မန်ချက်စတာဒါဘီ… ပြိုင်ဘက်ကြီးနှစ်ခုရဲ့ ရင်ခုန်သံတွေက နောက်တစ်ကြိမ် စတင်လာပါပြီ။ အပြာရောင် နဲ့ အနီရောင်…စိန်ခေါ်သူ နဲ့ရုန်းကန်မယ့်သူ အရောင်ခွဲခြားထားတဲ့ အိမ်နီးချင်းတွေရဲ့ ထာဝရ ပြိုင်ဆိုင်မှုကြီးတစ်ခုပါ။ စက်တင်ဘာလ (၁၄) ရက် တနင်္ဂနွေနေ့မှာ ကမ္ဘာ့မျက်စိအားလုံးက Etihad အားကစားကွင်းကို လှည့်မျှော်ကြည့်ကြမှာပါ။ Manchester City က ဧည့်ခံကြိုဆိုမယ့် ပရီးမီးယားလိဂ်ရဲ့ ပထမဆုံး မန်ချက်စတာဒါဘီပွဲစဉ်ပါပဲ။အသင်းနှစ်သင်း အတွက်ပဲ မေးခွန်းတွေ၊ မရေရာမှုတွေ၊ ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ရာသီစတင်ချိန် စတုတ္ထအပတ်မှာ ဒီပွဲကြီးက ပိုပြီးစိတ်ဝင်စားဖို့ကောင်းလာစေပါတယ်။
၂၀၂၃ ရဲ့ Treble winners ဖြစ်ခဲ့တဲ့ Manchester City ဟာ စောစောစီးစီး ဖိအားတွေခံနေရပါတယ်။ Wolves ကို အနိုင်ရခဲ့တဲ့ ပထမပွဲစဉ်မှာ ပုံမှန်လုပ်ငန်းဆောင်တာလိုပဲ ခံစားရပေမယ့်… Tottenham ကို ရှုံးနိမ့်မှု၊ ပြီးတော့ Brighton ဆီက ရှုံးနိမ့်မှုဆိုပြီး အံ့အားသင့်စရာအရေးနှိမ့်ခဲ့ရတယ်။ Pep Guardiola ရဲ့ ဆက်တိုက်နှစ်ပွဲရှုံးတာကို ဘယ်တော့မှ ပေါ့ပေါ့ဆဆ မယူဆကြပါဘူး။ ရုတ်တရက် Etihad ဝန်းကျင်မှာ လွှမ်းမိုးမှုအကြောင်းမဟုတ်တော့ပဲ… ပြန်လည်ထူထောင်ရေးအကြောင်းတွေရောက်လာပါတော့တယ်။ City ဟာ ဆုတ်ယုတ်မှုကို ရပ်တန့်နိုင်မလား… ဒါမှမဟုတ် သူတို့ရဲ့ အိမ်နီးချင်းပြိုင်ဘက်ကပဲ အခွင့်ကောင်းယူသွားမလား စိတ်ဝင်စားစရာဖြစ်ပါတယ်။
မြို့တစ်ဖက်ခြမ်းက Manchester United ကလည်း ပြည့်စုံနေတာတော့မဟုတ်ပါဘူး။ သူတို့ရဲ့ ရာသီ စတင်မှုက ရှုပ်ထွေးလွန်းပါတယ်။ Arsenal ဆီက ရှုံးနိမ့်မှု၊ Fulham ကို အကြိတ်နယ်ကစားခဲ့ရမှု၊ Carabao Cup ကနေ Grimsby Town ဆီက ရှုံးနိမ့်ပြီး ရှုပ်ထွေးနေခဲ့တာပါ။ United ရဲ့ ကစားဟန်က လိဂ်ဇယားထဲမှာတော့ City ထက် ရမှတ်အသာစီးရနေပါသေးတယ်။ မန်ချက်စတာရဲ့ အနီရောင်ဘက်သားတွေအတွက်တော့ ဂုဏ်ယူစရာကောင်းတဲ့ အနိုင်တစ်ခုကို ရယူနိုင်မယ်လို့ စိတ်ကူးယဉ်အိပ်မက်မက်ဖို့ လုံလောက်ပါ့မလားဆိုတာတော့စောင့်ကြည့်ရပါမယ်။
