ဒီအပတ် Premier League Week 2 အတွက် Manchester City နဲ့ Tottenham Hotspur တို့ရဲ့ ပွဲဟာ စိတ်လှုပ်ရှားစရာ tactical clash တစ်ခုအဖြစ် စိတ်ဝင်စားဖို့ကောင်းမဲ့ပွဲပါ။ ခြေစွမ်းပိုင်းအရရော၊ နည်းစနစ်ပိုင်းအရရော ပေါင်းစည်းမှုတွေကိုလေ့လာဖို့ကောင်းတဲ့ပွဲပါ။ City ဟာ Wolves နဲ့ ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းအမြင့်ဆုံး formကိုရောက်နေတာ အရင်ဆုံး သတိထားမိဖို့လိုပါတယ်။ အဲ့ပွဲမှာ City က possession game ကို အပြည့်အဝ ထိန်းချုပ်ပြီး Wolves နောက်ခံလူတွေကို ချဉ်းကပ်ခဲ့ပါတယ်။ ကစားသမားသစ် Reijneder ဟာ creative hub အနေနဲ့ လိုက်ဖက်ကစားခဲ့ပြီး half-space တွေကိုအဓိကထားလှည့်လည်ပေးနိုင်ခဲ့ပါတယ်။ Erling Haaland ရဲ့ ပင်နယ်တီဧရိယာအတွင်း စိုးမိုးနိုင်မှုနဲ့ နေရာယူတတ်ပုံတို့ကြောင့် Wolves နောက်တန်းဟာ အဆက်မပြတ် ဖိအားပေးခြင်းခံခဲ့ရပါတယ်။ City ရဲ့ Turnover တိုင်းက ချက်ချင်းကောင်တာတိုက်စစ် အဖြစ် ပြောင်းလဲသွားခဲ့တာဟာ Guardiola ရဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှုကို ထင်ဟပ်စေခဲ့ပါတယ်။ စပါးနဲ့ပွဲအတွက်Tactically အရကြည့်ရင်, City ဟာ fluid 4-3-3 ကစားကွက် နဲ့ ပိုင်ဆိုင်မှုအသားပေးကစားကွက်ကို ထိန်းသိမ်းပြီး ရင်ဆိုင်ဖို့ပြင်ဆင်လာမှာပါ။ Reijnders, Gonzalezနဲ့ Silva တို့ရဲ့ ကွင်းလယ်အချိတ်ဆက်က အဓိကသော့ချက်အဖြစ် ကစားကွက်မှာ အရေးကြီးလာမှာဖြစ်ပါတယ်။ FullBacks တွေဖြစ်တဲ့ Lewisနဲ့ Ait-Nouri တို့ကို overlapping အတွက် အမြန်ကစားစေပြီး တိုက်စစ်မှုးတွေ အတွက် နေရာလွတ်တွေနှင့်ထိုးဖောက်နိုင်စွမ်းတွေကိုဖန်တီးခိုင်းမှာပါ။ Wolves နှင့် ပွဲကလိုပဲ City ရဲ့ ဖိအားပေးကစားဟန်မှာ high line ကိုတည်ပြီး forward runners တွေနဲ့ တိုက်စစ်ခံစစ်အကူးအပြောင်းတွေကို သေသေသပ်သပ်ဖန်တီးလာမှာဖြစ်ပါတယ်။
Spurs အနေနဲ့ Thomas Frank ရဲ့ ဦးဆောင်မှုအောက်မှာ တစ်ခါမှမမြင်ဖူးတဲ့ အသင်းဖြစ်နည်းစနစ်ပိုင်းဆိုင်ရာမှာအသစ်အဆန်းဖြစ်နေပါတယ်။ Burnley ကို ၃–၀ အနိုင်ကနေ သူတို့ရဲ့ နည်းစနစ်ဆိုင်ရာ စည်းကမ်း, မူဟန်ရှိတယ် ဖ်ိအားပေးကစားပုံ နဲ့ တိုက်စစ်အကူးအပြောင်းတွေဘယ်လောက်ကောင်းခဲ့လဲဆိုတာမြင်နိုင်ပါတယ်။ Mohammed Kudus နဲ့ Richarlison တို့ရဲ့ အတွဲညီညီပေါင်းစည်းနိုင်မှု က စပါးအသင်းရဲ့ တိုက်စစ်ကို