ဒီနေ့မှာတော့ Old Trafford က Premier League ရာသီရဲ့ စိတ်ဝင်စားစရာ အလွန်ကောင်းတဲ့ ပွဲစဉ်ကြီး တစ်ပွဲကို ကြိုဆိုရပါတော့မယ်။ Gameweek Five မှာ Manchester United က Chelsea ကို ဧည့်သည်ခံကြိုဆိုမှာပါ။ အသင်းနှစ်သင်းလုံးဟာ ယုံကြည်မှု ၊အဆင့်အတန်း ကွဲပြားမှုတွေ၊ မျှော်လင့်ချက်တွေ ကွဲပြားမှုတွေနဲ့ ရောက်ရှိလာကြမှာဖြစ်ပေမယ့် အောင်မြင်မှုရယူဖို့ လက်တွေ့ကျတဲ့ ဖိအားတွေလည်း ရှိနေပါတယ်။ United ဟာ ရာသီစတင်ချိန်မှာ စိတ်ပျက်စရာကောင်းတဲ့ ရလဒ်တွေကြောင့် သူတို့ရဲ့ ရာသီအောင်မြင်မှုအတွက် နိုင်ပွဲကောင်းကောင်းလိုအပ်နေပါတယ်။ Chelsea ကတော့ သူတို့ရဲ့ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကိုဆက်ထိန်းနိုင်ဖို့ ကြိုးစားနေပါတယ်။ အပြင်းအထန် ယှဉ်ပြိုင်ရတဲ့ သမိုင်းကြောင်းရှိခဲ့တဲ့ ပရိသတ်ကြိုက်ဒီပြိုင်ပွဲကြီးကို ကြည့်ရှုရတော့မှာပဲဖြစ်ပါတယ်။
ဒီရာသီအတွက် Manchester United ရဲ့ ခရီးက အခုထိ တော့ မလှပသေးပါဘူး။ ပွဲစဉ် ၄ ပွဲမှာ အမှတ် ၄ မှတ်သာ ရရှိထားပါတယ်။ မကြာသေးခင်က ကစားခဲ့တဲ့ မန်းချက်စတာဒါဘီပွဲမှာ ၃-၀ နဲ့ ရှုံးနှိမ့်ခဲ့ရတဲ့ ပွဲဟာ… သူတို့ရဲ့မြို့ခံပြိုင်ဘက် နဲ့ယှဉ်ရင် ဘယ်လောက်တောင် နောက်ကျနေခဲလဲဆိုတာပြနေခဲ့ပါတယ်။ မန်နေဂျာ အသစ် Ruben Amorim ဟာလည်း ဝေဖန်သူတွေက သူ့ရဲ့ နည်းဗျူဟာက အင်္ဂလန်မှာ အလုပ်ဖြစ်မလား၊ အသင်းက လိုက်လျောညီထွေ မြန်မြန်ဆန်ဆန် ဖြစ်ပြီလားဆိုတဲ့ မေးခွန်းတွေကြောင့် ဖိအားတွေခံနေရပါပြီ။ အိမ်ကွင်းမှာ၊ သူတို့ရဲ့ ပရိသတ်တွေရှေ့မှောက်မှာ… United အနေနဲ့ တုံ့ပြန်မှုတစ်ခု လိုအပ်နေပါပြီ။ ဒီပွဲဟာ Amorim ခေတ်ရဲ့ နည်းစနစ်ကို စမ်းသပ်မယ့်ပုံမှန်ပွဲစဉ်တစ်ခုထက် ပိုနေပါပြီ။Chelsea ကတော့ အနည်းငယ် ပိုပြီး တည်တည်ငြိမ်ငြိမ်နဲ့ မန်းချက်စတာကို ရောက်ရှိလာမှာပါ။ Premier League မှာ ရှုံးနှိမ့်မှုမရှိသေးပေမယ့် ခြေစွမ်းပိုင်း လုံးဝ ယုံကြည်ရတဲ့အထိတော့ မဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ အပတ်က Brentford ကို ၂-၂ ဂိုးနဲ့ သရေကျခဲ့တဲ့ပွဲမှာ ပေးလိုက်ရတဲ့ နောက်ဆုံးမိနစ် ဂိုးဟာ ခြေစွမ်းပိုင်းအားနည်းနေမှုကို မီးမောင်းထိုးပြနေခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာလည်း Bayern Munich ကို ရှုံးနှိမ့်ခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ရဖို့ ဖိအား ခက်ခဲတဲ့ နောက်ထပ်အဝေးကွင်းစွမ်းဆောင်ရည်စမ်းသပ်မဲ့ပွဲဆိုလဲမမှားပါဘူး။
