရဲ့ နည်းစနစ်ပိုင်းကြွယ်ဝမှုတွေကို ထင်ဟန်ပြခဲ့တဲ့ ပွဲပါပဲ။