ဒါပေမယ့် ဘောလုံးဆိုတာ ဇယားတွေ၊ ပုံစံဇယားတွေပေါ်မှာပဲ ကစားတာမဟုတ်ပါဘူး။ မြက်ခင်းပြင်ပေါ်မှာ ကစားတာပါ။ ဒါဘီပွဲကို ဒဏ်ရာတွေက ပုံဖော်ပေးလိမ့်မယ်။ နှစ်ဖက်မန်နေဂျာတွေလည်း သိထားကြတယ်… အဓိကကစားသမားတချို့မပါပဲနဲ့ အနိုင်မရရှိနိုင်ဘူးဆိုတာကိုပါ။ City အတွက်ကတော့ ဒီလူစာရင်းက အရေးကြီးလာမှာပါ။ Omar Marmoush က ဒူးဒဏ်ရာနဲ့ ကစားချိန်ရဦးမှာမဟုတ်သလိာ Rayan Cherki လည်း မပါဝင်နိုင်သေးပါဘူး.။ Mateo Kovacic က ခွဲစိတ်ကုသမှုကနေ ပြန်လည်နာလန်ထူနေဆဲဖြစ်ကာ John Stones ရဲ့ကြွက်သားပြဿနာကလည်း မန်စီးတီးကိုစောင့်ကြိုလျက်ရှိပါတယ်။ Josko Gvardiol, Abdukodir Khusanov, Savinho, Phil Foden တောင်မှ မသေချာသေးပဲ မေးခွန်းထုတ်စရာတွေပါ။ Guardiola ရဲ့ အသင်းဖွဲ့စည်းပုံမှာ မရေရာမှုတွေက ကွဲလွဲချက် ဖြစ်ပေါ်စေနိုင်ပါတယ်။ City လို အင်အားကောင်းတဲ့အသင်းအတွက်တောင် ဒီပွဲဟာ ဒဏ်ရာတွေက စိတ်ညစ်စရာပါပဲ။
တစ်ချိန်တည်းမှာပဲ United မှာလည်း သူတို့ရဲ့ ဒဏ်ရရာရ ကစားသမားများကြောင့် ခက်ခဲနေမှာပါ။ အထဓိကကစားသမားဖြစ်တဲ့ Mason Mount က Burnley ပွဲမှာ ဒဏ်ရာရပြီး ဒါဘီပွဲအတွက် မရေရာသေးဘူး။ Matheus Cunha ရဲ့ ပေါင်ခြံကြွက်သားပြဿနာကလည်း စိုးရိမ်စရာပါ။ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ Diogo Dalot ကလည်း ကြွက်သားပြဿနာနဲ့ ရုန်းကန်နေရဆဲဖြစ်ကာ Amroim ဟာ ဒီရာသီရဲ့ အကြီးမားဆုံးစိန်ခေါ်ပွဲအတွက် လိုက်လျောညီထွေပြင်ဆင်မှုတွေလုပ်ဖို့၊ ဒါမှမဟုတ် လူငယ်တွေကို ယုံကြည်ဖို့ ဖိအားပေးခံရမှာပါ။
ပြီးတော့ ဂိုးသမားတွေရဲ့ ယှဉ်ပြိုင်မှုလည်းရှိပါသေးတယ်။ City အတွက် ဆုံးဖြတ်ချက်တစ်ခု စောင့်ဆိုင်းနေပါတယ်။ James Trafford ဒါမှမဟုတ်အသစ်ခေါ်ယူထားတဲ့ Gianluigi Donnarumma.လာဆိုတာပါ။ မျှော်လင့်ချက်တွေ၊ ဖိအားတွေနဲ့ ရောက်ရှိလာတဲ့ စူပါစတားအီတာလျံ ဂိုးသမားကို နေရာစပေးမလားဆိုတာ Guardiola မှာ ရွေးချယ်စရာရှိနေပါတယ်.။ United အတွက်ကတော့ ပိုရှုပ်ထွေးပါတယ်… André Onana က Trabzonspor ကို အငှါးချလိုက်ပြီဖြစ်တာကြောင့် Altay Bayindir နဲ့ အသစ် ဝယ်ယူထားတဲ့ Senne Lammens ကြားက ရွေးချယ်ရမှာပါ။ ဂိုးပေါက်နှစ်ခုစလုံးမှာ မရေရာမှုတွေဖြစ်နေတဲ့ မန်ချက်စတာဒါဘီဖြစ်တာကြောင့် ဒါဟာ ရလဒ်ကို အမျိုးမျိုးပြောင်းလဲသွားနိုင်တဲ့ မြှူပ်ကွက်လဲဖြစ်သွားနိုင်ပါတယ်။
