ပရီးမီးယားလိဂ်ပွဲစဉ် ( ၃ ) အထိ ကစားပြီးချိန်မှာတော့ လီဗာပူးတစ်သင်းသာ ၃ ပွဲစလုံးကို အနိုင်ကစားထားနိုင်တဲ့အသင်းအဖြစ် ကျန်ရှိတော့တာ ဖြစ်ပါတယ် ။ အာဆင်နယ်ကတော့ အခုပွဲကို ရှုံးနိမ့်ခဲ့တာကြောင့် ချဲလ်ဆီးရဲ့နောက် ၊ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ် ။
ပထမပိုင်းမှာလီဗာပူးအသင်းက စ်ိတ်မပါတဲ့ ခြေစမ်းပွဲတစ်ပွဲလို ပုံစံနဲ့ ကစားနေတာမြင်ခဲ့ရပါတယ်။ ဖိအားပေးမှု၊ အားထုတ်မှု၊ ဘောလုံးကို အကျိတ်အနယ် ယှဉ်လှတာမျိုးတွေမရှိသလို အိမ်ကွင်းမှာ တိုက်ခိုက်လ်ိုစ်ိတ်တွေပျောက်ဆုံးနေခဲ့ရပါတယ်။အလယ်တန်းမှာ ဂရာဗင်ဘက်ချ် တစ်ယောက်ထဲကို အားကိုးနေရတာကြောင့် အတော်လေးဟန်ချက်ပျက်နေခဲ့ပါတယ်။ ဂိမ်းပလန်ကို မထိန်းနိုင်ပဲ အာဆင်နယ်အနေနဲ့ အန်ဖီးလ်ရဲ့ ဖိအားကို ခံရသလား မခံရသလား မသိရလောက်အောင်ကို အေးအေးဆေးဆေး ကစားနိုင်ခဲ့တာပါ။ ပွဲမစမီ အချက်အလက်တွေကို ကြည့်မယ်ဆိုရင် ပွဲထဲမှာ ဂိုးများမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမယ့် ပထမပိုင်းမှာတော့ နှစ်ဖက်လုံးက ခံစစ်ကောင်းမွန်းကောင် ကစားနိုင်ခဲ့တာကြောင့် ဂိုးရဖို့အခွင့်အရေးတွေအနည်းငယ်သာတွေ့ခဲ့ရပါတယ်။လီဗာပူးအတွက် ဂတ်ပိုက ၁၃ မိနစ်မှာ cut inside ဝင်ပြီး ပထမဆုံး ဂိုးကန်သွင်းချက် ရခဲ့တယ်။ ပထမပိုင်းတစ်ပိုင်းလုံး ဒီအခွင့်ရေးတစ်ကြိမ်သာရရှိခဲ့တာပါ။ဒုတိယပိုင်းထဲဝင်လာချိန်မှာတော့ အခြေအနေ ဟာ ပြောင်းလဲသွားခဲ့ပါတယ်။ ပထမပိုင်းလို စ်ိတ်ဓာတ်ကင်းမဲ့နေတဲ့ပုံစံမျိုးမဟုတ်ပဲ နိုင်ချင်စိတ်နဲ့ တုံ့ပြန်မှုတွေ ထိရောက်စွာ ပြန်ပေးနိုင်ခဲ့တာပါ။။ ဆိုဘိုရဲ့ လုပ်အားနှုန်းနဲ့ ထိန်းချုပ်နိုင်မှုက အသင်းအတွက် အလွန်အသုံးဝင်ခဲ့ပြီး လိုအပ်နေတဲ့ clean sheet ကိုလည်း လီဗာပူးက ရယူပေးနိုင်ခဲ့ပါတယ်။ လီဗာပူးရဲ့ စလော့အတွက် အဓိက tactic က ခံစစ်compact ဖြစ်အောင် ကွင်းလယ်ကို ကျစ်ကျစ်လစ်လစ် ပြင်ဆင်ထားတာဖြစ်ပါတယ်။ မက်အလစ်စတာနဲ့ ဂရာဗန်ဗက်ချ် တို့ကို ကွင်းလယ်မှာ တိုက်ရိုက် ပိတ်ဆို့ပြီး လာသမျှဘောလုံးတိုင်းကို ရှင်းထုတ်ခိုင်းထားတာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဇူဗာမန်ဒီကို ball progression လုပ်ဖို့အခွင့်ရေးမပေးရဖို့ ဗက်စ်ကို