အသင်း သတင်းတွေကလည်း ဒီပွဲကို ပိုစိတ်ဝင်စားစေပါတယ်။ United အတွက် ဒဏ်ရာတွေက ပြဿနာဖြစ်နေဆဲပါ။ Lisandro Martinez၊ Mason Mount , Cuhna တို့ ကစားဖို့ မသေချာသေးတာကြောင့် Amorim ကို ခက်ခဲတဲ့ ရွေးချယ်မှုတွေ လုပ်ဖို့ ဖိအားပေးနေပါတယ်။ ဂိုးသမားသစ် Senne Lammens ရဲ့ Premier League ပထမဆုံးပွဲ ကစားနိုင်ခြေ ကလည်း ထပ်မံစောင့်ကြည့်ရမယ့် ဇာတ်လမ်းတစ်ခုပါပဲ။ Chelsea မှာလည်း ဒဏ်ရာပြဿနာများနေပြီး အကောင်းဆုံးလူထုတ်ကစားဖို့ ခက်ခဲနေဆဲပါ။ ဒါပေမယ့်.နောက်ထပ် စိတ်ဝင်စားစရာအကြောင်းကတော့… Alejandro Garnacho ဟာ အဟောင်းအသင်း ဖြစ်တဲ့ United ကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။. Old Trafford အတွင်းက ပရိသတ်တွေအတွက် ဆူပူဦးမယ့်ဇာတ်ကွက်တစ်ခုပါပဲ။
နည်းဗျူဟာအရ ဒီပွဲဟာ အနိုင်ရှုံးက်ိုကောင်းကောင်း အဆုံးအဖြတ်ပေးနိုင်ပါတယ်။ Casemiro နဲ့ Bruno Fernandes တို့က United ကွင်းလယ်အတွက် ဦးဆောင်ကစားရမှာဖြစ်ပေမယ့်… Moises Caicedo နဲ့ Enzo Fernandez တို့ကိုယှဉ်နိုင်ပါ့မလား ဆိုတာကတော့ နောက်ထပ် မေးခွန်းတစ်ခုပါပဲ။ Chelsea ရဲ့ João Pedro ဟာ အကောင်းဆုံးပုံစံမှာရှိနေပြီး… Cole Palmerပြန်လာမှု နဲ့အတူ… အားနည်းနေတဲ့ United ရဲ့ ခံစစ်ကို ဒုက္ခပေးနိုင်မလားဆိုတာစောင့်ကြည့်ရမှာ။ United အတွက်ကတော့… ဒီပွဲရဲ့ အဓိက အချက်က နည်းစနစ်ပိုင်းစည်းကမ်းရှိမှုနဲ့ တိုက်စစ်ကစားသမားတွေရဲ့ အဆုံးသတ်နိုင်စွမ်းက ပွဲရဲ့ အနိုင်ရှုံးရလဒ်ကို အဆုံးဖြတ်ပေးသွားမှာပါ။
ဂိုးခန့်မှန်းရလဒ်အနေနဲ့ Chelsea က ၂-၁ ဂိုးနဲ့ အနိုင်ရလောက်တယ်လို့ ယူဆရပြီး သရေကျနိုင်ခြေကလည်း အများကြီးရှိပါတယ်။ ရလဒ်က ဘာပဲဖြစ်ဖြစ်… ဒီပွဲဟာ အနိုင် ၃မှတ်ဆိုတာထက်ပိုတဲ့အသင်းနှစ်သင်းရဲ့ ရှေ့ရေးလမ်းကြောင်းကိုပါ မျှော်ကြည့်ပြီး ကြည့်ရှုကြမယ့် ပွဲစဉ်ကြီးတစ်ပွဲပါပဲ။