ပရီးမီးယားလိဂ်ရဲ့ စိတ်ဝင်စားဖွယ် ပွဲစဉ်ကြီးထဲက တစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးနဲ့ ဝက်စ်ဟမ်း ကစားပွဲကို ကြည့်ရှုခဲ့ကြရပါပြီ။ ဒီနေ့ ချယ်လ်ဆီးဟာဝက်စ်ဟမ်းကို ၅-၁ ဂိုး ဆိုတဲ့ ရလဒ် နဲ့ချေမှုန်းလိုက်ပါတယ်။ ဒါပေမယ့် ဒီပွဲဟာ ရိုးရိုးဂိုးသွင်းယူပြီး အနိုင်ရတဲ့ ပွဲမျိုးမဟုတ်ပါဘူး။ နည်းဗျူဟာအရ ပြင်ဆင်မှု၊ ပြောင်းလဲနိုင်စွမ်းနဲ့ လူငယ်တွေရဲ့ စွမ်းပကားကို အပြည့်အဝ အသုံးချနိုင်တဲ့ စွမ်းဆောင်မှုတစ်ခုပါပဲ။ ပွဲစကနဦးမှာတော့ ဝက်စ်ဟမ်းကပဲ အားလုံးကို အံ့အားသင့်စေခဲ့တယ်။ ဝက်ဟမ်းဘက်က Paqueta က အဖွင့်ဂိုးစသွင်း ပါတယ်။ ဒီဂိုးဟာ ထောင့်ဖြတ်ကန်သွင်းသွားတာဖြစ်ပြီး ချဲလ်ဆီး ဂိုးသမား Robert Sanchez ရဲ့ ဖြစ်သလို ကာကွယ်ပုံနဲ့တွက်ဆထားမှုဟာ အားနည်းလွန်းတယ်လို့ ဝေဖန်ချင်ပါတယ်။ဒါဟာ ချယ်လ်ဆီးအတွက် ပွဲအတွင်းကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးမှာ အင်ဇိုမားရက်စကာ (Enzo Maresca) ရဲ့ ဦးဆောင်မှု့အောက်မှာ စိတ်ဓာတ်မကျဘဲ ချက်ချင်းပဲ နည်းဗျူဟာပိုင်းကို ချိန်ညှိလိုက်ပါတယ်။ စာရွက်ပေါ် က၄-၂-၃-၁ ကစားကွက်ကနေ ၄-၃-၃ ပြောင်းပြီး ဘောလုံးကို ပိုင်ဆိုင်ဖို့၊ တောင်ပံကနေ တိုက်စစ်ဆင်ဖို့ ဒီဇိုင်းချခဲ့ပါတယ်။ကူကူရယ်လာ(Cucurella)နဲ့ ဂျူစ်တို (Gusto) တို့လို တောင်ပံကစားသမားတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြေးလွှားကစားခိုင်းစေခဲ့ပြီး ဝက်စ်ဟမ်းရဲ့ Low Block ၃-၄-၂-၁ ကစားကွက်ကို ဖြေရှင်းဖို့ ကြိုးစားခဲ့ကြပါတယ်။ ချဲလ်ဆီးအနေနဲ့ ဂိုးတစ်လုံးပေးခဲ့ရတာကို လုံးဝ မမှုခဲ့ပါဘူး။ ချဲလ်ဆီးရဲ့ပွဲကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ အဓိကနည်းစနစ်က ကွင်းလယ်တန်းရဲ့ ဉာဏ်ရည်မြင့်မားတဲ့ ရွေ့လျားမှုတွေပါပဲ။ ဖာနန်ဒက်စ် (Fernández) နဲ့ ပါမား(Palmer)နေရာ အစားထိုးဝင်ကစားတဲ့ ပက်ဒိရို (Pedro )တို့ဟာ ဘောလုံးလက်ခံဖို့ အနောက်ထိဆင်းကစားပြီး ‘ (Half-Spaces) တွေမှာ အပိုင်လှုပ်ရှားနိုင်ခဲ့ပါတယ်။ နောက်ပြီး အဓိကချီးကျူးချင်တာက ကူကူရယ်လာ (Cucurella )ပါ။ သူရဲ့ နေရာစုံရွေ့လျားမှုတွေဟာ ဝက်ဟမ်းရဲ့ ကစားကွက်ကို တစ်စစီဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဘယ်လိုကစားမလဲဆိုတာကို ခန့်မှန်းလို့မရအောင်ထိ ဖြစ်စေခဲ့ပါတယ်။ ကူကူရယ်လာ(Cucurella) ဟာ ကွင်းလယ်ဗဟိုနဲ့ တောင်ပံကြားက ချိတ်ဆက်မှုကို ကောင်းကောင်းလုပ်ဆောင်ပေးနိုင်ခဲ့တယ်။ ဒီပွဲရဲ့ ထူးခြားချက်က တည်ကန်ဘောတွေကနေ ဂိုးတွေအများကြီးရခဲ့တာပါပဲ။ ချဲလ်ဆီးအသင်း ဝက်စ်ဟမ်းကို သွင်းယူခဲ့တဲ့ ၅ ဂိုးမှာ ၃ ဂိုးက ထောင့်ကန်ဘောတွေကနေ မြစ်ဖျားခံခဲ့တာ တွေ့ရပါတယ်။ ထောင့်ကန်ဘော ကန်တင်တဲ့အချိန်မှာ ချဲလ်ဆီးဟာ ဂိုးပေါက်ရဲ့အနီးတိုင်ကို ကန်တင်ပေးတဲ့ နည်းစနစ်ကို အသုံးပြုခဲ့တာတွေ့ရပြီး ဒီဘက်နှစ်တွေမှာ EPL ရဲ့ set-piece king ဖြစ်နေတဲ့ အာဆင်နယ်ကတော့ ဂိုးပေါက်ရဲ့ အဝေးတိုင်ဘက်ကိုကန်တင်တဲ့ နည်းစနစ်ကို အသုံးပြုနေတာဖြစ်ပါတယ်။ ချယ်လ်ဆီးဟာ (Corner) နဲ့(Free-kick) တွေကို အကျိုးရှိရှိအသုံးချပြီး ဝက်ဟမ်းရဲ့ ညံ့ဖျင်းတဲ့ (Poor Marking) နဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ နှေးကွေးမှုတွေကို အပြည့်အဝ အသုံးချခဲ့တယ်။ ပီဒရို (Pedro)၊ နီတို (Neto)၊ ကိုင်ဆီဒို (Caicedo)၊ ချလိုဘာ (Chalobah) တို့အားလုံးဟာ ဂိုးတွေသွင်းယူနိုင်ခဲ့ကြပါတယ်။ ဒါဟာ ချယ်လ်ဆီးရဲ့ လေ့ကျင့်မှု၊ စနစ်တကျ ပြင်ဆင်မှုရဲ့ ရလဒ်ပါပဲ။ဒီပွဲမှာ ချယ်လ်ဆီးရဲ့ အနာဂတ်အိပ်မက်တွေကိုလည်း မြင်တွေ့ခဲ့ရတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်တဲ့ အစ်စတီဗောင်း (Estevao) ဟာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ချက်ချင်းပဲ ပွဲကို သက်ရောက်မှုရှိစေခဲ့တယ်။ သူရဲ့ တိကျမှန်ကန်တဲ့ တောင်ပံတစ်လျှောက်ပြေးလွှားကစားဟန်တွေ၊ ဘောလုံးထိန်းချုပ်မှုတွေက ဝက်စ်ဟမ်းခံစစ်ကို ဒုက္ခပေးခဲ့တယ်။ ဂိုးတစ်ဂိုးကို ဖန်တီး ပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ အသက်အငယ်ဆုံး ဂိုးထောက်ပံပေးနိုင်တဲ့ ချယ်လ်ဆီးကစားသမားတစ်ယောက် ဖြစ်လာခဲ့တယ်။ ချဲလ်ဆီးအသင်းရဲ့သမိုင်းတလျောက် ဂိုးဖန်တီးမှုပြုလုပ်နိုင်ပြီး Man of the Match ဆုကိုရရှိခဲ့တဲ့ Youngest Player အဖြစ် စံချိန်ရေးထိုးနိုင်ခဲ့တာပါ။ ဒါဟာ သူ့အတွက်ရော ကလပ်အတွက်ပါ ကြီးမားတဲ့ အနာဂတ်အတွက်စိတ်လှုပ်ရှားဖွယ်ရာ အရာတစ်ခုပါပဲ။ ဒါ့အပြင် အခြားသော ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကလည်း သိသိသာသာကောင်းမွန်ခဲ့တယ်။ ချယ်လ်ဆီးမှာ ဂိုးသွင်းနိုင်မယ့် နေရာအစုံကစားသမားတွေ ရှိနေကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း တစ်ချိန်က အရမ်းကောင်းခဲ့တဲ့ ဝက်စ်ဟမ်းအတွက်တော့ ကြည့်ရတာ ဝမ်းနည်းစရာပါပဲ။ သူတို့ရဲ့ Low Block ၅-၄-၁ ကစားကွက်ဟာ ချယ်လ်ဆီးရဲ့ ရွေ့လျားမှုမြန်ဆန်ပြီး ပြောင်းလွယ်တဲ့ တိုက်စစ်ကို ခံနိုင်ရည်မရှိခဲ့ဘူး။ ဝက်စ်ဟမ်းအနေနဲ့ သူတို့ရဲ့ ခံနိုင်ရည် (Resilience)၊ ကစားကွက်ပိုင်းဆိုင်ရာ (Structure) နဲ့ ကစားသမားရွေးချယ်မှု (Recruitment) အပေါ် မေးခွန်းထုတ်စရာတွေ ကျန်ရစ်ခဲ့ပါတယ်။
ဒါကြောင့် ဒီပွဲဟာ ချဲလ်ဆီးအတွက်ရိုးရိုးအနိုင်ပွဲတစ်ပွဲထက် ပိုပါတယ်။ ဒါဟာ နည်းဗျူဟာအရ လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်စွမ်း၊ လူငယ်တွေကို ပေါင်းစပ်အသုံးချနိုင်စွမ်းနဲ့ ဂိုးသွင်းရမယ့်အချိန်မှာ ညာတာမှုမရှိဂိုးသွင်းယူနိုင်စွမ်းတို့ရဲ့ ပြယုပ်ပါပဲ။မန်နေဂျာ အင်ဇိုမားရက်စကာရဲ့ ဦးဆောင်မှုအောက်မှာ ဒီအသင်းဟာ ကိုယ်ပိုင် လက္ခဏာတစ်ခုကို တည်ဆောက်နေပြီဖြစ်ပြီး ထိပ်ဆုံးအဆင့် ယှဉ်ပြိုင်မှုတွေအတွက် အဆင်သင့်ဖြစ်နေကြောင်း ဒီစွမ်းဆောင်ရည်တွေက သက်သေပြနိုင်ခဲ့ပါတယ်။ ဒီ Videoဟာ ချယ်လ်ဆီးရဲ့ ၅-၁ နိုင်ပွဲအပေါ် နည်းဗျူဟာခွဲခြမ်းစိတ်ဖြာသုံးသပ်ချက်ဖြစ်ပါတယ်။ နောက်လာမယ့် ပွဲစဉ်တွေအတွက် ဘာတွေ မျှော်လင့်ရမလဲဆိုတာ သိရဖို့ ကျွန်တော်တို့ရဲ့ Page ကို လုပ်ဖို့ Follow လုပ်ဖို့ တိုက်တွန်းပါရစေ။ အားလုံးကိုကျေးဇူးတင်ပါတယ်။