နည်းဗျူဟာအရ ကြည့်မယ်ဆိုရင် ကွင်းလယ်တန်းဟာ ဒီပွဲရဲ့ နှလုံးခုန်သံပါပဲ။ Kovacic မပါတဲ့ City ဟာ Rodri ကို ထပ်မံအားကိုးရပါတော့မယ်။ ဒါဟာ သူတို့ရဲ့ Pace ဂိမ်းရဲ့ အဓိက စည်းချက်ပါပဲ။.. ဒါပေမယ့် United က ကွင်းလယ်ကို high press မှာဝင်ကစားမယ်ဆိုရင် Bruno Fernandes က လိုင်းတွေကြားမှာ၊ Casemiro နဲ့အတူ မန်စီးတီးရဲ့ Rodri ကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါတယ်။ Bruno ဟာ United ရဲ့ အစားထိုးမရတဲ့ ပုဂ္ဂိုလ်ဖြစ်နေဆဲပါ။ အနီရောင်ခြမ်းရဲ့ အရာရာတိုင်းဟာ သူ့ဆီကနေ စီးဆင်းနေဆဲပါ။ Brunoသာ ကောင်းကောင်း ခြေစွမ်းပြနိုင်ခဲ့ရင် United မှာ အနိုင်ရဖို့အခွင့်အရေးရှိပါတယ်။ City က Brunoကို ကောင်းကောင်းထိန်းကစားနိုင်မယ်ဆိုရင်တော့ ချိန်ခွင်လျှာဟာ အပြာရောင်ဘက်ကို ယိမ်းညွှတ်သွားမှာပါ။စိတ်ပိုင်းဆိုင်ရာအရ ကတော့ နှစ်သင်းစလုံးအတွက်ဖိအားက အလွန်ကြီးမားလွန်းလှပါတယ်… City အတွက် ဆတတိယမြောက်လိဂ်ပွဲရှုံးနိမ့်မှုဟာ လိဂ်တစ်ခုလုံးကို တုန်လှုပ်စေမှာဖြစ်ပြီး ဆုတ်ယုတ်မှုဇာတ်လမ်းတွေကို မီးမောင်းထိုးပြနေမှာပါ။ United အတွက် Etihad မှာ အနိုင်ရနိုင်မှုက သူတို့ရဲ့ အားနည်းနေတဲ့ ယုံကြည်မှုကို ပြောင်းလဲပေးနိုင်ပြီး ဆိုးရွားတဲ့ရာသီစတင်မှုကိုခြေဖျက်နိုင်မှာပါ။ပရိသတ်တွေလည်း ဒါကိုသိကြပါတယ်.။
ဒီတော့ ဒီပွဲဟာ ဘယ်လိုဖြစ်သွားနိုင်သလဲ… United က သတိနဲ့ စတင်မယ်၊ City က ဒါကို ထိန်းချုပ်ဖို့ကြိုးစားမယ်.။ မန်ယူနိုက်တက်ရဲ့ စည်းချက်(Rhythm)ကို နှေးကွေးအောင်လုပ်မယ်… Guardiola ရဲ့ ကစားသမားတွေကတော့ Highline Attacks ကို သေချာပေါက်ကစားလာမှာဖြစ်ပြီး United ကို ဖိအားပေးကစားလာမှာပါ။ ဒါဘီပွဲတွေမှာ ဂိုးခန့်မှန်းချက်ရလဒ်တွေ မှန်းရတာ အန္တရာယ်များပါတယ်… ဒါပေမယ့် ချိန်ခွင်လျှာက City ဘက်ကို ယိမ်းနေဆဲပါပဲ… သူတို့ရဲ့ အရည်အသွေး… သူတို့ရဲ့ ကစားသမားအင်အား၊ Haalandရဲ့ ပေါက်ကွဲအားလုံးက အပြည့်အဝမဟုတ်ရင်တောင်မှအားသာချက်တစ်ခုအဖြစ်ရှိနေဆဲပါ။ ဒါပေမယ့် United ဘက်မှာယုံကြည်မှုရှိနေဆဲပါ။.ဘာကြောင့်လဲဆိုတော့ ဒါဘီဆိုတာ ကစားမယ့်ပုံစံသက်သက်အတွက်မဟုတ်ဘဲ ကာလတိုအခိုက်အတန့်တွေအတွက် ကစားတဲ့ပွဲဖြစ်လို့ပါ… Fernandes ရဲ့ ပေးပို့မှုတစ်ကြိမ်… Mbeumoရဲ့ ကောင်တာတိုက်စစ်တစ်ကြိမ်.က City ရဲ့ ခံစစ်ကို ပြောင်းပြန်လှန်ပေးနိုင်ပါတယ်…
တနင်္ဂနွေနေ့မှာ… ကမ္ဘာ့ပေါ် က ဘောလုံးအသိုင်းဝိုင်းမျက်စိတွေက မန်ချက်စတာရဲ့ ထီးနန်းစိုးမိုးသူနှစ်ဦး ယှဉ်ပြိုင်ကြမှာကို မြင်တွေ့ရမှာပါ… ဒဏ်ရာရနေပေမယ့် မကျိုးပဲ့သေးတဲ့စိတ်ဓာတ်တွေ၊ ချို့ယွင်းချက်တွေရှိပေမယ့် ပြင်းထန်တဲ့ဖိအားတွေက..မန်ချက်စတာရဲ့ကောင်းကင်ကို သတ်မှတ်ပေးသွားပါလိမ့်မယ်ဆိုတာပြောကြားရင်းးး