တက်ထောက်ခိုင်းခဲ့တာဟာ စလော့ရဲ့ပြောင်မြောက်လွန်းတဲ့လက်ရာပါ။ လီဗာပူးအနေနဲ့ ဒီပွဲမှာ defensive discipline ကောင်းကောင်း ထိန်းထားနိုင်ခဲ့ပြီး အာဆင်နယ်တိုက်စစ်အတွက်ပေါက်ကွဲမယ့် လမ်းကြောင်းတွေ မရှိခဲ့ပါဘူး။ အထူးသဖြင့် ဒုတိယပိုင်းမှာပါ။အဓိက ချီးကျူးချင်စရာက လီဗာပူးရဲ့ အသင်းခေါင်းဆောင် Vandijk ပါ။ ခံစစ် backline စည်းကမ်းတကျဖြစ်အောင် Van Dijk က ခေါင်းဆောင်အဖြစ် အဓိက တာဝန်ထမ်းဆောင်ခဲ့တယ်။ မက်အလစ်စတာအနေနဲ့ ကွင်းထဲမှာ ခန္ဓာကိုယ်ကြီးမားတဲ့ အာဆင်နယ်ကစားသမားတွေရဲ့ ဖိအားပေး မှုကို ခံခဲ့ရတာကြောင့် ပျောက်ဆုံးနေတယ်လို့ ထင်ခဲ့ရပါတယ်။ တကယ်တမ်းမှာတော့ ဒါကို ဒီလိုဖြစ်မယ်ဆိုတာကို စလော့ အနေနဲ့ ကြိုတင်သိရှိခဲ့ပြီး မာကာကို ဘောလုံးဖျက်ခိုင်းတဲ့ တာဝန်ကိုပဲအဓိကပေးခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေနေတွေကြောင့် ပေးဂိုး ၆ဂိုးထိရှိခဲ့တဲ့ လီဗာပူးခံစစ်ဟာ ဒီပွဲမှာ Clean sheet ရယူပြီး ရုတ်ချည်းပြောင်းလဲသွားတာပါ။ အဆုံးသတ်အနေနဲ့ စလော့ ရဲ့ tactic ထဲမှာ အောင်မြင်မှုကို တိုက်ရိုက်ယူပေးနိုင်ခဲ့တဲ့ Dominik Szoboszlai ရဲ့ အလှပဆုံး Free kick က ဒီပွဲစဉ်ကို ဆုံးဖြတ်ပေးခဲ့ပါတယ်။ ဒီဂိုးက tactical setup ထဲမှာ သက်ရောက်မှုကြီးမားခဲ့ပြီး အာဆင်နယ်ကို mental blowing ဖြစ်သွားစေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆို မက်အလစ်စတာ နဲ့ လူစားလဲခဲ့ ကားတစ်ဂျုံးဟာ အတင်းဝင်လုံးတဲ့ကစားသမားဖြစ်တာကြောင့် သူရဲ့အားထုတ်မှုကနေ Free Kick ရရှိခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဘက်ကို ကြည့်ရင် ပွဲစလေးမိနစ်မှာတင် ဒဏ်ရာရခဲ့တဲ့ ဆာလိီဘာကိုအစားထိုး ခဲ့ရတာကြောင့် အာတီတာရဲ့ set-piece plan အနည်းငယ်တော့ ပျက်ခဲ့ရပါတယ်။ သို့သော် ဆာလီဘာအစား ဝင်ရောက်လာခဲ့တဲ့ မောစ့်ကွာရာဟာ ဂါဘရီအယ်လ်နဲ့အတူ ဟန်ချက်ညီညီကစားနိုင်ခဲ့တာကြောင့် ပထမပိုင်း လီဗာပူးတို့အတော်လေးဒုက္ခရောက်ခဲ့ပါတယ်။ ဆာကာနေရာ အစားဝင်ကစားတဲ့ မန်ဒူကီဟာ လီဗာပူးနောက်တန်းကို ထိရောက်တဲ့ ထိုးဖောက်မှုတစ်ချို့လုပ်ပြနိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ အရန်အင်အားတောင့်တင့်မှုကိုပြသနိုင်ခဲ့တယ်။ ဒီပွဲကသက်သေပါပဲ။ အာဆင်နယ်ရဲ့ attacking structure မှာ မန်ဒူကီဟာ key role အဖြစ်ပါဝင်ခဲ့ပြီး ညာတောင်ပံက ကားကက်စ်ကို isolate လုပ်နိုင်ခဲ့တာကြောင့် လီဗာပူးအတွက်အန္တရာယ်အများဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။ ရရှိခဲ့တဲ့ အခွင့်ရေးတွေကိုတော့ဂိုးအဖြစ်ပြောင်းလဲနိုင်ချင်းမရှိခဲ့ပါဘူး။ ညကပွဲမှာ အဓိက ဇာတ်ဆောင်ဖြစ်ခဲ့တဲ့ ကလာဖီအိုရီရဲ့ စွမ်းဆောင်ရည်နဲ့ တာဝန်ယူန်ိုင်စွမ်းကိုလဲ ချီးကျူးချင်ပါတယ်။ ဇူဗာမန်ဒီအနေနဲ့ ဗက်စ်ရဲ့ Marking ထိနေချိန်မှာ ကလာဖီအိုရီဟာ ဇူဗာမန်ဒီရဲ့ အခန်းကဏ္ဌပေါ်လာဖို့ အများကြီး ကူညီပေးနိုင်ခဲ့ပါတယ်။ ဗက်စ်ကို Tatical Foulတွေ ခဏခဏ လုပ်ခဲ့သလို ဗက်အနေနဲ့ ပထမပိုင်းမှာ ဖိအားအောက် တော်တော်လေးရောက်ရှိခဲ့တာပါ။ တစ်ဖက်မှာလဲ ဆာလာကို ထိန်းထားနိုင်ခဲ့သလို အခြားခံစစ်ကစားသမားတွေ နဲ့ တစ်လိုင်းထဲနေရာယူပြီး လီဗာပူးရဲ့တိုက်စစ်ကို ဟန့်တားနိုင်ခဲ့ပါတယ်။ လီဗာပူး ဘက်ကလာတဲ့ ဆာလာ– ဂတ်ပို– ဗက်စ်တို့ရဲ့ transitional moment တွေကို ကွင်းလယ်ကစားသမား ရိုက်စ်ရဲ့ positioning က ဒီတွဲလုံးကိုသတ်နိုင်ခဲ့ပါတယ်။ ဆာလာရဲ့ မျက်နှာချင်းဆိုင်မှာဆို ကလာဖီအိုရီရှိမယ်။ ကျောချင်းကပ်မှာဆို ရိုက်စ် ကရှိနေတာပါ။ လီဗာပူးက ပွဲချိန်ကြာလာတာနဲ့အမျှ momentum ပြန်ရလာတာကြောင့် အာဆင်နယ်အနေနဲ့ deep block ကိုပြန်ဆင်းပြီး ဂိုးသမား ရာယာကို ပိုမိုကာကွယ်ပေးခဲ့ပါတယ်။ အိုဒီဂတ် နဲ့ အီဇီ ကို ထည့်ပြီးပွဲကို retention ပြန်လုပ်ခဲ့ပေမယ့် ထိရောက်တဲ့ ဖန်တီးမှုတွေမလုပ်နိုင်ခဲ့ကြောင့် အာဆင်နယ်အနေနဲ့ အနိုင်ရလဒ်ဂိမ်းကနေ ထွက်ခွါသွားခဲ့ရပါတယ်။
နှစ်သင်းစလုံးရဲ့ နည်းဗျူဟာ တွေက ရိုးရိုးရှင်းရှင်းနဲ့ အဆင်မြင့်ခဲ့ပါတယ်။ သရေရလဒ်နဲ့နီးစပ်ခဲ့ပေမယ် ဘောလုံးရဲ့ ထုံးစံအတိုင်းမှော်ဝင်သွားရင်တော့ ဘယ်သူမှမတားနိုင်ပါဘူး။ ဘာပဲဖြစ််ဖြစ် နှစ်သင်းလုံးကို ချီးကျူးရမှာဖြစ်ပြီး ရှေးရိုးစွဲ နည်းစနစ်တွေမဟုတ်တော့တဲ့ မော်ဒန်ဘောလုံးလောကကို ချပြနိုင်ခဲ့ပါတယ်။ နည်းစနစ်ပိုင်းထက်မြတ်မှု၊ ကစားသမားတွေရဲ့ အရည်ချင်းကြွယ်ဝမှုတွေကို ကြည့်ခဲ့ရတာအရမ်းတန်ပြီး Super Sunday အဖြစ် ပရိသတ်တွေကို တင်ဆက်နိုင်ခဲ့ကြောင်းပြောကြားရင်းးး..