တစ်ဆင့်မြင်စေခဲ့တာပါ။Spurs ကတော့ 4-3-3 ကစားဟန် နဲ့ တန်ပြန်တိုက်စစ် ကစားဟန်အပေါ် အခြေခံပြီ ပွဲထွက်လာမှာဖြစ်ပါတယ်။ ကွင်းလယ် ကစားသမားသစ်Palhinha ရဲ့ ချိတ်ဆွဲ ကစားဟန်၊ Bentancur ရဲ့ ခံစစ်ပိုင်းအားသာမှုတို့ကို ပေါင်းစပ်ပြီး Double pivot အဖြစ် ထုတ်သုံးလာမယ်လို့ နီးစပ်တဲ့ သတင်းတွေအရသိရပါတယ်။ City ရဲ့ ဖိအားပေးကစားဟန် ကို ကိုင်တွယ်ဖို့ Kudus နဲ့ Richarlison တို့ရဲ့ intelligent positioning နဲ့ ခံစစ်တိုက်စစ်အကူးအပြောင်းတွေ လိုအပ်လာမှာပါ။ fullback တွေဖြစ်တဲ့ Porro နဲ့ Spende တို့က overlaps သုံးပြီး တိုက်စစ်နေရာလွတ်တွေရရှိစေဖို့ ကြိုးစားလာမှာဖြစ်ပါတယ်။
နှစ်သင်းလုံးအတွက် ကွင်းလယ်ပြိုင်ဆိုင်မှုက အဓိကစိတ်ဝင်စားစရာပါ။ အရမ်း Hotနေတဲ့ Reijnders ရဲ့ box-to-box ကစားနိုင်စွမ်းနဲ့ Palhinha ရဲ့ ခံစစ်ကာကွယ်နိုင်စွမ်းတို့ ထိပ်တိုက်တွေ့ကြမှာဖြစ်ပါတယ်။ Bentancur က deep-lying playmaker အနေနဲ့ City ရဲ့ တိုက်စစ်အကူအပြောင်းတွေကို ကြန့်ကြာအောင်လုပ်ဖို့ ပြင်ဆင်လာမှာပါ။ Transition game မှာ Kudus နဲ့ Richarlison က City နောက်တန်း ကို ချဲ့ထုတ်ပြီး, Haaland နဲ့ Silva အပါအဝင် တခြားကစားသမားတွေကို ဆောက်တည်ရာမရအောင် လုပ်နိုင်ပါတယ်။
ပေါက်ကွဲအားအခြေခံတဲ့ ဖိအားပေးစနစ်ဖြစ်တဲ့ မန်စီးတီးရဲ့ လက်နက်ကလည်း သတိထားစရာပါ။ City ရဲ့ high press ဟာ ပိုင်ဆိုင်မှုကို ပြန်လည်ရယူပြီး ချက်ချင်ထိုးစစ်ဆင်ဖို့အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။ တိုက်စစ်ပိုင်းဆိုင်ရာမှာလည်း Haaland ရဲ့ နေရာယူကောင်းမွန်ပုံ, Silva ရဲ့ လှုပ်ရှားမှုတွေနဲ့ Reijnders ရဲ့ ဖန်တီးနိုင်စွမ်းတို့က City အတွက် အတော်လေးအားကောင်းလာစေမှာဖြစ်ပါတယ်။
ပွဲရဲ့ အဓိကအလှည်ပြောင်းဖြစ်လာနိုင်တဲ့ City possession domination နဲ့ Spurs counter-attacking threat ကိုစောင့်ကြည့်ရမှာဖြစ်ပြီး, နည်းပြနှစ်ယောက် နည်းစနစ်ပိုင်း Chessထိုးကြမှာဖြစ်ပါတယ်။ City ရဲ့ အိမ်ကွင်းအားသာချက်နဲ့ နည်းစနစ်ပိုင်း ပိုင်နိုင်မှုတွေက Spurs ရဲ့ ခံစစ်ကို အကြီးကျယ်ဒုက္ခပေးနိုင်မှာပါ။ခန့်မှန်းရလဒ် အနေနဲ့, သရေဖြစ်နိုင်သလို,အနိုင်ဆိုရင်တော့ Cityဘက်မှာပဲရပ်ချင်ပါတယ်။ ဒီနေရာမှာ လုံးဝမမေ့ထားသင့်တဲ့အချက်က စပါးဟာ ဘယ်လောက် အခြေနေဆိုးဆိုး Cityကို ဒုက္ခပေးနေကြဆိုတာပါ။
